Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့

ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့

0
By Editor on May 3, 2024 Featured

မေလ ၃ ရက်နေ့မှာကျရောက်မယ့် ၃၁ ကြိမ်မြောက် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) အထိမ်းအမှတ်အခမ်းအနားကို ကမ္ဘာတဝန်းလုံးက နိုင်ငံအသီးသီးမှာ ကုလသမဂ္ဂ UNESCO နဲ့ ပူးပေါင်းပြီး ယခင်နှစ်တွေလိုပဲ ကျင်းပပြုလုပ်ကြမှာပါ။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ၁၉၉၃ ခုနှစ်မှာ အတည်ပြုလိုက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ဟာ ယခု ၂၀၂၄ ခုနှစ်ဆိုရင် ၃၁ နှစ်တိုင်ခဲ့ပြီဖြစ်ပေမယ့် ကမ္ဘာတဝန်းလုံးမှာတော့ စာနယ်ဇင်းလွတ်လပ်ခွင့်မရှိတဲ့နိုင်ငံပေါင်း အမြောက်အများရှိနေဆဲဖြစ်ပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်လု စတိုင်းပြည်ရဲ့အခြေအနေဟာလည်း အာဏာရှင်စနစ်အောက်ကို ပြန်လည်ကျရောက်ခဲ့ရသလို ဒီမိုကရေစီ ရဲ့အနှစ်သာ ရလို့ဆိုနိုင်တဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့်၊ သတင်းစာလွတ်လပ်ခွင့်ဟာလည်း ဆိတ်သုဉ်းလို့ အမှောင်ခေတ်ကို ပြန်လည်ကျရောက်ခဲ့ရပါတယ်။

စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့နောက်ပိုင်းမှာ စစ်ကောင်စီဟာ သတင်းမီဒီယာသမားတွေကို ရန်သူသဖွယ်သတ်မှတ်ပြီး ဖမ်းဆီးထောင်ချ၊ သတ်ဖြတ်မှုအပြင် သတင်းဌာနအတော်များများကို ပိတ်သိမ်းခဲ့ပါတယ်။

အာဏာသိမ်းပြီးချိန်ကနေ ယနေ့ထိ စစ်ကောင်စီဟာ သတင်းသမား ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲက ၆၀ ကျော်ကို ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့သလို သတင်းသမား ၆ ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ UNESCO ရဲ့စာရင်းအရ သိရပါတယ်။

“အဲဒီသတ်ဖြတ်ခံရတဲ့ သတင်းသမားထဲမှာ ခိုနူမ်းသုန်သတင်းဌာန တည်ထောင်သူတစ်ဦးလည်းဖြစ် အယ်ဒီတာချုပ်ဟောင်းလည်းဖြစ်တဲ့ ပူးသွီဒင်းလည်း ပါဝင်ပါတယ်”

တချိန်တည်းမှာပဲ သတင်းလိုင်စင် ၁၅ ခုကိုပယ်ဖျက်ခဲ့ပြီး ပုံနှိပ်ထုတ်ဝေခွင့် ၉ ခုကိုလည်း စစ်ကောင်စီက ရုပ်သိမ်းခဲ့ပါတယ်။

ဒါ့အပြင် ပြည်မသတင်းဌာနနဲ့ တိုင်းရင်းမီဒီယာအားလုံးနီးပါးဟာ လုံခြုံရေးအခြေအနေကြောင့် ပြည်တွင်းမှာ ရုံးမစိုက်နိုင်ကြတော့ပဲ အိမ်နီးချင်းနိုင်ငံနဲ့ နယ်စပ်ဒေသတွေမှာ ပြောင်းရွှေ့အခြေချပြီး သတင်းမီဒီယာလုပ်ငန်းကို ခက်ခက်ခဲခဲနဲ့ ရုန်းကန်နေကြရတဲ့ အခြေအနေဖြစ်ပါတယ်။

ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဟာ နှစ်ပေါင်းအားဖြင့် ၃၁ နှစ်တိုင်ခဲ့ပြီဖြစ်ပေမယ့် မြန်မာနိုင်ငံက သတင်းသမား တွေကတော့ သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ယနေ့ချိန်ထိ တိုက်ပွဲဝင်နေကြရဆဲဖြစ်ပြီး ဆက်ပြီးလည်း တိုက်ပွဲဝင်နေကြရအုံးမယ့် အနေအထားမှာရှိပါတယ်။

ဒီနှစ် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ဆောင်ပုဒ်မှာ “ကမ္ဘာမြေအတွက်- သတင်းမီဒီယာ-သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်းများအကြား သတင်းအတတ်ပညာ” ဆိုတဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။

သတင်းမီဒီယာအတတ်ပညာနဲ့ ရာသီဥတုအပြောင်းအလဲ၊ သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုကာကွယ်စောင့် ရှောက်ကြ မလဲ၊ ဘယ်လို ဖြေရှင်း ကြမလဲ ဆိုတာကို ကမ္ဘာသူ ကမ္ဘာသားတွေက အာရုံစိုက်လာဖို့ တွန်းအားပေးဖို့လို့နားလည်ရပါတယ်။

ကမ္ဘာကြီးပူနွေးလာမှုနဲ့အတူ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာခဲ့ပြီး ရာသီဥတုအခြေအနေကလည်း တစ်နှစ်ပြီးတစ်နှစ် ပိုမိုဆိုးဝါးပြင်းထန်လာနေပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလက အာရပ်စော်ဘွာများပြည်ထောင်စုမှာကျင်းပသော ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်းရဲ့ ၂၈ ကြိမ်မြောက်ညီလာခံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး နဲ့ လူသားချင်းစာနာမှုအကျပ်အတည်းဖြစ်ပေါ်စေရုံသာမက မြန်မာပြည်သူလူထုရဲ့ ရာသီဥတုဒဏ် ဆိုးဝါးမှုများကိုလည်း ပို၍တိုးလာစေတယ်လို့ဖော်ပြထားပါတယ်။

လက်ရှိခေတ်ကာလဟာ မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတတွေကို စနစ်တကျနဲ့ စည်းကျပ်မှုမရှိဘဲ ထုတ်ယူမှုတွေကြောင့် ပတ်ဝန်းကျင်ပျက်စီးခြင်း၊ ရေအရင်းအမြစ်ညစ်ညမ်းစေခြင်း၊ သစ်တောတွေပျက်စီးခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းစတဲ့ အန္တရာယ်တွေ ပိုမိုဆိုးဝါးလာစေတယ်လို့ ပညာရှင်တွေရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

၂၀၂၁ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု အန္တရာယ် အညွန်းကိန်းကဏာန်းများအရ မြန်မာနိုင်ငံဟာ ၁၈၃ နိုင်ငံမှာ ပြင်း ထန်သောရာသီဥတုဒဏ်ခံရမှု ဒုတိယအများဆုံး နိုင်ငံအဖြစ် အဆင့်သတ်မှတ်ခံရပါတယ်။ ဒါကြောင့် မြန်မာ နိုင်ငံမှာ ကုန်ထုတ်လုပ်မှု၊ စားနပ်ရိက္ခာဖူလုံမှုနဲ့ မြေယာရှားပါးမှုတို့ကို သက်ရောက်စေမယ့် အပူလှိုင်းဖြတ်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးခေါင်ရေရှားပါးခြင်းနဲ့ ပင်လယ်ရေမျက်နှာပင်မြင့်တက်မှု မကြာခဏ ကြုံတွေ့ရနိုင်တယ်လို့ UNESCO ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီလိုအခြေအနေမျိုးမှာ သတင်းမီဒီယာသမားတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြသနာတွေ၊ အကျိုးဆက်နဲ့ ဖြစ်လာနိုင်ခြေရှိသော နောက်ဆက်တွဲအကြောင်းအရာတွေကို အချိန်နှင့်တပြေးညီ ရေးသားတင်ဆက်နိုင်ဖို့က အင်မတန် အရေးကြီးလာပြီဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီနှစ် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ ဆောင်ပုဒ်အဖြစ် ရွေးချယ် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။

အထူသဖြင့် စစ်အာဏာရှင်စနစ်လက်အောက်မှာကျရောက်ပြီး ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်လောင်ကာ အုပ်ချုပ် ရေးယန္တယားတစ်ခုလုံး ပြိုကျပျက်စီး နေသော မြန်မာနိုင်ငံအတွက် ပိုလို့တောင် အရေးကြီးတယ်လို့ဆိုရမှာပါ။

မည်သို့ပင်ဆိုစေကာမူ “စာနယ်ဇင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည်” လူ့အခွင့်အရေးများအနက် အခြေခံအကျဆုံးဖြစ်သည့်နည်းတူ အခြားသောလူ့အခွင့်အရေးများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေးဆောင်ရွက်မှာလည်း အဓိကအကျဆုံးဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.