• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကလေးတောင်ပိုင်းတိုက်ပွဲ စစ်ကောင်စီဘက် အထိနာ

ကလေးတောင်ပိုင်းတိုက်ပွဲ စစ်ကောင်စီဘက် အထိနာ

0
By Editor on November 4, 2021 Khonumthung

ကလေးမြို့နယ် တောင်ပိုင်းဒေသ နတ်ချောင်းကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီနှင့် PDF-Kalay တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုတွင် စစ်ကောင်စီဘက်က အကျအဆုံးများပြီး အထိနာနေကြောင်း သိရသည်။

“သူတို့ဘက်ကအရင်စပစ်တာပေါ့နော် မနက် ၇ နာရီထက်စော်မယ်ထင်တယ် တိုက်ပွဲအခြေအနေကတော့ ကျနော်တို့ ဖက်ကနည်းနည်းပြန်ဆုတ်သွားပါပြီ စစ်တပ်ဘက်က ရွာတွေကို မီးရှို့ထားတယ် ချောင်းခွက အိမ်နှစ်လုံးပါသွားတယ်၊ တိုက်ပွဲက ကျနော် PDF ဘက်အထိအခိုက်မရှိဘူး သူတို့ဘက်က ၄၀ ကျော်လောက်ထိတယ်၊ ဒဏ်ရာရရှိသူတော့များတယ်” ဟု PDF-Kalay မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ကလေးမြို့တောင်ပိုင်းဒေသတွင် နိုဝင်ဘာလ ၂ ရက်နေ့ကစ၍ စစ်ကောင်စီနှင့် PDF-Kalay ကလေးတပ်ဖွဲ့ အကြား အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ်များအပေါ် လက်နက်ကြီးများကြရောက်ကာ ဒေသခံပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ကလေးမြို့မှ ၁၅ မိုင်ခန့်ကွာဝေးသော ကလေး-ဂန့်ဂေါကားလမ်းမပေါ်တွင်တည်ရှိသည့် နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းဂွ စသည့်ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့များက ထိုးစစ်ဆင်ကာ လက်နက်ကြီးများပစ်ခတ်မှုကြောင့် လူနေအိမ်များအပေါ် ကျရောက်ကာ ထိခိုက်သေဆုံးမှုများလည်းရှိသည်ဟု ဒေသခံများထံမှ သိရသည်။

ယနေ့မနက် တိုက်ပွဲတွင် စစ်ကောင်ဘက်မှ လက်နက်ကြီး အချက် ၅၀ နီးပါးအသုံးခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.