(002MG)
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့ပေါ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ်အပါအဝင် အစိုးရအဆောက်အဦး (၂၀) ခန့် ပျက်စီးထိခိုက်ပျက် စီးသွားသည်ဟု ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဧပြီလ (၂) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ဧပြီလ (၂) ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ကန်ပက်လက်မြို့အတွင်းရှိ ပြည်သူ့နေအိမ် (၅) လုံး၊ အစိုးရအဆောက်အဦးများဖြစ်သည့် ထွေအုပ်ရုံး (၈) လုံး၊ ခေါ်နူးစုမ်ရိပ်သာ (၁) လုံး၊ ကျေးလက်ဦးစီးမှူးရုံး (၂) လုံး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး (၁) လုံး၊ မြို့နယ် (စစစ) ရုံး (၁) လုံး၊ မြို့နယ်စီမံကိန်းရုံး (၂) လုံး စုစုပေါင်း (၂၀) လုံး ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဂျက်ဖိုက်တာ ဗုံးကြဲမှုတွင် ပြည်သူထိခိုက်မှု အနည်းငယ်ရှိခဲ့သောကြောင့် ကန်ပက်လက်မြို့နယ်၊ မြို့ပေါ် ရပ်ကွက်နေ ပြည်သူများအနေဖြင့် လေကြောင်းရန် အထူးဂရုပြုနေထိုင်ကြပါရန် အသိပေးဖော်ပြထားသည်။
စစ်ကောင်စီသည် ကန်ပက်လက်မြို့အပြင် မင်းတပ်မြို့ပေါ်တနေရာကိုလည်း ဧပြီလ (၂) ရက် ယနေ့မွန်းလွဲပိုင်း ၁ နာ ရီခွဲခန့်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀) ဗုံး နှစ်လုံးဖြင့် နှစ်ကြိမ် ဝဲပျံကာ တိုက်ခိုက်မှု ပြုလုပ်ခဲ့ သောကြောင့် အဆောက်အဦး (၅) လုံးအကြီးအကျယ်ပျက်စီးကာ အဆောက်အဦး (၅) လုံးမှာ အနည်းငယ် ပျက်စီးမှုရှိခဲ့သည်။
၎င်းအပြင် ဧပြီလ (၁) ရက်နေ့တွင်လည်း မင်းတပ်မြို့ပေါ်တွင် ပေါင် (၅၀၀) ဗုံး နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် (၃) လုံးထိခိုက်ပျက်စီးခဲ့ရသည်။