• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ကိုဗစ္ကာကြယ္ေရးအသံုးအေဆာင္အခက္ခဲျဖစ္ေနသည့္ ပလက္၀ၿမိဳ႕နယ္ စစ္ေဘးေရွာင္စခန္းမ်ားတြင္ ကိုဗစ္ကူးစက္မည္ကို စိုးရိမ္ရ

ကိုဗစ္ကာကြယ္ေရးအသံုးအေဆာင္အခက္ခဲျဖစ္ေနသည့္ ပလက္၀ၿမိဳ႕နယ္ စစ္ေဘးေရွာင္စခန္းမ်ားတြင္ ကိုဗစ္ကူးစက္မည္ကို စိုးရိမ္ရ

0
By Editor on November 25, 2020 Headline

#Unicode

By လားနွန် – စစ်ဘေးရှောင်ပြည်သူအမြောက်အများ ခိုလုံကြသော ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၄ ဦး တွေ့ရှိပြီးနောက်ပိုင်း ကိုဗစ်ကာကွယ်ရေးအသုံးဆောင်များ အခက်အခဲဖြစ်နေသည့် စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ကူးစက်မှုဖြစ်ပွားလာမည်ကို စိုးရိမ်ပူပန်နေကြသည်။

ပလက်ဝမြို့နယ်တိုက်ပွဲရှောင်နှင့် သဘာဝဘေးကူညီရေးအဖွဲ့ ဥက္ကဌ ဦးဇာနီက “ပလက်ဝမြို့မှာ ကိုဗစ်ပိုးတွေပြီဆိုတော့ စိုးရိမ်ရတာပေါ့ တိုက်ပွဲရှောင်တွေကိုတော့ အတတ်နိုင်ဆုံး အပြင်မထွက်ကြဖို့ မလိုအပ်ရင်အပြင်သိပ်မထွက်ခိုင်းဘူး၊ လက်ဆေးရည် (Hand Gel) တို့ဆိုတာက ဟိုးတခေါက်တိုက်ပွဲရှောင်တွေကို တစ်အိမ်ကို တစ်ဗူးနှုန်းပေးနိုင်တာရှိတယ် အခုနောက်ပိုင်း မပေးနိုင်တော့ဘူး Mask (နှာခေါင်းစည်း) တွေလည်းပဲ တစ်ချိူ့တွေကမဝယ်နိုင်ဘူး နည်းနည်းပါးပါးတော့ရှိတယ် ရောင်းတာတွေ တစ်ခါသုံးတွေ၊ အဲဒါလည်းလည်း တိုက်ပွဲရှောင်တွေမှာ ဝင်ငွေကမရှိတော့ အဲဒါလည်း မဝယ်နိုင်ကြဘူးလေ’’ ဟု ပြောသည်။

ပလက်ဝမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့မှ ပြန်လာသူ ကျောင်းသား လေးဦးထံတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများ လိုအပ်ချက်မြင့်မားနေသည့် စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပြန့်ပွားလာမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

လက်ရှိတွင် ပလက်ဝမြို့အဝင်၊အထွက်တွင်စစ်ဆေးရေးဂိတ်များထားရှိပြီး ကိုဗစ်ပိုးတွေ့ရှိသောဒေသများမှ ဝင်ရောက်လာ သူမည်သူမဆို ကျန်းမာရေးဌာနမှထုတ်ပြန်ချက်နှင့် အထောက်အထားများမပါရှိသည့်သူများကိုလည်း ကွာရန်တင်းထားရှိ ရန် မြို့နယ်ကွာရန်တင်း ကြီးကြပ်ရေးကော်မတီမှထုတ်ပြန်ထားကြောင်း သိရသည်။

ပလက်ဝမြို့ပေါ် စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ နီးပါးခန့်ရှိသည်။

အလားတူ စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ ကျော်ခန့်ရှိသည့် ပလက်ဝမြို့နယ် ဆမီးမြို့စစ်ဘေးရှောင်စခန်းတွင်လည်း ကိုဗစ်ရောဂါပိုးကူးစက်မှုဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်ဟု စစ်ဘေးရှောင်ပြည်သူများအား ကူညီဆောင်ရွက်ပေးနေ သည့် People Hope အဖွဲ့ဒါရိုက်တာ ဦးဇော်လီအောင်ကပြောသည်။

“အခု ကျနော်တို့ ဆမီးမြို့မှာတော့ ကိုဗစ် Positive ကတော့ တစ်ယောက်မှမတွေ့သေးပေမဲ့ အကယ်၍များတွေ့ခဲ့မယ်ဆို ရင် ကျနော်တို့က တိုက်ပွဲရှောင်မက ကျနော်တို့က လူစုလူဝေးတွေ နေ့တိုင်းဖြစ်ပြီးသားရှိကျတယ်ဆိုတော့ အဆောင်မှာ အားလုံးကစုပြုံလာနေတဲ့သူတွေဆိုတော့ ဖြစ်သွားခဲ့ရင် ကျနော်တို့အနေနဲ့ သက်ကြီးရွယ်အိုပိုင်းတွေမှာ သေဆုံးမှုတွေ လည်းရှိနိုင်ပါတယ် ပြီးတော့ ကျနော်တို့မှာက ခက်တာက သလိပ်စမ်းတဲ့ဟာတွေမရှိ ဘာကိရိယာတွေမှမရှိတော့ ကိုဗစ် ဖြစ်မှန်းမသိ မဖြစ်မှန်းမသိ ပြည်သူတွေကလည်း ကျန်းမာရေးအသိပညာတွေအားနည်းတဲ့အခါမှာ အဲလိုမျိုးအခက်အခဲတွေ စိန်ခေါ်မှုတွေအများကြီးရှိပါတယ်” ဟု People Hope အဖွဲ့ဒါရိုက်တာ ဦးဇော်လီအောင်ကပြောသည်။

ဆမီးမြို့တွင် စစ်ဘေးရှောင်စခန်း ၅ ခုရှိကာ စစ်ဘေးရှောင်ပြည်သူ ၃၄၀၀ ခန့်နေထိုင်ကြပြီး ကိုဗစ်ကာကွယ်ရေးအသုံး ဆောင်ပစ္စည်းများလိုအပ်မှုလည်း မြင့်မားနေသည်ဟု သိရသည်။

#Zawgyi

By လားႏြန္ – စစ္ေဘးေရွာင္ျပည္သူအေျမာက္အမ်ား ခိုလံုၾကေသာ ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္၀ၿမိဳ႕တြင္ ကိုဗစ္-၁၉ ပိုးေတြ႕လူနာ ၄ ဦး ေတြ႕ရွိၿပီးေနာက္ပိုင္း ကိုဗစ္ကာကြယ္ေရးအသံုးေဆာင္မ်ားအခက္အခဲျဖစ္ေနသည့္ စစ္ေဘးေရွာင္စခန္းမ်ားတြင္ ကိုဗစ္ကူးစက္မႈျဖစ္ပြားလာမည္ကို စိုးရိမ္ပူပန္ေနၾကသည္။ 

ပလက္၀ၿမိဳ႕နယ္တိုက္ပြဲေရွာင္ႏွင့္ သဘာဝေဘးကူညီေရးအဖြဲ႔ ဥကၠဌ ဦးဇာနီက “ ပလက္၀ၿမိဳ႕မွာ ကိုဗစ္ပိုးေတြၿပီဆိုေတာ့ စိုးရိမ္ရတာေပါ့ တိုက္ပြဲေရွာင္ေတြကိုေတာ့ အတတ္ႏိုင္ဆံုး အျပင္မထြက္ၾကဖို႔ မလိုအပ္ရင္အျပင္သိပ္မထြက္ခိုင္းဘူး၊ လက္ေဆးရည္(Hand Gel) တို႔ဆိုတာက ဟိုးတေခါက္တိုက္ပြဲေရွာင္ေတြကို တစ္အိမ္ကိုတစ္ဗူးႏႈန္းေပးႏိုင္တာရွိတယ္ အခုေနာက္ပိုင္း မေပးႏိုင္ေတာ့ဘူး Mask (ႏွာေခါင္းစည္း) ေတြလည္းပဲ တစ္ခ်ဴိ႕ေတြကမ၀ယ္ႏိုင္ဘူး နည္းနည္းပါးပါး ေတာ့ရွိတယ္ ေရာင္းတာေတြ တစ္ခါသံုးေတြ၊ အဲဒါလည္းလည္း တိုက္ပြဲေရွာင္ေတြမွာ ၀င္ေငြကမရွိေတာ့ အဲဒါလည္း မ၀ယ္ႏိုင္ၾကဘူးေလ’’ ဟု ေျပာသည္။ 

ပလက္ဝၿမိဳ႕တြင္ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၁၉ ရက္ေန႔က ရန္ကုန္ၿမိဳ႕မွ ျပန္လာသူ ေက်ာင္းသား ေလးဦးထံတြင္ ကိုဗစ္ပိုး ေတြ႕ရွိခဲ့ျခင္းျဖစ္ၿပီး ကိုဗစ္ကာကြယ္ေရးအသံုးအေဆာင္ပစၥည္းမ်ား လိုအပ္ခ်က္ျမင့္မားေနသည့္ စစ္ေဘးေရွာင္စခန္းမ်ား တြင္ ကိုဗစ္-၁၉ ေရာဂါပိုးကူးစက္ျပန္႔ပြားလာမည္ကို စိုးရိမ္ေနၾကျခင္းျဖစ္သည္။ 

လက္ရွိတြင္ ပလက္ဝျမဳိ႕အဝင္၊အထြက္တြင္စစ္ေဆးေရးဂိတ္မ်ားထားရွိျပီး ကုိဗစ္ပိုးေတြ႔ရွိေသာေဒသမ်ားမွ ဝင္ေရာက္လာ သူမည္သူမဆို က်န္းမာေရးဌာနမွထုတ္ျပန္ခ်က္ႏွင့္ အေထာက္အထားမ်ားမပါရွိသည့္သူမ်ားကိုလည္း ကြာရန္တင္းထားရွိ ရန္ ျမဳိ႕နယ္ကြာရန္တင္း ၾကီးၾကပ္ေရးေကာ္မတီမွထုတ္ျပန္ထားေၾကာင္း သိရသည္။

ပလက္၀ၿမိဳ႕ေပၚ စစ္ေဘးေရွာင္စခန္းတြင္ စစ္ေဘးေရွာင္ျပည္သူ ၅၀၀၀ နီးပါးခန္႔ရွိသည္။ 

အလားတူ စစ္ေဘးေရွာင္ျပည္သူ ၃၀၀၀ ေက်ာ္ခန္႔ရွိသည့္ ပလက္၀ၿမိဳ႕နယ္ ဆမီးၿမိဳ႕စစ္ေဘးေရွာင္စခန္းတြင္လည္း ကိုဗစ္ေရာဂါပိုးကူးစက္မႈျဖစ္ပြားလာမည္ကို စိုးရိမ္ေနၾကသည္ဟု စစ္ေဘးေရွာင္ျပည္သူမ်ားအား ကူညီေဆာင္ရြက္ေပးေန သည့္ People Hope အဖြဲ႕ဒါ႐ိုက္တာ ဦးေဇာ္လီေအာင္ကေျပာသည္။ 

“အခု က်ေနာ္တို႔ ဆမီးၿမိဳ႕မွာေတာ့ ကိုဗစ္ Positive ကေတာ့ တစ္ေယာက္မွမေတြ႕ေသးေပမဲ့ အကယ္၍မ်ားေတြ႕ခဲ့မယ္ဆို ရင္ က်ေနာ္တို႔က တိုက္ပြဲေရွာင္မက က်ေနာ္တို႔က လူစုလူေ၀းေတြ ေန႔တိုင္းျဖစ္ၿပီးသားရွိက်တယ္ဆိုေတာ့ အေဆာင္မွာ အားလံုးကစုျပံဳလာေနတဲ့သူေတြဆိုေတာ့ ျဖစ္သြားခဲ့ရင္ က်ေနာ္တို႔အေနနဲ႔ သက္ႀကီးရြယ္အိုပိုင္းေတြမွာ ေသဆံုးမႈေတြ လည္းရွိႏိုင္ပါတယ္ ၿပီးေတာ့ က်ေနာ္တို႔မွာက ခက္တာက သလိပ္စမ္းတဲ့ဟာေတြမရွိ ဘာကိရိယာေတြမွမရွိေတာ့  ကိုဗစ္ ျဖစ္မွန္းမသိ မျဖစ္မွန္းမသိ ျပည္သူေတြကလည္း က်န္းမာေရးအသိပညာေတြအားနည္းတဲ့အခါမွာ အဲလိုမ်ိဳးအခက္အခဲေတြ စိန္ေခၚမႈေတြအမ်ားႀကီးရွိပါတယ္” ဟု People Hope အဖြဲ႕ဒါ႐ိုက္တာ ဦးေဇာ္လီေအာင္ကေျပာသည္။

ဆမီးၿမိဳ႕တြင္ စစ္ေဘးေရွာင္စခန္း ၅ ခုရွိကာ စစ္ေဘးေရွာင္ျပည္သူ ၃၄၀၀ ခန္႔ေနထိုင္ၾကၿပီး ကိုဗစ္ကာကြယ္ေရးအသံုး ေဆာင္ပစၥည္းမ်ားလိုအပ္မႈလည္း ျမင့္မားေနသည္ဟု သိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

CNDF နှင့် စစ်ကောင်စီတပ်ဖွဲ့ နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိ

စစ််ခေါင်းဆောင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပက်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၃) ဖွဲမှ ကြေညာချက်ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.