• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ကုမၸဏီႏွင့္ ဌာနဆိုင္ရာအၾကား ခ်ဴပ္ဆိုေသာ အဓိကအခ်က္အလက္မ်ား အသိေပးေရးအဆို ခ်င္းလႊတ္ေတာ္အတည္ျပဳ

ကုမၸဏီႏွင့္ ဌာနဆိုင္ရာအၾကား ခ်ဴပ္ဆိုေသာ အဓိကအခ်က္အလက္မ်ား အသိေပးေရးအဆို ခ်င္းလႊတ္ေတာ္အတည္ျပဳ

0
By Editor on June 22, 2020 Headline

#Zawgyi

ခ်င္းျပည္နယ္အတြင္း ေဒသဖြံ႔ၿဖိဳးေရးလုပ္ငန္းမ်ားေဆာင္ရြက္ရန္ ဌာနဆိုင္ရာမ်ားႏွင့္ ကုမၸဏီမ်ားအၾကား ခ်ဴပ္ဆိုထားေသာ စာခ်ဴပ္ပါအဓိကအခ်က္အလက္မ်ားအား လုပ္ငန္းေအာင္ျမင္ေစေရးအတြက္ တစ္ဖက္တစ္လမ္းမွ ပါ၀င္ႀကီးၾကပ္မႈ တာ၀န္ယူရေသာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ သက္ဆိုင္ရာဌာန ခရိုင္/ၿမိဳ႕နယ္ႏွင့္ ေက်းရြာအုပ္ခ်ဴပ္ေရးမွဴးမ်ားကို အသိေပးရန္ဆိုသည့္ ခ်င္းျပည္နယ္အစိုးရအား တိုက္တြန္းသည့္အဆိုကို ခ်င္းျပည္နယ္လႊတ္ေတာ္က အတည္ျပဳလိုက္သည္။

ယင္းအဆိုကို ထန္တလန္ၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္ (၁) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဗန္ေထာင္းက  ၿပီးခဲ့သည့္ဇြန္လ (၁၈) ရက္ေန႔က က်င္းပျပဳလုပ္ေသာ ဒုတိယအႀကိမ္ေျမာက္ ခ်င္းျပည္နယ္လႊတ္ေတာ္အထူးအစည္း အေ၀းပထမေန႔တြင္ တင္းသြင္းၿပီး ဇြန္လ (၁၉) ရက္ လႊတ္ေတာ္အထူးအစည္းအေ၀းဒုတိယေန႔တြင္ ေဆြးေႏြးအတည္ျပဳခဲ့ၾကျခင္းျဖစ္သည္။

“ေဒသဖြံ႔ၿဖိဳးေရးလုပ္ငန္းေတြ ကုမၸဏီကေနၿပီးမွ ေဆာင္ရြက္တဲ့အခါမွာ တခ်ဴိ႕ေနရာမွာ လူျမင္ရင္ေတာင္မ သင့္ေတာ္တဲ့အရာေတြ ပစၥည္းအရည္အေသြးအရေသာ္လည္းေကာင္း၊ အေရအတြက္အရေသာ္လည္းေကာင္း၊ အဲလိုမ်ဴိးခြ်က္ယြင္းတာေတြ အားနည္းတာေတြရွိတတ္တယ္၊ က်ေနာ္တို႔လႊတ္တာ္ကိုယ္စားလွယ္ကေသာ္လည္းေကာင္း၊ ခရိုင္/ၿမိဳ႕နယ္အုပ္ခ်ဴပ္ေရးမွဴးတို႔၊ သက္ဆိုင္ရာဌာနဆိုင္ရာေတြကသြားေျပာတဲ့အခါမွာ စာခ်ဴပ္ထဲမွာဒီလို ဘဲပါတယ္ဆိုၿပီး ျပန္ၿပီးေတာ့မွအေျပာခံရတတ္တယ္ ေနာက္တခ်က္က ဥပမာ ပညာေရးဌာနကအေဆာက္အဦးေဆာက္တယ္ ေက်းရြာေတြမွာေက်ာင္းေဆာင္ေတြေဆာက္တယ္ သက္ဆိုင္ရာပညာေရးဌာနကေနမသိရဘူး မသိအခါက်ေတာ့ သူတို႔ဟာသူတို႔လာလုပ္တယ္ သူတို႔ဟာသူတို႔ၿပီးသြားတယ္ ၿပီးၾကမွလာစစ္ေဆးတယ္ ခမ်ားတို႔ဌာနဘဲ မႀကီးၾကပ္ဘူးလား မသိရေကာင္းလားဆိုၿပီး အေျပာဆိုခံရတဲ့ဟာမ်ဴိးေတြရွိတယ္၊ ဒါေၾကာင့္ ကုမၸဏီနဲ႔က ျပည္နယ္အဆင့္မွာစာခ်ဴပ္ခ်ဴပ္ၾက တယ္၊ ျပည္နယ္က ခရိုင္ကို အသိေပးရမယ္၊ ၿမိဳ႕နယ္ ေက်းရြာအုပ္ခ်ဴပ္ေရးမွဴးအဆင့္ထိ အသိေပးရမယ္ အဲဒီလိုအသိေပးမွဘဲ က်ေနာ္တို႔ကို ၀ိုင္း၀န္းေျပာဆိုလို႔ရမယ္ ကုမၸဏီကိုလည္း အႀကံေပးလို႔မယ္ဆိုတဲ့ ရည္ရြယ္ခ်က္နဲ႔ဒီအဆိုကိုတင္သြင္းတာျဖစ္တယ္” ဟု လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဗန္ေထာင္းကေျပာသည္။

ခ်င္းျပည္နယ္တြင္ ေဒသဖြံ႔ၿဖိဳးေရးလုပ္ငန္းအမ်ဴိမ်ဴိး(လမ္းေဖာက္လုပ္ျခင္း)ႏွင့္ (အျခားတည္ေဆာက္ေရးလုပ္ငန္းအမ်ဴိးမ်ဴိး)အား တင္ဒါမ်ားေခၚယူကာ ကုမၸဏီအသီးသီးက ႏွစ္စဥ္အေကာင္အထည္ေဖာ္ေဆာင္ရြက္လ်က္ရွိၾကၿပီး ယင္းကဲ့သို႔ အေကာင္အထည္ေဖာ္ေဆာင္ရာတြင္ လုပ္ငန္းမ်ား ျပည့္မီရန္၊ စံခ်ိန္စံညြန္းအတိုင္းေဆာင္ရြက္ရန္ အစိုးရအဖြဲ႔၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ခရိုင္/ၿမိဳ႕နယ္၊ ေက်းရြာအုပ္ခ်ဴပ္ေရးမွဴးမ်ားက ႀကီးၾကပ္ေဆာင္ရြက္လ်က္ရွိၾကေသာ္လည္း ကုမၸဏီႏွင့္ ျပည္နယ္အဆင့္ ခ်ဳပ္ဆိုေသာ စာခ်ဴပ္ပါအဓိကအခ်က္မ်ားကို အေသးစိတ္သိရွိျခင္းမရွိသည့္အတြက္ သြားေရာက္စစ္ေဆးႀကီးၾကပ္သည့္အခါ အခက္အခဲႀကံဳေတြ႔ေလ့ရွိၾကျခင္းျဖစ္သည္။

ထို႔ေၾကာင့္ ကုမၸဏီႏွင့္ အစိုးရအၾကားခ်ဴပ္ဆိုေသာ စာခ်ဴပ္ပါအဓိကအခ်က္အလက္မ်ားအား ေအာက္ေျခဌာနဆိုင္ရာအထိ အသိေပးရန္ဆိုသည့္အဆိုကို လႊတ္ေတာ္သို႔တင္သြင္းရျခင္းျဖစ္ၿပီး ယင္းအဆိုကို လႊတ္ေတာ္ကိုအတည္ျပဳသည့္အတြက္ ေနာက္ေနာင္ဖြံ႔ၿဖိဳးေရးလုပ္ငန္းမ်ားေဆာင္ရြက္သည့္အခါ သတ္မွတ္ထားသည့္စံခ်ိန္စံညြန္းမ်ားႏွင့္အညီေဆာင္ရြက္လာႏုိင္မည္ဟု ယံုၾကည္ေၾကာင္း ဦးဗန္ေထာင္းကေျပာသည္။

“ေနာင္မွာ ၀ိုင္း၀န္းၿပီးေတာ့ ႀကီးၾကပ္မယ့္အခါက်ေတာ့ ႀကီးၾကပ္သူအေရအတြက္နည္းေနတာထက္ေတာ့ ပိုၿပီးေတာ့မွ ၿပီၿပီျပင္ျပင္သတ္မွတ္ထားေသာစံခ်ိန္စံညြန္းအတိုင္း သတ္မွတ္ထားတဲ့စည္းကမ္းခ်က္ေတြအတိုင္း ပိုၿပီးေတာ့မွေဆာင္ရြက္ လာႏုိင္မယ္လို႔ယံုၾကည္ပါတယ္’’ ဟု ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဗန္ေထာင္းကေျပာသည္။

မတူပီၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၁) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္လ်န္ကလည္း စာခ်ဴပ္ပါအဓိကအခ်က္အလက္မ်ား မိတၱဳမ်ားအား သိရွိျခင္းအားျဖင့္ လုပ္ငန္းႀကီးၾကပ္မႈပိုင္းတြင္ မ်ားစြာအေထာက္အကူျပဳမည္ဟု ေျပာသည္။

“အဲဒီအဆိုကို က်ေနာ္တို႔အတည္ျပဳလုိက္ေတာ့ သက္ဆုိင္ရာ ေက်းရြာအုပ္ခ်ဴပ္ေရးမွဴးေတြကလည္း ဒီစာခ်ဴပ္စာတန္းေတြကို သိရတာေပါ့ေနာ္ ဒီစာခ်ဴပ္စာတန္းေတြကို ၾကည့္ၿပီးေတာ့ ႀကီးၾကပ္လို႔ရတာေပါ့ သက္ဆိုင္ရာဌာနဆိုင္ရာေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကလည္း ခ်က္ျခင္းခ်က္ျခင္းနဲ႔ လုပ္ငန္းခြင္ထဲမေရာက္ႏုိင္ေတာ့ ဒီစာခ်ဴပ္စာတန္းမိတၱဴေတြသာ ေက်းရြာအုပ္ခ်ဴပ္ေရးမွဴးမ်ားဆီေရာက္ရင္ ပိုၿပီးေတာ့ ထိေရာက္မွာပါ၊ ေက်းရြာအုပ္ခ်ဴပ္ေရးမွဴးေတြကလည္း စာခ်ဴပ္ကိုကိုင္ၿပီးေတာ့ ကန္ထရိုက္တာေတြကို ႀကီးၾကပ္လို႔ရတာေပါ့’’ ဟု ဦးေအာင္လ်န္ကေျပာသည္။

#Unicode

ချင်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ဌာနဆိုင်ရာများနှင့် ကုမ္ပဏီများအကြား ချူပ်ဆိုထားသော စာချူပ်ပါအဓိကအချက်အလက်များအား လုပ်ငန်းအောင်မြင်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ကြီးကြပ်မှုတာဝန် ယူရသော လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာန ခရိုင်/မြို့နယ်နှင့် ကျေးရွာအုပ်ချူပ်ရေးမှူးများကို အသိပေးရန်ဆိုသည့် ချင်းပြည်နယ်အစိုးရအား တိုက်တွန်းသည့်အဆိုကို ချင်းပြည်နယ်လွှတ်တော်က အတည်ပြုလိုက်သည်။

ယင်းအဆိုကို ထန်တလန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဗန်ထောင်းက ပြီးခဲ့သည့်ဇွန်လ (၁၈) ရက်နေ့က ကျင်းပပြုလုပ်သော ဒုတိယအကြိမ်မြောက် ချင်းပြည်နယ်လွှတ်တော်အထူးအစည်း အဝေးပထမနေ့တွင် တင်းသွင်းပြီး ဇွန်လ (၁၉) ရက် လွှတ်တော်အထူးအစည်းအဝေးဒုတိယနေ့တွင် ဆွေးနွေးအတည်ပြုခဲ့ကြခြင်းဖြစ်သည်။

“ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ကုမ္ပဏီကနေပြီးမှ ဆောင်ရွက်တဲ့အခါမှာ တချိူ့နေရာမှာ လူမြင်ရင်တောင်မ သင့်တော်တဲ့အရာတွေ ပစ္စည်းအရည်အသွေးအရသော်လည်းကောင်း၊ အရေအတွက်အရသော်လည်းကောင်း၊ အဲလိုမျိူးချွက်ယွင်းတာတွေ အားနည်းတာတွေရှိတတ်တယ်၊ ကျနော်တို့လွှတ်တာ်ကိုယ်စားလှယ်ကသော်လည်းကောင်း၊ ခရိုင်/မြို့နယ်အုပ်ချူပ်ရေးမှူးတို့၊ သက်ဆိုင်ရာဌာနဆိုင်ရာတွေကသွားပြောတဲ့အခါမှာ စာချူပ်ထဲမှာဒီလို ဘဲပါတယ်ဆိုပြီး ပြန်ပြီးတော့မှအပြောခံရတတ်တယ် နောက်တချက်က ဥပမာ ပညာရေးဌာနကအဆောက်အဦးဆောက်တယ် ကျေးရွာတွေမှာကျောင်းဆောင်တွေဆောက်တယ် သက်ဆိုင်ရာပညာရေးဌာနကနေမသိရဘူး မသိအခါကျတော့ သူတို့ဟာသူတို့လာလုပ်တယ် သူတို့ဟာသူတို့ပြီးသွားတယ် ပြီးကြမှလာစစ်ဆေးတယ် ခများတို့ဌာနဘဲ မကြီးကြပ်ဘူးလား မသိရကောင်းလားဆိုပြီး အပြောဆိုခံရတဲ့ဟာမျိူးတွေရှိတယ်၊ ဒါကြောင့် ကုမ္ပဏီနဲ့က ပြည်နယ်အဆင့်မှာစာချူပ်ချူပ်ကြ တယ်၊ ပြည်နယ်က ခရိုင်ကို အသိပေးရမယ်၊ မြို့နယ် ကျေးရွာအုပ်ချူပ်ရေးမှူးအဆင့်ထိ အသိပေးရမယ် အဲဒီလိုအသိပေးမှဘဲ ကျနော်တို့ကို ဝိုင်းဝန်းပြောဆိုလို့ရမယ် ကုမ္ပဏီကိုလည်း အကြံပေးလို့မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဒီအဆိုကိုတင်သွင်းတာဖြစ်တယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဗန်ထောင်းကပြောသည်။

ချင်းပြည်နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအမျိူမျိူး(လမ်းဖောက်လုပ်ခြင်း)နှင့် (အခြားတည်ဆောက်ရေးလုပ်ငန်းအမျိူးမျိူး)အား တင်ဒါများခေါ်ယူကာ ကုမ္ပဏီအသီးသီးက နှစ်စဉ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြပြီး ယင်းကဲ့သို့ အကောင်အထည်ဖော်ဆောင်ရာတွင် လုပ်ငန်းများ ပြည့်မီရန်၊ စံချိန်စံညွန်းအတိုင်းဆောင်ရွက်ရန် အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်၊ ကျေးရွာအုပ်ချူပ်ရေးမှူးများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြသော်လည်း ကုမ္ပဏီနှင့် ပြည်နယ်အဆင့် ချုပ်ဆိုသော စာချူပ်ပါအဓိကအချက်များကို အသေးစိတ်သိရှိခြင်းမရှိသည့်အတွက် သွားရောက်စစ်ဆေးကြီးကြပ်သည့်အခါ အခက်အခဲကြုံတွေ့လေ့ရှိကြခြင်းဖြစ်သည်။

ထို့ကြောင့် ကုမ္ပဏီနှင့် အစိုးရအကြားချူပ်ဆိုသော စာချူပ်ပါအဓိကအချက်အလက်များအား အောက်ခြေဌာနဆိုင်ရာအထိ အသိပေးရန်ဆိုသည့်အဆိုကို လွှတ်တော်သို့တင်သွင်းရခြင်းဖြစ်ပြီး ယင်းအဆိုကို လွှတ်တော်ကိုအတည်ပြုသည့်အတွက် နောက်နောင်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်သည့်အခါ သတ်မှတ်ထားသည့်စံချိန်စံညွန်းများနှင့်အညီဆောင်ရွက်လာနိုင်မည်ဟု ယုံကြည်ကြောင်း ဦးဗန်ထောင်းကပြောသည်။

“နောင်မှာ ဝိုင်းဝန်းပြီးတော့ ကြီးကြပ်မယ့်အခါကျတော့ ကြီးကြပ်သူအရေအတွက်နည်းနေတာထက်တော့ ပိုပြီးတော့မှ ပြီပြီပြင်ပြင်သတ်မှတ်ထားသောစံချိန်စံညွန်းအတိုင်း သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေအတိုင်း ပိုပြီးတော့မှဆောင်ရွက် လာနိုင်မယ်လို့ယုံကြည်ပါတယ်’’ ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဗန်ထောင်းကပြောသည်။

မတူပီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်ကလည်း စာချူပ်ပါအဓိကအချက်အလက်များ မိတ္တုများအား သိရှိခြင်းအားဖြင့် လုပ်ငန်းကြီးကြပ်မှုပိုင်းတွင် များစွာအထောက်အကူပြုမည်ဟု ပြောသည်။

“အဲဒီအဆိုကို ကျနော်တို့အတည်ပြုလိုက်တော့ သက်ဆိုင်ရာ ကျေးရွာအုပ်ချူပ်ရေးမှူးတွေကလည်း ဒီစာချူပ်စာတန်းတွေကို သိရတာပေါ့နော် ဒီစာချူပ်စာတန်းတွေကို ကြည့်ပြီးတော့ ကြီးကြပ်လို့ရတာပေါ့ သက်ဆိုင်ရာဌာနဆိုင်ရာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ချက်ခြင်းချက်ခြင်းနဲ့ လုပ်ငန်းခွင်ထဲမရောက်နိုင်တော့ ဒီစာချူပ်စာတန်းမိတ္တူတွေသာ ကျေးရွာအုပ်ချူပ်ရေးမှူးများဆီရောက်ရင် ပိုပြီးတော့ ထိရောက်မှာပါ၊ ကျေးရွာအုပ်ချူပ်ရေးမှူးတွေကလည်း စာချူပ်ကိုကိုင်ပြီးတော့ ကန်ထရိုက်တာတွေကို ကြီးကြပ်လို့ရတာပေါ့’’ ဟု ဦးအောင်လျန်ကပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရေးပေါ်ကာလ နောက် ၆ လ ထပ်မံသက်တမ်းတိုး

ဖလမ်းမြို့နယ် Non-CDM ပညာရေးဝန်ထမ်းများလစာငွေ သိန်း ၈၀၀ ကျော် ဓားပြတိုက်ခံရဟုဆို

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် မင်းတပ်မြို့နယ်မှ ကလေး ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.