• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့နယ်တောင်ပိုင်း ၃ ရက်တာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ အယောက် ၅၀ နီးပါး သေဆုံး

ကလေးမြို့နယ်တောင်ပိုင်း ၃ ရက်တာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ အယောက် ၅၀ နီးပါး သေဆုံး

0
By Editor on July 14, 2022 Headline

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းဒေသတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး ဇူလိုင် ၁၁ ရက်မှ ၁၃ ရက်နေ့အထိ ၃ ရက်တာတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဘက်က အယောက် ၅၀ နီးပါး သေဆုံးသည်ဟု PDF-Kalay တပ်ဖွဲ့က ထုတ်ပြန်သည်။

ကလေးမြို့နယ်တောင်ပိုင်း ရန်ကြီးအောင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့အင်အား ၂၀၀ ခန့်သည် ဇူလိုင်လ ၁၁ ရက်နေ့က ကလေး-နတ်ချောင်း-ဖလမ်း ကားလမ်းမပေါ်ရှိ ဟားခါးလေးကျေးရွာဘက်သို့ ဝင်ရောက်လာစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၃ ဦးခန့် သေဆုံးခဲ့သည်။

ထို့နောက် ဇူလိုင် ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးလေးကျေးရွာမှ မြောက်ဘက်သို့ရွေ့လျားလာခဲ့ရာ အင်းစိန်ရွာသစ်နှင့် စည်သာရွာအကြားတွင် ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က ၅ ဦးခန့် ထပ်မံသေဆုံးခဲ့ကြောင်း PDF-Kalay က ထုတ်ပြန်သည်။

အင်းစိန်ရွာသစ် အနီးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် လယ်တောထဲတွင်နေထိုင်သည့် ကလေးငယ်တစ်ဦးလည်း လက်နက်ကြီးဗုံးဆံထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင် ၁၂ ရက်ညက စည်သာကျေးရွာတွင် ညအိပ်ခဲ့ကြပြီးနောက် ဇူလိုင် ၁၃ ရက်နေ့တွင် စည်သာရွာမှ မြောက်ဘက်သို့ ဦးတည်လာရာ သာယာကုန်းကျေးရွာအနီးတွင် ပူးပေါင်းတပ်ဖွဲ့များက ထပ်မံ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်က အများအပြားကျဆုံးခဲ့သည်ဟု PDF-Kalay တပ်ဖွဲ့ကဆိုသည်။

PDF-Kalay တာဝန်ရှိသူတစ်ဦးက “စစ်ကောင်စီဖက်က မနေ့က တရက်ထဲကို (၄၂) ယောက်ကျတယ်။ ပထမရက်တိုက်ပွဲမှာ ၂/၃ ယောက်၊ ဒုတိယနေ့မှာလည် ၃ ယောက်လောက်ကျတယ် မနေ့က တိုက်ပွဲကတော်တော်ကျတယ်။ သူတို့ ကလေးမြို့ထဲကို ဝင်တာတောင်မှ လူနာတင်ယာဉ်နဲ့ အခေါက်ခေါက်အခါခါ ကြိုရတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင် ၁၃ ရက်နေ့ညနေပိုင်းတွင် သာယာကုန်းကျေးရွာမှ ကလေးနည်းပညာတက္ကသိုလ်ဝင်းထဲသို့ ဝင်ရောက်သွားကြပြီးနောက် ကလေးမြို့မှ နာရေးကူညီမှုအသင်း ကား ၂ စီး ရောက်ရှိလာကာ စစ်ကောင်စီတပ်သားများ၏ အလောင်းသယ်ဆောင်ကာ ကံပုလဲကျေးရွာသုသာန်သို့ ၈ ကြိမ်ခန့် ပို့ဆောင်ခဲ့ကြသည်ဟု PDF-Kalay ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကလေးတောင်ပိုင်းဒေသတွင် ၃ ရက်တာဖြစ်ပွားသည့် တိုက်ပွဲတွင် PDF-Kalay တပ်ရင်း ၁၊ ၂၊ ၅၊ ၆၊ ၇၊ CNDF-Vakok၊ CNDF-NA၊ CDF-KKG၊ RKDF နှင့် ပ.က.ဖ စသည့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များ ပါဝင်ခဲ့ကြသည်ပြီး PDF-Kalay ရဲဘော်တစ်ဦးနှင့် CNDF-Vakok တပ်ဖွဲ့ ရဲဘော်တစ်ဦးတို့ ကျဆုံးခဲ့ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများ ကူညီထောက်ပံမှုများလိုအပ်နေ

မိုခါမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများအတွက် KIO က ကျပ်သိန်း ၂၀၀၀ လှူဒါန်း

ချင်းပြည်နယ်တွင် ကျောင်းပေါင်း ၃၀၀ ကျော်ဖွင့်လှစ်ပြီး ကျောင်းတက်သူဦးရေ ၃၅၀၀၀ ကျော်ရှိ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.