Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးထောင်ထဲက လွတ်ရက်စေ့ အိန္ဒိယနိုင်ငံသားများ ထောင်ပိုင်များကို လာဘ်မထိုးနိုင်၍ ဆက်လက် ထိန်းသိမ်းခံနေရဟုဆို

ကလေးထောင်ထဲက လွတ်ရက်စေ့ အိန္ဒိယနိုင်ငံသားများ ထောင်ပိုင်များကို လာဘ်မထိုးနိုင်၍ ဆက်လက် ထိန်းသိမ်းခံနေရဟုဆို

0
By Editor on January 15, 2025 Headline

စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်ထဲတွင် အကျဉ်းကျခံနေသော အိန္ဒိယနိုင်ငံသားတစ်ချို့သည် လွတ်ရက်စေ့ပြီဖြစ်သော်လည်း ထောင်အာဏာပိုင်များနှင့် အခြားအရာရှိများကို လာဘ်မထိုးနိုင်ခြင်းကြောင့် ယနေ့ချိန်ထိ မလွတ်မြောက်နိုင်ဘဲ အကျဉ်းသားအဖြစ် ဆက်လက်ထိန်းသိမ်းခံနေရသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

“သူတို့တွေက သနားစရာတော့ကောင်းတယ်။ ထောင်ဝင်စာပေးမယ့်လူလည်း မရှိဆိုတော့ တချို့ဆိုရင် ၂၀၂၁ ကတည်းက ပြစ်ဒဏ်စေ့သော်လည်း အခုထိ အချုပ်သားအနေနဲ့ထားတယ်။ သူတို့မှာ စားစရာဆိုရင်လည်း အတော်ခက်ခဲနေကြတယ်။ နေရပ်ပြန်ပို့ပေးဖို့ ထောင်ပိုင်ဆီတင်ပြတယ်။ ထောင်ပိုင်ကလည်း မင်းတို့ကို လ.ဝ.က က မပို့ရဲဘူး၊ လမ်းကြောင်းပိတ်တယ်၊ လမ်းကြောင်းမကောင်းဘူး၊ မင်းတို့ကိစ္စက လ.ဝ.က နဲ့ ဆိုင်တယ်၊ အဲ့လိုပဲ လွှဲချနေတာ။ သူတို့တင်ပြတာလည်း မနည်းတော့ဘူး၊ ပြန်ပို့ဖို့ တင်ပြကြတာ တကယ်တော့ ဒီလို လ.ဝ.က လွှဲချတဲ့တဖက်မှာ ငွေကြေးတတ်နိုင်တဲ့ သူ (၅) ယောက်လောက်ကပဲ ထောင်ပိုင်နှင့် အခြားအရာရှိတွေကို လာဘ်ထိုးပြီး အချိုဆိုရင် သိန်း (၂၀) သိန်း (၃၀) ပေးပြီး၊ လမ်းစရိတ် ကိုယ့်ဟာကိုယ်စိုက်ပြီး လွတ်တဲ့သူလည်းရှိတယ်၊ ဒါကြောင့် လာဘ်မထိုးနိုင်ရင်တော့ လွတ်ရက်စေ့လည်း မလွတ်တော့ဘူး” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

ကလေးအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံနေရသည့် နိုင်ငံခြား အကျဉ်းသား၊ အကျဉ်းသူများကို အကျဉ်းထောင်တွင် အလွယ်ခေါ် လ.ဝ.က အကျဉ်းသားများဟု နာမည်တပ်‌ ခေါ်ဆိုလေ့ရှိပြီး ပြစ်ဒဏ်လွတ်ရက်စေ့ပြီဖြစ်သော်လည်း အချုပ်သားအနေဖြင့် ဆက်လက်ထားရှိခြင်းကြောင့် စားဝတ်နေရေး အခက်အခဲကြောင့် အာဟာရချို့တဲ့ကာ ကျန်းမာ ရေး ထိခိုက်သေဆုံးမှုတွေလည်းရှိသည်ဟု ဆက်ပြောသည်။

“သူတို့အစားအသောက် ခက်ခဲလွန်းတော့ ထောင်ပိုင်ကြီးဆီတင်ပြကြတယ်၊ တောင်းခံကြတယ် ဒါပေမယ့် အဆင်ပြေ အောင် မလုပ်ပေးဘူး၊ ၂၀၂၃ တုန်းက လွတ်လူတယောက် အာဟာရမရှိ၊ ကျန်းမာရေးကလည်း ဆိုးရင်းဆိုးရင် သေသွားရှာတယ်၊ အဲ့ဒီမှာ ထူးဆန်းတာက သေမှပဲ ချက်ချင်း သူ့ရွာဆီပို့ပေးတယ်၊ အဲ့ဒါလည်း သူတို့လုပ်ပေးတာ မဟုတ်ဘူး။ သေတဲ့သူက ခရစ်ယာန်ဆိုတော့ အပြင်က ခရစ်ယာန်အသင်းတော်နဲ့ ချိတ်ဆက်ပြီး ပို့တာပါ။ အခုလည်း လ.ဝ.က ထဲကပဲ တယောက်ကလည်း အာဟာရချိုတဲ့ပြီး ဆေးရုံပြန်တင်နေရာတာ၊ တယောက်ထပ်တိုးတယ်ဆိုတော့ ဒီက လ.ဝ.က တွေအတွက်တော့ အတော်လေး စိုးရိမ်စရာကောင်းနေတယ်” ဟု အကျဉ်းထောင်နှင့် နီးစပ်သူက ပြောသည်။

ကလေးအကျဉ်းဦးစီးဌာန အကျဉ်းထောင်တွင် လ.ဝ.က အကျဉ်းသားဟုခေါ်ဆိုသော နိုင်ငံခြားသားမှုဖြင့်ဖမ်းဆီးချုပ် နှောင်ခံရသူ အကျဉ်းသားစုစုပေါင်း (၁၈) ဦးရှိပြီး ၎င်းတို့ထဲတွင် ပြစ်ဒဏ်မှ လွတ်ရက်စေ့ အကျဉ်းသား ၁၀ ဦးရှိသည်ဟု သိရသည်။

၎င်းတို့ကို အချုပ်သားအနေဖြင့် ဆက်လက် ဖမ်းဆီးချုပ်နှောင်ထားပြီး အမျိုးသမီး (၁) ဦး ပါဝင်ကြောင်း သိရသည်။

ကလေးအကျဉ်းထောင်တွင် အကျဉ်းထောင်အာဏာပိုင်များ လာဘ်စားမှု၊ အကျဉ်းသားများအပေါ် ဖိနှိပ်ချုပ် ချယ်မှု၊ မတရားသဖြင့် အကျဉ်းသား၊အကျဉ်းသူများအပေါ် ငွေကြေးကောက်ခံမှုများရှိနေသည်ဟု သိရသည်။

အကျဉ်းဦးစီးစာရင်းအရ ကလေးအကျဉ်းထောင်တွင် အကျဉ်းသား စုစုပေါင်း လူဦးရေ ၁၄၀၀ ကျော်ရှိပြီး ယင်းအနက် နိုင်ငံရေးအကျဉ်းသား ၄၅၀ ခန့်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းတိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှ ၄၀ ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်းများ ဖမ်းမိဟု CB ထုတ်ပြန်

စစ်ရေးအချက်အချာ ကျသည့် ကနေဒီတောင်စခန်းကို စစ်ကော်မရှင်တပ် ပြန်ထိန်းချုပ်

အကျဉ်းသား ၁၀၀ ကျော်အပါအဝင် လူနာပေါင်း ၂၇၀ ကျော်ကို တစ်လအတွင်း ဆေးဝါးကုသပေးနိုင်ခဲ့ဟု CDF-Asho ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.