• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ကန်ပက်လက်တွင် စစ်ကောင်စီမှ ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးနေ

ကန်ပက်လက်တွင် စစ်ကောင်စီမှ ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးနေ

0
By Editor on August 16, 2021 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့တွင် ယမန်နေ့ သြဂုတ်လ ၁၅ ရက်နေ့၌ စစ်ကောင်စီတပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေးအကြောင်းပြပြီး သေနတ်များပစ်ဖောက်ခဲ့သည့်အပြင် ကန်ပက်လက်မြို့မှ ပြည်သူနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကာ လက်ရှိအချိန်အထိ ပြန်မလွတ်ပေးသေးကြောင်း သိရသည်။

“မနေ့က မြို့ထဲက ၂ ယောက် အဖမ်းခံရတယ်၊ မြို့ပတ်လမ်းဖက်က ကားလမ်းဆိုင်ကယ်နဲ့ သွားလာနေတဲ့သူတွေဆိုတော့ အိမ်ကဘယ်မှာဆိုတာမသိရဘူး၊ အခုထိပြန်မလွတ်သေးဘူး၊ မနေ့က ရွာထဲကသူတွေလည်းပါသွားတယ်၊ အရင်နေ့တွေကလည်း ၁ဝ ယောက်ကျော်ပါတယ်။ ဘာကြောင့်ဖမ်းတာလဲဆိုတာကို မသိရတာ၊ လမ်းမှာတွေ့ရင် တွေ့သလိုဖမ်းသွားကြတာ၊ အကြောင်းမဲ့ကို။ အခု သူတို့ကို ရဲစခန်းမှာပဲထားတယ်” ဟု ကန်ပက်လက်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ယင်းနေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်ခန့်ကလည်း ကန့်သာရုံကျေးရွာအနီးတွင် အကြောင်းမဲ့ပစ်ခတ်ခဲ့ခြင်းကြောင့် နေအိမ်ထဲတွင်ရှိနေသော အသက် ၂ နှစ်အရွယ် ကလေးတစ်ဦးနှင့် ဖခင်ကို ကျည်ဆံထိမှန်ခဲ့ပြီး ဒဏ်ရာပြင်းထန်သောကြောင့် လက်ရှိတွင် မကွေးမြို့၊ ပြည်သူ့ဆေးရုံတွင် ဆေးကုမှုခံယူနေရသည်ဟုလည်း သိရသည်။

ထို့အပြင် ကန်ပက်လက်မြို့ အနောက်ရပ်ကွက်ရှိ မသန်စွမ်းသူတစ်ဦး၏ နေအိမ်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဝင််ရောက်ရှာဖွေပြီး ပစ္စည်းများကို ဖျက်ဆီးယူဆောင်ခဲ့သည့်အပြင် နေမကောင်း၍ အိပ်ယာထဲလဲနေသော အပြစ်မဲ့ပြည်သူတစ်ဦးကိုလည်း ရိုက်နှက်ကာ ငွေ ၃ သိန်း၊ ဆိုင်ကယ် ၁ စီး၊ ဖုန်း ၂ လုံးနှင့် အခြားပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်နေ့ညတွင်လည်း ကန်ပက်လက်မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သောကြောင့် လူနေအိမ်များနှင့် မြို့မနှစ်ခြင်းဘုရားကျောင်း အဆောက်အအုံပျက်စီးမှုများ ရှိခဲဲ့သည်။

ယနေ့တွင် ကန်ပက်လက်မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်မှုများမရှိသော်လည်း မြို့တွင်း နေရာ ၃ နေရာ၌ ပြည်သူများ၏ ဖုန်းများကို စစ်ဆေးနေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများ ကူညီထောက်ပံမှုများလိုအပ်နေ

မိုခါမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများအတွက် KIO က ကျပ်သိန်း ၂၀၀၀ လှူဒါန်း

ချင်းပြည်နယ်တွင် ကျောင်းပေါင်း ၃၀၀ ကျော်ဖွင့်လှစ်ပြီး ကျောင်းတက်သူဦးရေ ၃၅၀၀၀ ကျော်ရှိ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.