• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Featured»“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

0
By Editor on April 18, 2022 Featured

Chinland Joint Defense Committee (CDJC) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုပေါလုနှင့် ဆက်သွယ်မေးမြန်းချက်

ခိုနူမ်းသုန်သတင်း၊ ၁၈ ဧပြီ ၂၀၂၂

ချင်းကာကွယ်ရေး ပူးပေါင်းကော်မတီ – Chinland Joint Defense Committee (CDJC) ရဲ့ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဧပြီလ ၇ ရက်ကနေ ၁၂ ရက်နေ့အထိ ချင်းအမျိူးသားတပ်ဦး CNF ဗဟိုဌာနချုပ် ဝိတိုရိယစခန်းမှာ ကျင်းပပြုလုပ်ခဲ့ကြပြီး အဲဒီအစည်းအဝေးမှာ Zomi Revolution Organization/Zomi Revolution Army (Eastern Command) အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ကြတယ်လို့ သိရပါတယ်။

ZRA/ZRO (Eastern Command) ကို ဘာကြောင့် ခုလိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ကြတာပါလဲ။ ဒီလိုသတ်မှတ်လိုက်တဲ့ အပေါ် ဘယ်လို အကျိူးသက်ရောက်မှုတွေ ဘယ်လိုရှိလာနိုင်ပါသလဲ။

ဒီကိစ္စနှင့်ပတ်သက်ပြီး Chinland Joint Defense Committee (CDJC) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုပေါလုကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ Chinland Joint Defense Committee (CJDC) အနေနဲ့ တတိယအကြိမ်မြောက် ပုံမှန်အစည်း အဝေးထုတ်ပြန်ချက်မှာ ZRO/ZRA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်တယ်ဆိုပြီး သိရပါတယ်။ ဘယ်လိုအခြေအနေတွေကြောင့် အဲဒီလိုသတ်မှတ် လိုက်ရတာဘာလဲ။

ဖြေ။ ။ CJDC အဖွဲ့ဝင်တွေလှုပ်ရှားတဲ့နေရာတွေမှာ ZRA/ZRO (Eastern Command) အဖွဲ့တွေအနေနဲ့ နှောက်ယှက်ပြီးတော့ ဖမ်းဆီးသတ်ဖြတ်တဲ့ခိုင်လုံတဲ့သက်သေအထောက်အထားတွေကျနော်တို့ဆီမှာရှိတယ်၊ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့မှ ကျနော်တို့အဖွဲ့ဝင်တွေဖြစ်တဲ့ အဖွဲ့အစည်းတွေအပေါ်မှာ ဖိနှိပ်တာ၊ ဖမ်းဆီးပြီးတော့မှ နှိပ်စက်တာပေါ့လေ အဲ့လိုအချက်အလက်တွေ ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာလို့ပြောချင်တယ်။

မေး။ ။ ZRO/ZRA က စစ်ကောင်စီတပ်နဲ့ တကယ်ပဲ ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်ဆိုတာတကယ်ပဲလား။ ဘယ်လို အထောက်အထားတွေရထားလဲ။

ဖြေ။ ။ ကျွန်တော်တို့ ချင်းကာကွယ်ရေးတပ်ဖွဲ့နဲ့ ZRO/ZRA နဲ့ ကျွန်တော်တို့ တိုက်ပွဲဖြစ်တယ်ဆိုတာလည်း သတင်းဌာနတွေမှာဖော်ပြပြီးသားဖြစ်ပါတယ်။ အဲ့လိုမျိုးတိုက်ပွဲတွေဖြစ်ပွားတဲ့နေရာမှာလည်း သူတို့ရဲ့လက်န က်သုံးစွဲရေး၊ လက်နက်ခဲယမ်းတွေ သူတို့ဖက်မှာ ကိုင်ဆောင်တဲ့လက်နက်အမျိုးအစားတွေကအစ ကျနော်တို့ဆီ အပြည့်အဝသက်သေခိုင်လုံတဲ့သက်သေရှိတယ်၊ ပြီးတော့မှ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လုပ်ဆောင်တဲ့ အချက်တွေက ဒီထက်ပိုပြီးခိုင်လုံတဲ့အထောက်အထားတွေ ကျွန်တော်တို့စီမှာ ရှိပါတယ်။

မေး။ ။ ZRO/ZRA ကို ခုလိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်လိုက်တော့ ZRO/ZRA နဲ့ ချင်းလက်နက်ကိုင်အဖွဲ့ အစည်း ကြားမှာ စစ်ရေးအခြေအနေက ဘယ်လိုရှိလာနိုင်လဲ။

ဖြေ။ ။ ZRO/ZRA (Eastern Command) ကျွန်တော်တို့အနေနဲ့ အခုအကြမ်းဖက်အဖွဲ့အစည်းအနေနဲ့ သတ်မှတ်ပြီး သားဖြစ်တဲ့အတွက်ကြောင့် ချင်းအမျိုးသားတော်လှန်ရေးလို့ပဲပြောပြော၊ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန့်ဖို့ ဖွဲ့စည်းထား တဲ့ (CJDC) အဖွဲ့ဝင်အကုန်လုံး စုပေါင်းပြီးတော့မှ သွားနေကြတာပေါ့လေ ဒီနိုင်ငံရေးကို တော်လှန်ရေးလှုပ်နေကြတဲ့ အချိန်မှာ (CJDC) အဖွဲ့ဝင် အဖွဲ့တဖွဲ့ကို နှောက်ယှက်ခြင်း၊ တိုက်ခိုက်ခြင်း၊ အာဏာရှင်ကိုဖြုတ်ချဖို့ အတွက်လုပ် နေတဲ့အချိန်မှာ ဟန့်တားဖို့လုပ်ဆောင်နေတဲ့အချိန်မှာ ဟန့်တားဖြစ်စေခြင်း၊ တစ်စုံတစ်ရာကိုနှောက်ယှက်လာတာရှိရင်တော့ ကျွန်တော်တို့ ဖြေရှင်းတဲ့နည်းလမ်း တွေကတော့ အမျိုးမျိုးဖြစ်မှာပေါ့။ ကျွန်တော်တို့က အကြမ်းဖက်အဖွဲ့လို့သတ်မှတ်တဲ့အတွက်ကြောင့် အဲ့ဒီအ ဆင့်ကိုပဲ တွေးပြီးတော့မှ ဖြေရှင်းဖို့ပဲရှိပါလိမ့်မယ်။ စစ်ရေးအရဖြစ်ဖြစ်၊ တခြားအပိုင်းအရဖြစ်ဖြစ်ပေ့ါလေ။

မေး။ ။ ZRO/ZRA ဆိုတာ ချင်းမျိူးနွယ်စုလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ ခုလို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သ တ်မှတ်လိုက်တာထက် အချင်းချင်းအကြားမှာ ဆွေးနွေးညှိနှိုင်းအဖြေမရှာသင့်ဘူးလား။

ဖြေ။ ။ ကျွန်တော်တို့အချင်းချင်းကြားမှာ သွေးခွဲစေတာမျိုးမဟုတ်ပဲနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့၊ တော်လှန်ရေးကိုအားမပေးတဲ့အဖွဲ့အစည်း အနေနဲ့ပဲကျွန်တော်တို့က မြင်တဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့မိတ်ဆွေလို့မမြင််တော့တဲ့ အနေအထားမှာဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် ပူးပေါင်းဆောင်ရွက်လို့မရတဲ့အနေအထားဖြစ်သလို တဖက်မှာ ရက်ရက်စက်စက်အကြမ််းဖက်တဲ့စစ်ကောင်စီနဲ့ သူတို့ပူးပေါင်းပြီးတော့ ကျွန်တော်တို့အပေါ်မှာ တိုက်ခိုက်လာ တယ်၊နှောက်ယှက်လာတယ် ဖမ်းဆီးနှိပ်စက်လာတဲ့အပေါ်မှာတော့ ပထမ တချက်အနေနဲ့ ပြည်သူကို ကိုယ်စားပြုမှုမရှိဘူး၊ ပြည်သူထောက်ခံမှုမရှိတဲ့အဖွဲ့အစည်းဖြစ်တယ်။ ဒုတိယချက်အနေနဲ့ ကျွန်တော်တို့တော် လှန်နေတဲ့အကြမ်းဖက်အဖွဲ့အစည်းနဲ့ တရားဝင်ပူးပေါင်းပြီးတော့မှ သူတို့ရဲ့လိုချင်တဲ့အရာကိုတည်ဆောက်ပြီးတော့ မှ အမြတ်ထုတ်ခြင်း၊ အဖွဲ့အစည်းကိုအမြတ်ထုတ်ခြင်းဆိုတဲ့ဟာတွေကို သုံးသပ်ပြီးတော့မှပဲ အကြမ်းဖက်ဆိုတဲ့ ဟာကိုကျွန်တော်တို့သတ်မှတ်ရခြင်းဖြစ်ပါတယ်။

မေး။ ။ လက်ရှိ ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်က စစ်ဆင်ရေးတွေအရှိန်မြင့်လာတယ် အထူးသဖြင့် မင်းတပ်မတူပီဘက်မှာလည်း စစ်အင်အားတွေဖြည့်တင်းနေတယ်။ ချင်းပြည်နယ်ရဲ့ စစ်ရေးအခြေအနေက ဘယ်လိုရှိလာနိုင်လဲ။

ဖြေ။ ။ ကျွန်တော်တို့ချင်း ပြည်နယ်မှာအတွင်းမှာတော့ စစ်ရေးပိုပြီးတော့ ပြင်းထန်လာဖို့ရှိပါတယ်။ မြောက်ဘက်ပိုင်းကိုကြည့် မယ်ဆို ရင်လည်း ဂန့်ဂေါဖက်ကနေပြီးတော့မှ အင်အားတွေဖြည့်တာရှိတယ်။ ခြုံပြီးပြောမယ်ဆိုရင်တော့ ချင်းပြည်န ယ်အတွင်းကို စစ်ကောင်စီပုံစံက တော်တော်လေးကိုမှ အင်အားဖြည့်တဲ့အတွက််ကြောင့် စစ်ဆင်ရေးဖြစ် ပေါ်လာနိုင်ပါတယ်။ မိုးရာသီမတိုင်ခင်မှာ ကြီးမားတဲ့စစ်ဆင်ရေးတွေ ပိုပြီးတော့ ဖြစ်လာနိုင်ပါတယ်။

Zawgyi

“အၾကမ္းဖက္အဖြဲ႔နဲ႔ေပါင္းစည္းျပီးေတာ့မွ ကြ်န္ေတာ္တုိ႔လုပ္ေဆာင္ခ်က္အေပၚမွာ ေႏွာက္ယွက္တာမ်ဳိးရွိတာ ေၾကာင့္ အၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္ သတ္မွတ္တာျဖစ္တယ္’’

Chinland Joint Defense Committee (CDJC) ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ကိုေပါလုႏွင့္ ဆက္သြယ္ေမးျမန္းခ်က္

ခိုႏူမ္းသုန္သတင္း၊ ၁၈ ဧၿပီ ၂၀၂၂

ခ်င္းကာကြယ္ေရးပူးေပါင္းေကာ္မတီ- Chinland Joint Defense Committee (CDJC) ရဲ႕ တတိယအႀကိမ္ေျမာက္ ပံုမွန္အ စည္းအေ၀းကို ဧၿပီလ ၇ ရက္ကေန ၁၂ ရက္ေန႔အထိ ခ်င္းအမ်ဴိးသားတပ္ဦး CNF ဗဟိုဌာနခ်ဳပ္ ဝိတိုရိယ စခန္းမွာ က်င္း ပျပဳလုပ္ခဲ့ၾကၿပီး အဲဒီအစည္းအေ၀းမွာ Zomi Revolution Organization/Zomi Revolution Army(Eastern Command) အဖြဲ႔ကို အၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္ သတ္မွတ္လိုက္ၾကတယ္လို႔သိရပါတယ္။ ZRA/ZRO (Eastern Command) ကို ဘာေၾကာင့္ ခုလိုအၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္ သတ္မွတ္လိုက္ၾကတာပါလဲ။ ဒီလိုသတ္မွတ္လိုက္တဲ့ အေပၚ ဘယ္လို အက်ဴိးသက္ေရာက္မႈေတြဘယ္လိုရွိလာႏိုင္ပါသလဲ။

ဒီကိစၥႏွင့္ပတ္သက္ၿပီး Chinland Joint Defense Committee (CDJC) ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ကိုေပါလုကို ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး။ ။ Chinland Joint Defense Committee (CJDC) အေနနဲ႔ တတိယအႀကိမ္ေျမာက္ ပံုမွန္အစည္း အေ၀းထုတ္ျပန္ခ်က္မွာ ZRO/ZRA ကို အၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္ သတ္မွတ္လိုက္တယ္ဆိုၿပီး သိရပါတယ္။ ဘယ္လိုအေျခအေနေတြေၾကာင့္ အဲဒီလိုသတ္မွတ္ လိုက္ရတာဘာလဲ။

ေျဖ။ ။ CJDC အဖြဲ႔၀င္ေတြလႈပ္ရွားတဲ့ေနရာေတြမွာ ZRA/ZRO (Eastern Command) အဖြဲ႔ေတြအေနနဲ႔ ေႏွာက္ယွက္ၿပီးေတာ့ ဖမ္းဆီးသတ္ျဖတ္တဲ့ခိုင္လံုတဲ့သက္ေသအေထာက္အထားေတြက်ေနာ္တို႔ဆီမွာရွိတယ္၊ အၾကမ္းဖက္အဖြဲ႔အစည္းျဖစ္တဲ့ စစ္ေကာင္စီနဲ႔ပူးေပါင္းၿပီးေတာ့မွ က်ေနာ္တို႔အဖြဲ႔၀င္ေတြျဖစ္တဲ့ အဖြဲ႔အစည္းေတြအေပၚမွာ ဖိႏွိပ္တာ၊ ဖမ္းဆီးျပီးေတာ့မွ ႏွိပ္စက္တာေပါ့ေလ အဲ့လုိအခ်က္အလက္ေတြ ကြ်န္ေတာ္တုိ႔စီမွာ ခုိင္လုံတဲ့အေထာက္အထား ေတြရွိတယ္၊ အၾကမ္းဖက္အဖြဲ႔နဲ႔ေပါင္းစည္းျပီးေတာ့မွ ကြ်န္ေတာ္တုိ႔လုပ္ေဆာင္ခ်က္အေပၚမွာ ေႏွာက္ယွက္တာမ်ဳိးရွိတာ ေၾကာင့္ အၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္ သတ္မွတ္တာလုိ႔ေျပာခ်င္တယ္။

ေမး။ ။ ZRO/ZRA က စစ္ေကာင္စီတပ္နဲ႔ တကယ္ပဲ ပူးေပါင္းေဆာင္ရြက္မႈေတြရွိတယ္ဆိုတာတကယ္ပဲလား။ ဘယ္လို အေထာက္အထားေတြရထားလဲ။

ေျဖ။ ။ ကြ်န္ေတာ္တုိ႔ ခ်င္းကာကြယ္ေရးတပ္ဖြဲ႔နဲ႔ ZRO/ZRA နဲ႔ ကြ်န္ေတာ္တုိ႔ တုိက္ပြဲျဖစ္တယ္ဆုိတာလည္း သတင္းဌာနေတြမွာေဖာ္ျပျပီးသားျဖစ္ပါတယ္။ အဲ့လုိမ်ဳိးတိုက္ပြဲေတြျဖစ္ပြားတဲ့ေနရာမွာလည္း သူတုိ႔ရဲ႕လက္န က္သုံးစြဲေရး၊ လက္နက္ခဲယမ္းေတြ သူတုိ႔ဖက္မွာ ကုိင္ေဆာင္တဲ့လက္နက္အမ်ဳိးအစားေတြကအစ က်ေနာ္တို႔ဆီ အျပည့္အဝသက္ေသခုိင္လုံတဲ့သက္ေသရွိတယ္၊ ျပီးေတာ့မွ စစ္ေကာင္စီနဲ႔ ပူးေပါင္းျပီး လုပ္ေဆာင္တဲ့ အခ်က္ေတြက ဒီထက္ပုိျပီးခုိင္လုံတဲ့အေထာက္အထားေတြ ကြ်န္ေတာ္တုိ႔စီမွာ ရွိပါတယ္။

ေမး။ ။ ZRO/ZRA ကို ခုလိုအၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္သတ္မွတ္လိုက္ေတာ့ ZRO/ZRA နဲ႔ ခ်င္းလက္နက္ကိုင္အဖြဲ႔ အစည္း ၾကားမွာ စစ္ေရးအေျခအေနက ဘယ္လိုရွိလာႏိုင္လဲ။

ေျဖ။ ။ ZRO/ZRA (Eastern Command) ကြ်န္ေတာ္တုိ႔အေနနဲ႔ အခုအၾကမ္းဖက္အဖြဲ႔အစည္းအေနနဲ႔ သတ္မွတ္ျပီး သားျဖစ္တဲ့အတြက္ေၾကာင့္ ခ်င္းအမ်ဳိးသားေတာ္လွန္ေရးလုိ႔ပဲေျပာေျပာ၊ စစ္အာဏာရွင္ကုိ အျမစ္ျပတ္ေခ်မႈန္႔ဖုိ႔ ဖြဲ႔စည္းထား တဲ့ (CJDC) အဖြဲ႔ဝင္အကုန္လုံး စုေပါင္းျပီးေတာ့မွ သြားေနၾကတာေပါ့ေလ ဒီႏုိင္ငံေရးကုိ ေတာ္လွန္ေရးလႈပ္ေနၾကတဲ့ အခ်ိန္မွာ (CJDC) အဖြဲ႔ဝင္ အဖြဲ႔တဖြဲ႔ကုိ ေႏွာက္ယွက္ျခင္း၊ တုိက္ခုိက္ျခင္း၊ အာဏာရွင္ကုိျဖဳတ္ခ်ဖုိ႔ အတြက္လုပ္ ေနတဲ့အခ်ိန္မွာ ဟန္႔တားဖုိ႔လုပ္ေဆာင္ေနတဲ့အခ်ိန္မွာ ဟန္႔တားျဖစ္ေစျခင္း၊ တစ္စုံတစ္ရာကုိေႏွာက္ယွက္လာတာရွိရင္ေတာ့ ကြ်န္ေတာ္တုိ႔ ေျဖရွင္းတဲ့နည္းလမ္း ေတြကေတာ့ အမ်ဳိးမ်ဳိးျဖစ္မွာေပါ့။ ကြ်န္ေတာ္တုိ႔က အၾကမ္းဖက္အဖြဲ႔လုိ႔သတ္မွတ္တဲ့အတြက္ေၾကာင့္ အဲ့ဒီအ ဆင့္ကုိပဲ ေတြးျပီးေတာ့မွ ေျဖရွင္းဖုိ႔ပဲရွိပါလိမ့္မယ္။ စစ္ေရးအရျဖစ္ျဖစ္၊ တျခားအပုိင္းအရျဖစ္ျဖစ္ေပ့ါေလ။

ေမး။ ။ ZRO/ZRA ဆိုတာ ခ်င္းမ်ဴိးႏြယ္စုလက္နက္ကိုင္တပ္ဖြဲ႔တစ္ခုျဖစ္ပါတယ္။ ခုလို အၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္သ တ္မွတ္လိုက္တာထက္ အခ်င္းခ်င္းအၾကားမွာ ေဆြးေႏြးညွိႏိႈင္းအေျဖမရွာသင့္ဘူးလား။

ေျဖ။ ။ ကြ်န္ေတာ္တုိ႔အခ်င္းခ်င္းၾကားမွာ ေသြးခြဲေစတာမ်ဳိးမဟုတ္ပဲနဲ႔ အၾကမ္းဖက္စစ္ေကာင္စီနဲ႔ ပူးေပါင္းတဲ့၊ ေတာ္လွန္ေရးကုိအားမေပးတဲ့အဖြဲ႔အစည္း အေနနဲ႔ပဲကြ်န္ေတာ္တုိ႔က ျမင္တဲ့အတြက္ေၾကာင့္ ကြ်န္ေတာ္တုိ႔ရဲ႕မိတ္ေဆြလုိ႔မျမင္္ေတာ့တဲ့ အေနအထားမွာျဖစ္ပါတယ္။ အဲ့အတြက္ေၾကာင့္ ပူးေပါင္းေဆာင္ရြက္လုိ႔မရတဲ့အေနအထားျဖစ္သလုိ တဖက္မွာ ရက္ရက္စက္စက္အၾကမ္္းဖက္တဲ့စစ္ေကာင္စီနဲ႔ သူတုိ႔ပူးေပါင္းျပီးေတာ့ ကြ်န္ေတာ္တုိ႔အေပၚမွာ တုိက္ခုိက္လာ တယ္၊ေႏွာက္ယွက္လာတယ္ ဖမ္းဆီးႏွိပ္စက္လာတဲ့အေပၚမွာေတာ့ ပထမ တခ်က္အေနနဲ႔ ျပည္သူကုိ ကုိယ္စားျပဳမႈမရွိဘူး၊ ျပည္သူေထာက္ခံမႈမရွိတဲ့အဖြဲ႔အစည္းျဖစ္တယ္။ ဒုတိယခ်က္အေနနဲ႔ ကြ်န္ေတာ္တုိ႔ေတာ္ လွန္ေနတဲ့အၾကမ္းဖက္အဖြဲ႔အစည္းနဲ႔ တရားဝင္ပူးေပါင္းျပီးေတာ့မွ သူတုိ႔ရဲ႕လုိခ်င္အရာကုိတည္ေဆာက္ျပီးေတာ့ မွ အျမတ္ထုတ္ျခင္း၊ အဖြဲ႔အစည္းကုိအျမတ္ထုတ္ျခင္းဆုိတဲ့ဟာေတြကို သုံးသပ္ျပီးေတာ့မွပဲ အၾကမ္းဖက္ဆုိတဲ့ ဟာကုိကြ်န္ေတာ္တုိ႔သတ္မွတ္ရျခင္းျဖစ္ပါတယ္။

ေမး။ ။ လက္ရိွ ခ်င္းျပည္နယ္မွာ စစ္ေကာင္စီတပ္က စစ္ဆင္ေရးေတြအရွိန္ျမင့္လာတယ္ အထူးသျဖင့္ မင္းတပ္မတူပီဘက္မွာလည္း စစ္အင္အားေတြျဖည့္တင္းေနတယ္။ ခ်င္းျပည္နယ္ရဲ႕ စစ္ေရးအေျခအေနက ဘယ္လုိရွိလာႏုိင္လဲ။

ေျဖ။ ။ ကြ်န္ေတာ္တို႔ခ်င္း ျပည္နယ္မွာအတြင္းမွာေတာ့ စစ္ေရးပုိျပီးေတာ့ ျပင္းထန္လာဖုိ႔ရွိပါတယ္။ ေျမာက္ဘက္ပုိင္းကုိၾကည့္ မယ္ဆုိ ရင္လည္း ဂန္႔ေဂါဖက္ကေနျပီးေတာ့မွ အင္အားေတြျဖည့္တာရွိတယ္။ ျခဳံျပီးေျပာမယ္ဆုိရင္ေတာ့ ခ်င္းျပည္န ယ္အတြင္းကုိ စစ္ေကာင္စီပုံစံက ေတာ္ေတာ္ေလးကုိမွ အင္အားျဖည့္တဲ့အတြက္္ေၾကာင့္ စစ္ဆင္ေရးျဖစ္ ေပၚလာႏုိင္ပါတယ္။ မုိးရာသီမတိုင္ခင္မွာ ၾကီးမားတဲ့စစ္ဆင္ေရးေတြ ပိုျပီးေတာ့ ျဖစ္လာႏုိင္ပါတယ္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.