• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကိုဗစ္-၁၉ လူနာအမွတ္ (၃၁၈) ၏ မိခင္ထံ ေရာဂါပိုးေတြ႕

ကိုဗစ္-၁၉ လူနာအမွတ္ (၃၁၈) ၏ မိခင္ထံ ေရာဂါပိုးေတြ႕

0
By Editor on July 21, 2020 Khonumthung

#Unicode

By လားနွန် – ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ အသက် (၅၄) နှစ်အရွယ် အမျိူးသမီးတစ်ဦးထံ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည်ဟု ဇူလိုင်လ (၁၉) ရက်နေ့က ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

အသက် (၅၄) နှစ်အရွယ် လူနာအမှတ် (၃၄၁) သည် ဇူလိုင်လ (၉) ရက်နေ့က ရောဂါပိုးတွေ့ရှိခဲ့သည့် တွန်းဇံမြို့နယ်၊ ဟိုင်ကျင်းကျေးရွာမှ အသက် (၆) နှစ်အရွယ် လူနာအမှတ် (၃၁၈) ၏ မိခင်ဖြစ်သည်။

၎င်းတို့သားအမိသည် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် Churachandpur (Lamka) မြို့မှ ဇွန်လ (၂၉) ရက်နေ့က နေရပ်ပြန်လာပြီး ဟိုင်ကျင်းကျေးရွာတွင် Facility Quarantine ဝင်လျက်ရှိသူများဖြစ်ကြကာ သားဖြစ်သူထံတွင် ကိုဗစ်-၁၉ ရောဂါပိုးအား ဇူလိုင်လ (၉) ရက်နေ့ကတွေ့ရှိခဲ့ကြသည်။

ထို့နောက် ဇူလိုင်လ (၁၀) ရက်နေ့တွင် လူနာအမှတ် (၃၁၈) သည် တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် မိခင်နှင့်အတူ ပို့ဆောင်ပြီးနောက် မိခင်ဖြစ်သူအား ဓာတ်ခွဲစစ်ဆေးရာတွင် ဇူလိုင်လ (၁၉) ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။

ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၁၂) ဦးထိရှိခဲ့ပြီး (၁၀) ဦးမှာ ရောဂါလက္ခဏာနှစ်ကြိမ်ဆက်တိုက် မတွေ့ရှိတော့သည့်အတွက် ဆေးရုံမှ ဆင်းသွားကြပြီးဖြစ်သည်။

#Unicode

By လားႏြန္ – ခ်င္းျပည္နယ္၊ တြန္းဇံၿမိဳ႕နယ္တြင္ အိႏၵိယနိုင္ငံမွ ေနရပ္ျပန္လာသူ အသက္ (၅၄) ႏွစ္အရြယ္ အမ်ိဴးသမီးတစ္ဦးထံ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိသည္ဟု ဇူလိုင္လ (၁၉) ရက္ေန႔က ျပည္ေထာင္စုက်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာခဲ့သည္။

အသက္ (၅၄) ႏွစ္အရြယ္ လူနာအမွတ္ (၃၄၁) သည္ ဇူလိုင္လ (၉) ရက္ေန႔က ေရာဂါပိုးေတြ႕ရွိခဲ့သည့္ တြန္းဇံၿမိဳ႕နယ္၊ ဟိုင္က်င္းေက်းရြာမွ အသက္ (၆) ႏွစ္အရြယ္ လူနာအမွတ္ (၃၁၈) ၏ မိခင္ျဖစ္သည္။

၎တို႔သားအမိသည္ အိႏၵိယနိုင္ငံ၊ မဏိပူရ္ျပည္နယ္ Churachandpur (Lamka) ၿမိဳ႕မွ ဇြန္လ (၂၉) ရက္ေန႔က ေနရပ္ျပန္လာၿပီး ဟိုင္က်င္းေက်းရြာတြင္ Facility Quarantine ဝင္လ်က္ရွိသူမ်ားျဖစ္ၾကကာ သားျဖစ္သူထံတြင္ ကိုဗစ္-၁၉ ေရာဂါပိုးအား ဇူလိုင္လ (၉) ရက္ေန႔ကေတြ႕ရွိခဲ့ၾကသည္။

ထို႔ေနာက္ ဇူလိုင္လ (၁၀) ရက္ေန႔တြင္ လူနာအမွတ္ (၃၁၈) သည္ တီးတိန္ၿမိဳ႕ျပည္သူ႔ေဆး႐ုံတြင္ မိခင္ႏွင့္အတူ ပို႔ေဆာင္ၿပီးေနာက္ မိခင္ျဖစ္သူအား ဓာတ္ခြဲစစ္ေဆးရာတြင္ ဇူလိုင္လ (၁၉) ရက္ေန႔က ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိခဲ့ၾကျခင္းျဖစ္သည္။

ခ်င္းျပည္နယ္တြင္ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕လူနာ (၁၂) ဦးထိရွိခဲ့ၿပီး (၁၀) ဦးမွာ ေရာဂါလကၡဏာႏွစ္ႀကိမ္ဆက္တိုက္ မေတြ႕ရွိေတာ့သည့္အတြက္ ေဆး႐ုံမွ ဆင္းသြားၾကၿပီးျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်တွင် မြန်မာနိုင်ငံသားတစ်ဦးထံ Crystal Meth စိတ်ကြွမူးယစ်ဆေးတစ်မျိုး ဖမ်းမိ

ဂန့်ဂေါမြို့နယ်ထဲက ပျူစောထီးနှင့်စကစ စခန်းကို PDF နှင့် CDF တို့ ပူးပေါင်းတိုက်ခိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မီဇိုရမ်တွင် ချင်းစစ်ဘေးရှောင်လူငယ်တစ်ဦးသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

September 21, 2023

ချင်းပြည်နယ်က စိုးရိမ်ဖွယ်ရာ တကျော့ပြန် ငှက်ဖျားရောဂါ

September 13, 2023

တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

September 9, 2023

ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.