• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့တွင် စစ်ကောင်စီက အိမ်တစ်အိမ်ကိုဝင်စီးပြီး သေနတ်ပစ်ခတ်မှုကြောင့် ၄ ဦးသေဆုံး

ကလေးမြို့တွင် စစ်ကောင်စီက အိမ်တစ်အိမ်ကိုဝင်စီးပြီး သေနတ်ပစ်ခတ်မှုကြောင့် ၄ ဦးသေဆုံး

0
By Editor on June 21, 2021 Headline

ကလေးမြို့ အင်းယာကုန်းရပ်ကွက်တွင် ယမန်နေ့ (ဇွန်လ ၁၉) ည ၉ နာရီနှင့် ၁၀ နာရီဝန်းကျင်ခန့်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်တစ်အိ်မ်ကိုဝင်စီးကာ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် လူ ၄ ဦး သေဆုံးကာ တစ်ဦးမှာ မျက်လုံးတွင်ဒဏ်ရာရရှိခဲ့သည်ဟုကလေးမြို့ဒေသခံများထံမှသိရသည်။

“စစ်တပ်က ကား ၅ စီးနဲ့ရောက်လာတယ် အဲဒီသူတို့အိမ်ကိုဝိုင်းတာပေါ့နော် ဝိုင်းပြီးတော့ ခဲတွေနဲ့ပေါက်တယ် အဲဒီချိန်မှာ အိမ်ထဲကတစ်ယောက်ကထွက်အော်တဲ့အချိန်မှာ ကျန်တဲ့သားအဖတွေကထွက်ပြေးတယ် ထွက်ပြေးတော့ လှမ်းပစ်တာ အဲဒီမှာ သားအဖနှစ်ဦးစလုံးသေသွားတယ် ပြီးတော့ အစ်မဖြစ်သူက မျက်လုံးထိတယ် ဆေးရုံမှာတဲ့ အဲဒါပြီးတော့ အိမ်ကကားတွေရော ပစ္စည်းတွေရောယူသွားတယ် စစ်တပ်ဖက်က ပြည်သူတွေလုပ်တယ်ဆိုတဲ့ပုံစံနဲ့လုပ်တာ တကယ်တမ်းလုပ်တာ စစ်တပ်ကလုပ်တာ” ဟု ကလေးမြို့ ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ပစ်ခတ်မှုကြောင့် အိမ်ပိုင်ရှင်လင်မယား၊ သားဖြစ်သူ နှင့် တူတော်စပ်သူတစ်ဦး စုစုပေါင်း ၄ ဦး သေဆုံးပြီး သမီးဖြစ်သူမှာ
မျက်လုံးထိမှန်ကာ တပ်ဆေးရုံတွင်ထားရှိကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုအပြီး မနက် ၂ နာရီဝန်းကျင်တွင်လည်း စစ်ကောင်စီက အသက်မပြည့်သေးသူ (၂) ဦးနှင့် အသက် (၃၀) ကျော် တစ်ဦးတို့ကို နေအိမ်အတွင်းဖမ်းဆီးခဲ့သည်ဟု သိရသည်။

ဖမ်းဆီးခံရသူများမှာ ကလေးမြို့ချမ်းမြေ့အောင်စည်ရပ်ကွက် ဧရာဝတီလက်ဖက်ရည်ဆိုင်မှ ၎င်းတို့၏သား ၁၂ နှစ်ရွယ် (မိဘများမရှိ၍ ဖမ်းဆီးခေါ်ဆောင်သွား) နေအိမ်တွင်ဖျားနာပြီးညအိပ်ချိန်ဖမ်းဆီး၊ ဘဲအင်းရပ်ကွက်မှကျော်မင်းခန့်မောင် အသက် (၁၅) နှစ်အရွယ်နှင့် မြန်မာ့စီး ပွားရေးဘဏ် ဝန်ထမ်း ကိုအောင်မြတ်မိုး အသက် (၃၅) နှစ်ခန့်တို့ဖြစ်ကြသည်။ L

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ခမ်းပတ်မြို့အရှေ့ဘက်မှာ ကင်းစောင့်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ၄ ဦးသတ်ဖြတ်

ကလေးမြို့မှာ MPT/Atom ဖုန်းလိုင်းများ ဖြတ်တောက် အူရီဒူးတလိုင်းသာရရှိ

ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ရေး ညီလာခံကို အားကောင်းသည့် ချင်းကာကွယ်ရေး (၄) ဖွဲ့က တက်ရောက်မည်မဟုတ်ဟု ကြေညာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
December 6, 2023

တောင်ဇလပ်မြေပေါ်က စစ်အာဏာရှင်ကို တွန်းလှန်နေကြသော ရဲမေများ………

December 5, 2023

“မြန်မာပြည်မှာ ဒီလောက်ဖြစ်ပျက်နေတဲ့ စစ်ရဲ့အဓိဌာန်ရုံတွေကို ကမ္ဘာက သိပ်မသိဘူး၊  အဲ့ဒါကြောင့် ဒီဟာကို ကျွန်တော်က ကမ္ဘာကို တင်ပြခြင်းဖြစ်တယ်”

November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.