Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကန်ပက်လက်မှာ ၆၅ နှစ်ရွယ်အဖိုးအိုတစ်ဦးကို စစ်ကောင်စီက ပစ်သတ်၊ နောက်ထပ်သက်ကြီးရွယ်အို ၂ ဦး ပျောက်ဆုံးနေ
ပုံစာ - တိုက်ပွဲကြောင့် တောထဲ ထွက်ပြေးတိမ်းရှောင်ကြသော ကန်ပက်လက်ဒေသခံများ

ကန်ပက်လက်မှာ ၆၅ နှစ်ရွယ်အဖိုးအိုတစ်ဦးကို စစ်ကောင်စီက ပစ်သတ်၊ နောက်ထပ်သက်ကြီးရွယ်အို ၂ ဦး ပျောက်ဆုံးနေ

0
By Editor on April 5, 2024 Headline

(006SV)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ဖျန်ချောင်းကျေးရွာတွင် စစ်ကောင်စီက ဒေသခံ သက်ကြီးရွယ်အိုတစ်ဦးကို ပစ်သတ်လိုက်ပြီး နောက်ထပ် သက်ကြီးရွယ်အို ၂ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကန်ပက်လက်မြို့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းရရှိသည်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေရာ ရဟတ်ယာဉ်များဖြင့် လွန်ခဲ့သော တစ်ပတ်ခန့်က တောတွင်းတစ်နေရာမှာ ချခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧပြီ ၄ ရက်တွင် ဖျန်ချောင်းကျေးရွာကို ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထို့နောက် ဖျန်ချောင်းကျေးရွာတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကျေးရွာအတွင်းကျန်ရစ်ခဲ့သော ၆၅ နှစ်အရွယ် သက်ကြီးအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ပစ်သတ်ထားကြောင်း သိရသည်။

သက်ကြီးရွယ်အိုပြည်သူ ၂ ဦးမှာလည်း ဧပြီ ၄ ရက်မှ ယနေ့ ဧပြီ ၅ ရက်အထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီမှ လေကြောင်း ပစ်ခတ်မှုများ၊ နေအိမ်များကို မီးရှို့မှုများကြောင့် ကျေးရွာအတွင်းမှ နေအိမ်တချို့ မီးလောင်ပျက်စီးနေပြီး ကျေးရွာနေပြည်သူ ၁၅၀ ကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရဿည်။

ယနေ့အထိလည်း ဖျန်ချောင်းကျေးရွာတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားဆဲဖြစ်ပြီး ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဖြင့် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ယင်းစစ်ဘေးရှောင်ပြည်သူများကို ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေပြီး ပြည်တွင်း/ပြည်ပ ပြည်သူများအနေဖြင့်လည်း တတ်စွမ်းသမျှ ပံ့ပိုးကူညီပေးကြရန် ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.