Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေး-ရိ ကားလမ်း မနက် ၇ နာရီခွဲမှ ညန ၅ နာရီခွဲအထိသာ ဖြတ်သန်းခွင့်ပြုမည်

ကလေး-ရိ ကားလမ်း မနက် ၇ နာရီခွဲမှ ညန ၅ နာရီခွဲအထိသာ ဖြတ်သန်းခွင့်ပြုမည်

0
By Editor on December 24, 2022 Khonumthung

အိန္ဒိယနယ်စပ် ရိခေါဒါရ်မြို့နှင့် ကလေးမြို့ကြား လိုင်းပြေးဆွဲသော ကုန်တင်ကားများနှင့် ခရီးသွားပြည်သူများရဲ့ ဘေးကင်းလုံခြုံရေးအတွက် မနက် ၇ နာရီခွဲမှ ည ၅ နာရီခွဲအထိသာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ကြောင်း Mountain Eagle Defense Force အဖွဲ့က ယနေ့ ဒီဇင်ဘာ ၂၃ တွင် ထုတ်ပြန်ထားသည်။

ညနေပိုင်းအချိန်တွင် ပြည်သူများ အသွားလာလှုပ်ရှားမှုတွေ တွေ့မြင်သောတဲ့အခါ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ဟိုင်မွာလ်ရွာဘက်ဦးတည်ပြီး ရမ်းသမ်းပစ်ခတ်လေ့ရှိတာကြောင့် ခရီးသည်တင်၊ ကုန်တင်ယာဉ်များနှင့် ခရီးသည်များအနေဖြင့် ဟိုင်မွှလ်ရွာသစ်ကို မနက် ၇ နာရီခွဲမှ ည ၅ နာရီခွဲအထိသာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဟု MEDF က ဆိုသည်။

MEDF အဖွဲ့ တာဝန်ခံတစ်ဦးက “အခုလောလောဆယ်မှာတော့ ဘုရားမစ ကယ်မူတဲ့အတွက် ပြည်သူလူထု အထိအခိုက်မရှိသေးဘူး။ ဒါပေမဲ့ ပြည်သူတွေအတွက် တော်တော်အန္ဓရာယ်များတဲ့အတွက် အခုလိုထုတ်ပြန်တာဖြစ်ပါတယ်။ ညနေပိုင်း ကားတွေ၊ ဆိုင်ကယ်တွေ အသွား/အလာ နည်းနည်းရှိတဲ့အချိန်မှာ ပစ်တာ၊ ၆၀ မမ နဲ့လည်း လာပစ်တယ်၊ ၁၂၀ မမ နဲ့လည်း လာပစ်တယ်။ နောက်ပြီး လက်နက်ငယ်နဲ့ပစ်တာလည်းရှိတယ်” ဟု ပြောသည်။

အရေးပေါ်လူနာနှင့် ကျန်းမာရေးအခြေနေကြောင့် မဖြစ်မနေ ဖြတ်သန်းသွားလိုပါက MEDF ကို ဆက်သွယ်နိုင်သည်ဟု ၎င်းတို့ထုတ်ပြန်ချက်မှာ ​ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.