(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ အနောက်တောင်ပိုင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက ရှားတောနှင့် သုံးအိမ်စု ကျေးရွာက လူနေအိမ်များကို မီးရှို့ဖျက်စီးခဲ့သည်ဟု သိရသည်။
ယနေ့သြဂုတ်လ ၂၀ ရက် မနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကား (၅) စီးဖြင့် စက္ကန့်ရွာဘက်မှ ရှားတော ရွာသို့ ဝင်ရောက်လာပြီး တစ်နာရီကြာ ဒေသကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့နှင့် ပစ်ခတ်မှုရှိခဲ့ကြောင်း ကလးမြောက်ပိုင်းက ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။
“ထိတွေ့မှု သုံးအိမ်စု၊လေးအိမ်စုဖက်မှာ ဖြစ်နေတယ်၊ဒီမနက် ၈ နာရီလောက်ဖြစ်တာ စကစတွေ စစ်ကြောင်းထိုးနေ တာပေါ့။ စကစတွေမီးရှို့တာ မီးခိုးတွေအုံလိုက်ကြီးထွက်တယ်၊ အိမ်တွတော်တော်လာင်နေတယ်” ဟုသူကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ရှားတောကျေးရွာအား မီးရှို့ပြီးနောက် သုံးအိမ်စုကျေးရွာကိုလည်း ဆက်လက်စစ်ကြောင်း ထိုးကာ လူနေအိမ်များ ထပ်မံမီးရှိုခဲ့ပြီး နေအိမ်ပျက်စီးမှုအခြေအနေကို မသိရှိရသေးပေ။
ထို့အပြင် ယနေ့မွန်းလွဲ (၂) အချိန်တွင်လည်း ကလေးမြို့မြောက်ပိုင်း၊လက်ပံချောင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးကြဲချခဲ့ပြီး ဘုန်ကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲကာ လူထိခိုက်မှုမရှိကြောင်း သိရသည်။
လက်ရှိတွင် ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ရေးတင်းမာနေသောကြောင့် ရှားတော၊ သုံးအိမ်စု၊ လက်ပံခုံ၊ လေးအိမ်စု၊ ဆင်တော၊ မြောင်းစုံ၊ စီးစံကျေးရွာရှိ ပြည်သူများ ကလေးမြို့နှင့် တောထဲတို့တွင် တိမ်းရှောင်ကြရသည်ဟု သိရသည်။