• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့အနောက်တောင်ဘက် တိုက်ပွဲပြင်းထန်၊ နှစ်ဖက်အကျအဆုံးရှိ

ကလေးမြို့အနောက်တောင်ဘက် တိုက်ပွဲပြင်းထန်၊ နှစ်ဖက်အကျအဆုံးရှိ

0
By Editor on December 21, 2021 Headline

ကလေးမြို့နယ်၊ အနောက်တောင်ပိုင်း စီးစံကျေးရွာအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် PDF-Kalay / CNDF ပူးပေါင်းတပ်ဖွဲ့အကြား ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက် မနက် ၁၀ နာရီကစပြီးတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ၁ ဦးကျဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁၉ ရက်နေ့ညပိုင်းက အင်အား ၁၅၀ ဝန်းကျင်ခန့်ဖြင့် ကလေးမြို့နယ် အနောက်တောင်ပိုင်း စက္ကန့်၊ ကျောက်ဂူဘက်မှ ချင်းတောင်ခြေ တလျှောက် စစ်ကြောင်းလျှောက်ဝင်လာပြီး ယမန်နေ့ မနက်ပို်င်းက PDF-Kalay တပ်ရင်း ၅ ၏ စခန်း ဟောင်းနေရာတစ်နေရာကို မီးရှို့ခဲ့ရာမှ စီးစံကျေရွာအနောက်ဘက် ဆုတောင်းကုန်း အနီးတွင် စတင်တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဟု PDF-Kalay က ထုတ်ပြန်သည်။

ကလေးမြို့၊ တောင်ဖီလာတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကလည်း လက်နက် ကြီးများဖြင့်ပစ်ကူ ခဲ့ကြပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများ၊ စက်လက်နက်များကို အဓိကထား အသုံးပြုပြီး တရစပ်ပစ်ခတ်သော ကြောင့် ညနေ ၅ နာရီအချိန်တွင် စီးစံကျေးရွာကိုဝင်ရောက်တပ်စွဲခဲ့ကာ လူနေ အိမ် ၂ လုံးမီးရှို့သည့်အပြင် လက်နက်ကြီးထိမှန်မှုဖြင့် နောက်ထပ် လူနေအိမ်၂ လုံးနှင့် ဆင်တော ကျေးရွာ လူနေအိမ် ၂ လုံး ပျက်ဆီးခဲ့သည်ဟု သိရသည်။

ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဖက်မှ ၂ ဦးသေဆုံးခဲ့ပြီး PDF-Kalay တပ်ရင်း ၆ မှ တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့သည့်အြ ပင် အဖွဲ့ဝင်တစ်ဦး နှင့် CNDF တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု PDF-Kalay ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါတိုက်ပွဲကြောင့် ကလေးမြို့အနောက်တောင်ပိုင်းမှ စီးစံ၊ ရှားတော၊ လေးအိမ်စု၊ သုံးအိမ်စု၊ စက္ကန့်စသည့်ကျေးရွာများ မှဒေသခံပြည်သူူများသည် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုသိရသည်။

ကလေးမြို့နယ်တောင်ပိုင်းတွင် တိုက်ပွဲများ အချိန်မရွေးထပ်မံဖြစ်ပွားနိုင်သောကြောင့် ပြည်သူများအနေဖြင့် လုံခြုံသတိရှိစွာဖြင့် နေထိုင်သွားလာကြပါရန် PDF-Kalay က မေတ္တာရပ်ခံထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

ဖလမ်း-ဟားခါးကြားတွင် ပျောက်ဆုံးသွားသူနှစ်ဦး၏ မီးရှို့ခံထားရသော အလောင်းတွေ့ရှိ

ဟားခါးမြို့ပေါ်တွင် ဓားပြတိုက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦးဓားထိုးခံရ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.