Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်

ကန်ပက်လက်မြို့နယ်ထဲကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်

0
By Editor on September 11, 2025 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ ခါပန်းကျေးရွာကို စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံးများ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားသည်ဟု CDF – ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စက်တင်ဘာလ ၁၀ ရက် ည ၁၂ နာရီခန့်က ကန်ပက်လက်မြို့နယ်၊ တိုက်နယ်အမှတ် – ၅ ထဲက ခါပန်းကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံး၊ ၂ လုံးကို အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ပြည်သူတွေကို အကြောက်တရားတွေ ရှိလာအောင် ပစ်မှတ်ထားပြီးမှ တိုက်ခိုက်တာလည်း ဖြစ်နိုင်သလို ရဲဘော်တွေ ရှိနေတယ် ထင်ပြီးမှ တိုက်ခိုက်တာလည်း ဖြစ်နိုင်ပါတယ်။ အဓိကက ပြည်သူတွေကို အကြောက်တရားဝင်အောင် လေကြောင်းကနေ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု လုပ်နေတာလို့ ပြောချင်ပါတယ်” ဟု CDF – ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူက ပီတာသန်းရွှေက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းဆောင် ၂ ဆောင် ထိခိုက်ပျက်စီးသွားပြီး ဒေသခံပြည်သူ ၁ ဦးလည်း လက်မှာ မစိုးရိမ်ရ ဒဏ်ရ ရရှိသည်ဟု သိရသည်။

စစ်ကော်မရှင်သည် ကန်ပက်လက်မြို့ကို လက်လွတ်ဆုံးရှုံးရပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်သော ကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုတချို့ ရှိခဲ့ပြီး အစိုးရအခြေခံအဆောက်အဦးများ၊ လူနေအိမ်များ ထိခိုက်ပျက်စီးမှုများ ရှိသည်။

မကွေးတိုင်း၊ ယောဒေသအစပ်မှာ ရှိသည် ကန်ပက်လက်မြို့နယ်တစ်ခုလုံးကို ၂၀၂၄ ဒီဇင်ဘာလအတွင်းက CDF – ကန်ပက်လက်က စစ်ကောင်စီတပ်ထံမှ သိမ်းပိုက်ထိန်းချုပ်ပြီးနောက် မြို့အုပ်ချုပ်ရေးယန္တရာများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်များသည် ချင်း- မကွေးစပ်၊ ယောဒေသတွင် စစ်ရေးပြင်ဆင်စုဖွဲ့မှုများ လုပ်ဆောင်နေသောကြောင့် CDF – ကန်ပက်လက်သည်လည်း ကျည် ၂ သောင်း ကမ်ပိန်းကို စက်တင်ဘာလ ၈ ရက်မှစတင်၍ နိုဝင်ဘာလ ၈ ရက်အထိ သတ်မှတ် လုပ်ဆောင်လျက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့်အစီစဉ်ကို MZP နှင့် ZORO က ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ

စစ်ကော်မရှင်ခန့် ချင်းဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ စစ်အရာရှိကြီးများ၊ ဌာနအရာရှိများအပါအဝင် ကုမ္ပဏီအဖွဲ့အစည်းနှင့် လူ ၅၀၀ ကျော်ကို ခြစားသူများအဖြစ် အထူးပစ်မှတ်ထား အရေးယူတော့မည်ဟု CDF – ဟားခါးကြေညာ

ဖလမ်းမြို့နယ်ထဲ လေကြောင်းတိုက်ခိုက်ခံရမှု ဘုရားကျောင်းနှင့် နေအိမ်တချို့ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.