ကလေးမြို့ တောင်ဖီလာရပ်ကွက်တွင် ယနေ့မနက်ပိုင်းက လမ်းသွားလမ်းလာများကို စစ်ဆေးသည့် စစ်ကောင်စီတပ်ဖွဲ့က အရပ်သားပြည်သူတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု သိရသည်။
ယနေ့ မနက်ပိုင်း ၁၁ နာရီ၀န်ကျင်ခန့်က တောင်ဖီလာရပ်ကွက်တွင် လုံခြံရေးယူထားသော စစ်ကောင်စီတပ်သားများသည် လမ်းသွားလမ်းလာများကို စစ်ဆေးမှုပြုလုပ်သည့်အတွက် ပြန်လှည့်ပြေးသွားချိန်တွင် စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။
သေဆုံးသူမှာ မွှန်ထာ (ရွာသစ်) ကျေးရွာသား အသက် ၂၈ နှစ်အရွယ် Salai Cung Lian Bik ဟုသိရပြီး သူငယ်ချင်းတစ်ယောက်နှင့်အတူ ပန်းရံလုပ်ပြီး ထမင်းစားပြန်လာသည့်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့များက ပစ်ခတ်၍ သေဆုံးခဲ့ခြင်း ဖြစ်သည်။
သူငယ်ချင်းဖြစ်သူမှာလည်း လက်မှာ ဒဏ်ရာရရှိသည်ဟု သိရသည်။
ယခုရက်ပိုင်းအတွင်း ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့များသည် လမ်းကြိုလမ်းကြားများတွင် ကင်းပုန်းများချထားပြီး လမ်းသွားလမ်းလာများကို စစ်ဆေးမှုများ တင်းတင်းကြပ်ကြပ် ပြုလုပ်နေသည်ဟု သိရသည်။