ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ယနေ့ဇန်နဝါရီလ ၈ ရက်နေ့က အ.ထ.က စာသင်ကျောင်း၌ တပ်စွဲ ထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် အချင်းချင်းစကားများပြီး အပြန်အလှန်ပစ်ခတ်ကြရာတွင် တပ်ရင်းမှူး ဗိုလ်ကြီးအပါအဝင် တပ်သား ၄ ဦး သေဆုံးသွားကြောင်း သိရသည်။
“အတွင်းသတင်းအနေနဲ့ ကြားရတာတော့ တပ်တပ်ကြီးတပ်တစ်ဦးကနေပြီးမှ တပ်သား တစ် ယောက်နဲ့ ဆေးဗိုလ်ကြီးတယောက်နဲ့ တပ်ရင်းမှုးကို သူတို့စကားများရင်းနဲ့ ပစ်သတ်တာလို့ သိရတယ်” ဟု CDF-Kanpetlet ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။
ကန်ပက်လက်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စာသင်ကျောင်း၊ စီးပွားရေးဘဏ်၊ မြို့နယ်အုပ်ချုပ် ရေးရုံး၊ မြို့နယ် NLD ရုံးတို့တွင် တပ်စွဲထားသည်ဟု သိရပြီး စစ်အင်အားလည်း တိုးချဲ့ထားသည်ဟု သိရသည်။