• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ကန်ပက်လက်မြို့တွင်းပစ်ခတ်မှု စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

ကန်ပက်လက်မြို့တွင်းပစ်ခတ်မှု စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

0
By Editor on December 8, 2021 Headline

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၇ ရက် နံနက်ပိုင်းကဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ပြီး တစ်ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု CDF-Kanpetlet ကထုတ်ပြန်သည်။

ကန်ပက်လက်မြို့ မြို့မရဲစခန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် မြို့တွင်းစစ်ကြောင်းထိုးလာသောကြောင့် CDF-Kanpetlet နှင့် နံနက်ပိုင်း ၇ နာရီခွဲမှ ၈ နာရီခွဲအထိ တစ်နာရီခန့်ကြာပစ်ခတ်တိုက်ခိုက်မှုဖြစ်ဖွားခဲ့ခြင်းဖြစ်သည်ဟု CDF- ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူကပြောသည်။

“မနေ့က မနက်ပိုင်းမှာ မြို့တွင်းမှာ ကင်းပုန်းတွေချထားတာပေါ့။ အဲ့နေရာကို စကစတွေဖက်ကနေပြီးမှ စစ်ကြောင်းထိုးလာတော့ ကျွန်တော်တို့ထား ထားတဲ့သူ တွေနဲ့ တိုက်ပွဲဖြစ်တာ၊ နာရီ တစ်ချက်လောက်ပဲကြာပြီးတော့မှ သူတို့ဖက်ကြ ပန်ဆုတ်သွားလို့ငြိမ်သွားတယ်။ ၂ ယောက်ကတော့ ကျတယ် အတည်ပြုလို့ရတယ် တစ်ယောက်လည်း ဒဏ်ရာရတယ်။ ကျွန်တော်တို့ဖက်တော့ ဘာမှ အထိ အခိုက်ဘာမှ မရှိဘူး” ဟု CDF- ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူကပြောသည်။

ကန်ပက်လက်မြို့တွင် စစ်ကောင်စီတပ်နှင့် CDF-Kanpetlet တပ်ဖွဲ့တို့သည် နိုဝင်ဘာလကုန်ပိုင်းကစ၍ နေ့တိုင်းနီးပါး မြို့တွင်းပစ်ခတ်မှုရှိလာခဲ့သည်။

နိုဝင်ဘာလ ၂၈ ရက်နေ့မြို့တွင်းပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ပြီး ဒီဇင်ဘာ ၃ ရက်နှင့် ၄ ရက်နေ့ကလည်း ကန်ပက်လက်မြို့ အ.ထ.က ကျောင်းဝင်းအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်ကို CDF-Kanpetlet က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံးခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်ဖက်ကို စကစက လေကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေ

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.