Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးတောင်ပိုင်းတိုက်ပွဲ စစ်ကောင်စီဘက် အထိနာ

ကလေးတောင်ပိုင်းတိုက်ပွဲ စစ်ကောင်စီဘက် အထိနာ

0
By Editor on November 4, 2021 Khonumthung

ကလေးမြို့နယ် တောင်ပိုင်းဒေသ နတ်ချောင်းကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီနှင့် PDF-Kalay တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုတွင် စစ်ကောင်စီဘက်က အကျအဆုံးများပြီး အထိနာနေကြောင်း သိရသည်။

“သူတို့ဘက်ကအရင်စပစ်တာပေါ့နော် မနက် ၇ နာရီထက်စော်မယ်ထင်တယ် တိုက်ပွဲအခြေအနေကတော့ ကျနော်တို့ ဖက်ကနည်းနည်းပြန်ဆုတ်သွားပါပြီ စစ်တပ်ဘက်က ရွာတွေကို မီးရှို့ထားတယ် ချောင်းခွက အိမ်နှစ်လုံးပါသွားတယ်၊ တိုက်ပွဲက ကျနော် PDF ဘက်အထိအခိုက်မရှိဘူး သူတို့ဘက်က ၄၀ ကျော်လောက်ထိတယ်၊ ဒဏ်ရာရရှိသူတော့များတယ်” ဟု PDF-Kalay မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ကလေးမြို့တောင်ပိုင်းဒေသတွင် နိုဝင်ဘာလ ၂ ရက်နေ့ကစ၍ စစ်ကောင်စီနှင့် PDF-Kalay ကလေးတပ်ဖွဲ့ အကြား အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ်များအပေါ် လက်နက်ကြီးများကြရောက်ကာ ဒေသခံပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ကလေးမြို့မှ ၁၅ မိုင်ခန့်ကွာဝေးသော ကလေး-ဂန့်ဂေါကားလမ်းမပေါ်တွင်တည်ရှိသည့် နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းဂွ စသည့်ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့များက ထိုးစစ်ဆင်ကာ လက်နက်ကြီးများပစ်ခတ်မှုကြောင့် လူနေအိမ်များအပေါ် ကျရောက်ကာ ထိခိုက်သေဆုံးမှုများလည်းရှိသည်ဟု ဒေသခံများထံမှ သိရသည်။

ယနေ့မနက် တိုက်ပွဲတွင် စစ်ကောင်ဘက်မှ လက်နက်ကြီး အချက် ၅၀ နီးပါးအသုံးခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

ချင်းမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဇွန်လထဲ အမျိုးသမီး ၃ ဦးအပါအဝင် ပြည်သူ ၈ ဦး သေဆုံး၊ ၁၇ ဦး ထိခိုက်ဒဏ်ရာရ

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 10, 2026

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

July 10, 2026

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

July 10, 2026

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

July 9, 2026

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.