ထိုသတင်းအမှားမှာ “ဇွန်လ ၆ ရက် နံနက် ၉ နာရီခန့်မှာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ကလေး) အောင်ဆန်းခန်းမမှာ ပြစ်မှုကျူးလွန်မှုမရှိတဲ့ PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများကို မိဘအုပ်ထိန်းသူများထံ လွှဲပြောင်း/ လက်ခံ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားကို ဒေသကွပ်ကဲမှူး စစ်ဌာနချုပ် (ကလေး)၊ ဒေကွပ်ကဲရေးမှူး၊ ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌနဲ့ အဖွဲ့ဝင်များ၊ ကလေးခရိုင်ရဲတပ်ဖွဲ့မှူး၊ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အလင်းဝင်ရောက်သူများနဲ့ သူတို့ရဲ့ အုပ်ထိန်းသူများတက်ရောက်ခဲ့တယ်လို့” Fifty Two News အကောင့်ကနေ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။
ဒီသတင်းအမှားနဲ့ပတ်သက်ပြီး ကလေး PDF ဘက်မှာ တာဝန်ရှိသူက “ကျနော်ဘက်က မှတ်ချက်ပေးချင်တာကတော့ ကျနော်တို့ဘက်က အဲ့သလိုမျိုးမရှိဘူး၊ အဲ့သတင်းမှာဖော်ပြထားသလိုမျိုးလည်း ကျနော်တို့မလုပ်ကြပါဘူး၊ ဒါမျိုးကိစ္စတွေမရှိပါဘူး၊ စကစထောက်ခံတဲ့ဘက်ကနေမှ ပုံရိပ်အမှားဖြစ််အောင် သတင်းအတုဖြန့်ချိတာပဲဖြစ်ပါလိမ်မယ်။”
ပြည်သူများအနေနဲ့ သတင်းများကိုဖတ်ရှုတဲ့အခါမှာ သတင်းဌာနကြီးများမှာ ရေးသားဖော်ပြထားတဲ့သတင်းတွေကိုသာ ဖတ်ရှုသင့်ပါတယ်။