• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ကန်ပက်လက်စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာအခက်အခဲနှင့် ကြုံနေရ

ကန်ပက်လက်စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာအခက်အခဲနှင့် ကြုံနေရ

0
By Editor on August 10, 2021 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ တစ်ထောင်ဝန်းကျင် ခိုလုံကြရသော စစ်ဘေးရှောင်စခန်းတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် စားနပ်ရိက္ခာ အခက်အခဲကြုံနေကြရသည်ဟု ကန်ပက်လက်မြို့နယ် စစ်ဘေးရှောင်ကူညီရေး အဖွဲ့များထံမှ သိရသည်။

“လူဦးရေအားဖြင့် ၁၀၀၀ ဝန်းကျင်ရှိတယ်၊ အခု သူတို့စားဖို့ သောက်ဖို့ အရမ်းခက်ခဲနေတယ်၊ သူတို့ကို လက်ခံပေးတဲ့ရွာတွေက သူတို့အိမ်ကနေပြီး ဆန်တွေ ခွဲပေးတယ်၊ ပြီးတော့ ကျင်တွေးလမ်းက ရွာသားတွေက လောလောဆယ် အဝင်/အထွက်ပိတ်တော့ တအားခက်တယ်၊ အခုက မိုးတွင်းလည်းဖြစ်တော့ လမ်းတွေ အရမ်းဆိုးတယ်၊ အခုလောလောဆယ် ဝိတိုရိယလမ်းကနေပဲ သွားလို့ပဲရတော့ ဟိုအရောက်ဆိုရင် ဆန်တအိတ်ကို ပိုက်ဆံနဲ့ ၁ သိန်းကျော်ကျော်လောက်ကို တန်ဖိုးရှိသွားတယ်၊ သယ်ယူရေးက တော်တော်လေးခက်တယ်၊ စစ်ဘေးရှောင်တွေတွက်က ရိက္ခာက ခက်ခဲတာထက် တော်တော်လေးကို ခက်ခဲတဲ့အနေအထားပါ၊ ဆေးဝါးတွေ၊ စောင်တွေလည်း အလုံအလောက်မရှိကြဘူး တအားကို အဆင်မပြေကြတာ” ဟု ကန်ပက်လက်မြို့နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Mindat/Kanpetlet ပူးပေါင်းတပ်ဖွဲ့တို့သည် ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်းက ကန်ပက်လက်မြို့နယ် ခါနန်းအုပ်စု၊ ခါးနန်းကျေးရွာတွင် နှစ်ဘက် အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားမှုကြောင့် အနီးအနားရှိ ကျေးရွား ၁၀ ရွာရှိ ပြည်သူများ စစ်ဘေးတိမ်းရှောင်ကြရခြင်းဖြစ်သည်။

ကန်ပက်လက်မြို့နယ် စစ်ဘေးရှောင်ပြည်သူများ ခိုလှုံသော ကျေးရွာများသည် ကန်ပက်လက်မြို့နှင့် မိုင် ၄၀ ကျော်ကွာဝေးပြီး ဇူလိုင်လပိုင်းက ဖြစ်ပွားသောတိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်လာသူများ ခိုလှုံနိုင်ရန်အတွက် ကျေးရွာ ရပ်မိ/ရပ်ဖ ဘာသာရေးအဖွဲ့အစည်းများက လက်ခံဖွင့်လှစ်ပေးသော စစ်ဘေးရှောင်စခန်းဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်နေ့ ည ၉ နာရီကလည်း စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှုတွေကြောင့် မြို့မ (၂) ရပ်ကွက် နှစ်ခြင်းဘုရားကျောင်းနှင့် လူနေအိမ်တစ်ချို့ ပျက်စီးသည့်အပြင် ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်မှုတွေလည်းရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.