• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ကန်ပက်လက်မြို့တွင်း တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိ

ကန်ပက်လက်မြို့တွင်း တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိ

0
By Editor on February 1, 2022 Headline

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ဇန်နဝါရီလ ၃၁ ရက်နေ့ မနက် ၆ နာရီခွဲအချိန်ကစ၍ စစ်ကောင်စီတပ်နှင့် CDF- Kan petlet တို့တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်အတွင်းမှ ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၂ ဦး လည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု ကန်ပက်လက်မြို့ခံတစ်ဦးက ပြောသည်။

“သူ့ သူငယ်ချင်းအိမ်မှာဖြစ်တာ ဒီမနက် လက်နက်ကြီးကျပြီးတော့မှ၊ သွားအိပ်တဲ့အိမ်က ၂ ထပ်အိမ် အပေါ်ထပ်မှာ အိပ်ကြတာ ဖြစ်ချင်တော့ သူအိပ်နေတုန်းမှာပဲ ဖြစ်တာဆိုတော့ သူမသိ လိုက်ဘူးထင်တယ်။ ဒီနေ့ ၃ နာရီ သဂြိုလ်ဖို့တော့ လုပ်ထားတယ်။ ပြီးတော့ အိမ်ရှင်အစ်မတယောက်နဲ့ တခြားရပ်ကွက်က ကလေးအမေလည်း ထိတယ်။ နည်းနည်းတော့ ဒဏ်ရာတော့များတယ် အသက်အန္တာရာယ်ထိတော့ မဖြစ်ဘူး သူတို့က လက်နဲ့ပေါင်နဲ့ထိတယ်” ဟု ကန်ပက်လက် မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးသူ အမျိုးသားမှာ ကန်ပက်လက်မြို့၊ အမှတ် ၂ ရပ်ကွက်တွင်နေထိုင်သူ အသက် ၃၀ နှစ်အရွယ် ကိုမင်းရန်အောင်ဖြစ်ကြောင်းသိရသည်။

CDF-Kanpetlet တပ်ဖွဲ့သည် ယမန်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော ရန်အောင်စေတီ၊ မြို့နယ်ပညာရေးမှုးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှုးရုံးတို့ကို သွားရောက်ပစ်ခတ်ခဲ့ရာ တစ်နာရီခွဲကျော်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်ဟု CDF-Kanpetlet ကထုတ်ပြန်သည်။

အဆိုပါပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ပြီး CDF- Kanpetlet က အထိအခိုက်မရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ခမ်းပတ်မြို့အရှေ့ဘက်မှာ ကင်းစောင့်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ၄ ဦးသတ်ဖြတ်

ကလေးမြို့မှာ MPT/Atom ဖုန်းလိုင်းများ ဖြတ်တောက် အူရီဒူးတလိုင်းသာရရှိ

ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ရေး ညီလာခံကို အားကောင်းသည့် ချင်းကာကွယ်ရေး (၄) ဖွဲ့က တက်ရောက်မည်မဟုတ်ဟု ကြေညာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
December 6, 2023

တောင်ဇလပ်မြေပေါ်က စစ်အာဏာရှင်ကို တွန်းလှန်နေကြသော ရဲမေများ………

December 5, 2023

“မြန်မာပြည်မှာ ဒီလောက်ဖြစ်ပျက်နေတဲ့ စစ်ရဲ့အဓိဌာန်ရုံတွေကို ကမ္ဘာက သိပ်မသိဘူး၊  အဲ့ဒါကြောင့် ဒီဟာကို ကျွန်တော်က ကမ္ဘာကို တင်ပြခြင်းဖြစ်တယ်”

November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.