Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကိုဗစ္-၁၉ ေၾကာင့္ (၇၃) ႏွစ္ေျမာက္ ခ်င္းအမ်ဴိးသားေန႔ က်င္းပရန္ မေသခ်ာေသး

ကိုဗစ္-၁၉ ေၾကာင့္ (၇၃) ႏွစ္ေျမာက္ ခ်င္းအမ်ဴိးသားေန႔ က်င္းပရန္ မေသခ်ာေသး

0
By Editor on January 5, 2021 Headline

#Unicode

လားနွန် – လာမည့် ဖေဖော်ဝါရီလ (၂၀) နေ့ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် ချင်းအမျိူးသားနေ့ပွဲတော်ကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်နယ်ဆင့်အနေဖြင့် ကျင်းပပြုလုပ်ရန် မသေချာသေးကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။

“လောလောဆယ်ဘာမှတော့အစီစဉ်မရှိသေးဘူး ဆွေးလည်းမဆွေးနွေးရသေးဘူး လွတ်လပ်ရေးနေ့တို့၊ တစ်ချိူ့ပွဲကြီး တွေတောင်မှ သိပ်မလုပ်ခိုင်းဘူးဆိုတော့လေ လူအများနဲ့လုပ်ဖို့ကြတော့ သိပ်အဆင်မပြေဘူး ကျင်းပဖြစ်မယ်ဆိုရင် တောင်မှ အကျဉ်းရုံးသဘောမျိူးနဲ့ပဲလုပ်ရမယ်ထင်တယ်’’ ဟု ဝန်ကြီး ဦးပေါင်လွန်မင်းထန် ကပြောသည်။

ချင်းလူမျိူးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ဖေဖော်ဝါရီလ (၂၀) ရက် ချင်းအမျိူးသားနေ့ကို ချင်းပြည်နယ်အစိုးရ အဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်အဆင့်အနေဖြင့် နှစ်စဉ်စဉ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ကြသည်။ သို့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ယခုနှစ်တွင်ကျင်းပပြုရန် မသေချာသေးခြင်းဖြစ်သည်။

ပြီးခဲ့သည့် (၇၂) နှစ်မြောက် ချင်းအမျိူးသားနေ့ပွဲတော်ကို ချင်းပြည်နယ် ထန်တလန်မြို့တွင် ပြည်နယ်ဆင့် အနေဖြင့် ကျင်းပခဲ့ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ချီး မြင့်ခဲ့သည်။

လွန်ခဲ့သည့် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၉ မှ ၂၂ ရက်နေ့အထိ ချင်းပြည်နယ် ဖလမ်းမြို့တွင် ကျင်းပခဲ့ကြသော ပထမဦးဆုံးအကြိမ် ချင်းအမျိူးသား ညီလာခံတွင် တက်ရောက် လာခဲ့ကြသော ချင်းအမျိူးသားလူထုကိုယ်စားလှယ်ပေါင်း ငါးထောင်ကျော်က သက်ဦးစံပိုင်မြေရှင်ပဒေသရာဇ်စနစ်အုပ်ချူပ်မှုကို ကန့်ကွက်ဖယ်ရှားလိုက်ကြပြီး ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ရွေးချယ်ခဲ့ကြသည်။

၁၉၅၀ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က ကျင်းပခဲ့သော ချင်းရေးရာကောင်စီအစည်းအဝေးတွင် ပထမဦးဆုံးအကြိမ် ချင်းအမျိူးသား ညီ လာခံကျင်းပခဲ့သည့်ရက်ကိုအစွဲပြု၍ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကို ချင်းအမျိူးသားနေ့အဖြစ် သတ်မှတ်ခဲ့ ပြီး နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့ရောက်သည့်အခါ အမျိူးသားနေ့ကို စည်ကားသိုက်မြိုက်စွာ ဆင်နွဲလေ့ရှိကြသည်။

#Zawgyi

လားႏြန္ – လာမည့္ ေဖေဖာ္ဝါရီလ (၂၀) ေန႔ရက္ေန႔တြင္ က်ေရာက္မည့္ (၇၃) ႏွစ္ေျမာက္ ခ်င္းအမ်ဴိးသားေန႔ပြဲေတာ္ကို ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ျပည္နယ္ဆင့္အေနျဖင့္ က်င္းပျပဳလုပ္ရန္ မေသခ်ာေသးေၾကာင္း ခ်င္းျပည္ နယ္ လူမႈေရး၀န္ႀကီး ဦးေပါင္လြန္မင္းထန္ကေျပာသည္။ 

“ေလာေလာဆယ္ဘာမွေတာ့အစီစဥ္မရွိေသးဘူး ေဆြးလည္းမေဆြးေႏြးရေသးဘူး လြတ္လပ္ေရးေန႔တို႔၊ တစ္ခ်ဴိ႕ပြဲႀကီး ေတြေတာင္မွ သိပ္မလုပ္ခိုင္းဘူးဆိုေတာ့ေလ လူအမ်ားနဲ႔လုပ္ဖို႔ၾကေတာ့ သိပ္အဆင္မေျပဘူး က်င္းပျဖစ္မယ္ဆိုရင္ ေတာင္မွ အက်ဥ္းရံုးသေဘာမ်ဴိးနဲ႔ပဲလုပ္ရမယ္ထင္တယ္’’ ဟု ၀န္ႀကီး ဦးေပါင္လြန္မင္းထန္ ကေျပာသည္။ 

ခ်င္းလူမ်ဴိးတို႔၏ ေန႔ထူးေန႔ျမတ္ျဖစ္ေသာ ေဖေဖာ္ဝါရီလ (၂၀) ရက္ ခ်င္းအမ်ဴိးသားေန႔ကို ခ်င္းျပည္နယ္အစိုးရ အဖြဲ႔၏ ဦးေဆာင္မႈျဖင့္ ျပည္နယ္အဆင့္အေနျဖင့္ ႏွစ္စဥ္စဥ္တိုင္း စည္ကားသိုက္ၿမိဳက္စြာ က်င္းပလာခဲ့ၾကသည္။ သို႔ေသာ္လည္း ကိုဗစ္-၁၉ ကပ္ေရာဂါအေျခအေနေၾကာင့္ ယခုႏွစ္တြင္က်င္းပျပဳရန္ မေသခ်ာေသးျခင္းျဖစ္သည္။ 

ၿပီးခဲ့သည့္ (၇၂) ႏွစ္ေျမာက္ ခ်င္းအမ်ဴိးသားေန႔ပြဲေတာ္ကို ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕တြင္ ျပည္နယ္ဆင့္ အေနျဖင့္ က်င္းပခဲ့ၾကၿပီး ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ တက္ေရာက္ခ်ီး ျမင့္ခဲ့သည္။ 

လြန္ခဲ့သည့္ ၁၉၄၈ ခုႏွစ္ ေဖေဖာ္၀ါရီလ ၁၉ မွ ၂၂ ရက္ေန႔အထိ ခ်င္းျပည္နယ္ ဖလမ္းျမိဳ႕တြင္ က်င္းပခဲ့ၾကေသာ  ပထမဦးဆံုးအႀကိမ္ ခ်င္းအမ်ဴိးသား ညီလာခံတြင္ တက္ေရာက္ လာခဲ့ၾကေသာ ခ်င္းအမ်ဴိးသားလူထုကိုယ္စားလွယ္ေပါင္း ငါးေထာင္ေက်ာ္က သက္ဦးစံပိုင္ေျမရွင္ပေဒသရာဇ္စနစ္အုပ္ခ်ဴပ္မႈကို ကန္႔ကြက္ဖယ္ရွားလိုက္ၾကျပီး ဒီမိုကေရစီ အုပ္ခ်ဳပ္ေရးစနစ္ကို ေရြးခ်ယ္ခဲ့ၾကသည္။ 

၁၉၅၀ ခုႏွစ္ ေအာက္တိုဘာလ ၉ ရက္ေန႔က က်င္းပခဲ့ေသာ ခ်င္းေရးရာေကာင္စီအစည္းအေ၀းတြင္ ပထမဦးဆံုးအၾကိမ္ ခ်င္းအမ်ဴိးသား ညီ လာခံက်င္းပခဲ့သည့္ရက္ကိုအစြဲျပဳ၍ ေဖေဖာ္၀ါရီ ၂၀ ရက္ေန႔ကို ခ်င္းအမ်ဴိးသားေန႔အျဖစ္ သတ္မွတ္ခဲ့ ၿပီး ႏွစ္စဥ္ႏွစ္တိုင္း ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔ေရာက္သည့္အခါ အမ်ဴိးသားေန႔ကို စည္ကားသိုက္ၿမိဳက္စြာဆင္ႏြဲေလ့ရွိၾက သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်၏ ရိုဟင်ဂျာများအပေါ် ဂျီနိုဆိုက် ကျူးလွန်ခဲ့ကြောင်း ICJ စီရင်ချက်ကို ချင်းအပါအဝင် မြန်မာအရပ်ဖက်အဖွဲ့ ၂၀၀ ကျော် ကြိုဆို

ကလေးမြို့ပေါ်တွင် လူသုံးများသော မီးသွေး တစ်အိတ်လျှင် ငါးသောင်းနီးပါးအထိမြင့်တက်လာ

ပလက်ဝ၊ သူဌေးကုန်းရွာအနီး လေကြောင်းတိုက်ခိုက်မှု ကလေးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် လူ ၁၂ ဦးအစုအပြုံလိုက်သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 23, 2026

“ချင်းပြည်လွတ်မြောက်နိုင်ဖို့ အားလုံးကစုပြီးတော့မှ ခုခံတွန်းလှန်ရမယ်၊ တော်လှန်ရမယ်ဆိုတဲ့ အခြေခံပေါ်မှာ မူတည်ပြီးတော့မှ တွေ့ဆုံကြတာဖြစ်တယ်”

November 4, 2026

“ကျူးလွန်ခံရတဲ့ လူတိုင်းက တရားမျှတမှုကို လိုလားပြီး တောင်းတနေကြတယ်”

September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 23, 2026

ကျွန်ုပ်တို့၏ ရင်သွေးငယ်များ ပျော်ရွှင်စွာ ဆော့ကစားရာ တစ်ချို့ပတ်ဝန်းကျင်တွင် မြေမြုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်သောပစ္စည်းတွေကြောင့် အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ရှိနေဆဲဖြစ်ပါသည်။ မိဘများနှင့် ဆရာ/ဆရာမများ ပူးပေါင်း၍ ကလေးများကို အမြဲတမ်း သတိပေးလမ်းညွှန်နေရန် လိုအပ်ပါသည်။

November 23, 2026

“ချင်းပြည်လွတ်မြောက်နိုင်ဖို့ အားလုံးကစုပြီးတော့မှ ခုခံတွန်းလှန်ရမယ်၊ တော်လှန်ရမယ်ဆိုတဲ့ အခြေခံပေါ်မှာ မူတည်ပြီးတော့မှ တွေ့ဆုံကြတာဖြစ်တယ်”

November 20, 2026

စစ်တပ်၏ ရိုဟင်ဂျာများအပေါ် ဂျီနိုဆိုက် ကျူးလွန်ခဲ့ကြောင်း ICJ စီရင်ချက်ကို ချင်းအပါအဝင် မြန်မာအရပ်ဖက်အဖွဲ့ ၂၀၀ ကျော် ကြိုဆို

November 20, 2026

ချင်းနိုင်ငံရေးသမား ဒေါက်တာငိုင်းတမ်မောင်း NUG အစိုးရအဖွဲ့၏ ပြည်ထောင်စုဝန်ကြီးဖြစ်လာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.