Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေး-တီးတိန်ကားလမ်းတွင် စစ်ကောင်စီတပ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက်က ၇ ဦးသေဆုံး

ကလေး-တီးတိန်ကားလမ်းတွင် စစ်ကောင်စီတပ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက်က ၇ ဦးသေဆုံး

0
By Editor on January 14, 2022 Khonumthung

ကလေး-တီးတိန်ကာလမ်းမပေါ်ရှိ ထေးဇန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်က တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးကြောင်း PDF-Zoland က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဇန်နဝါရီလ ၁၂ ရက်နေ့က ကလေးမြို့မှ အင်အား ၁၀၀ ကျော်နှင့် ချင်းတောင်ဘက်သို့ စစ်ကြောင်းချီတက်လာပြီး ထေးဇန်ကျေးရွာသို့ ညအိပ်တည်းခိုခဲ့ကြပြီးနောက် ယနေ့မနက်ပိ်ုင်းက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိ်ုက်ပွဲဖြစ်ပွားပြီး နေ့လည်ပိုင်း ၂ နာရီခန့်တွင် ထေးဇန်းကျေးရွာ ကော်ဖီခြံမှ အိမ်သုံးလုံးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု PDF-Zoland ၏ ထုတ်ပြန်ချက်အရသိရသည်။

ချင်းတောင်ပေါ်သို့စစ်ကြောင်းချီလာသော စစ်ကောင်စီတပ်ကို ကလေး-သိုင်ငင်းကျေးရွာအကြားတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သည့် PDF-Zoland, CDM Siyin, Zogam Army, People’s Defense Army (PDA) တို့မှ ပူပေါင်းစစ်ဆင်လျှက်ရှိကြောင်း သိရသည်။

ကလေး-သိုင်ငင်း-တီးတိန်-ရိခေါဒါရ်ကားလမ်းတွင် အချိ်န်မရွေး စစ်ဘေးအန္တရာယ်ကျရောက်လာနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် ခရီးသွားလာခြင်းမပြုကြရန်လည်း PDF-Zoland က ထုတ်ပြန်ထားပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ Carmel တောင်တက်သည့် လူငယ်များ ဓားခုတ်ခံရမှုဖြစ်ပွား၊ နှစ်ဖက်စလုံးဒဏ်ရာရရှိ

ဟားခါးလူထုသပိတ်ခေါင်းဆောင် ဆလိုင်းငွန်ဆန်းအောင် ကွယ်လွန်

ခွင့်လွန်၊ ခွင့်မဲ့ဖြစ်နေသာ ရဲဘော်များ ဖေဖော်ဝါရီလကုန်မှာ ပြန်တာဝန်ထမ်းဆောင်ရန် CDF – KKG ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.