• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကြာအင်းဆိပ်ကြီး- မြို့နယ်၊ ရွာတွေပြည်သူတွေ ဗုံးခိုကျင်းတွေတူးထားပါ ဆိုတဲ့သတင်းအမှား

ကြာအင်းဆိပ်ကြီး- မြို့နယ်၊ ရွာတွေပြည်သူတွေ ဗုံးခိုကျင်းတွေတူးထားပါ ဆိုတဲ့သတင်းအမှား

0
By Editor on June 21, 2022 Khonumthung

ဒီသတင်းအမှားကို ဇွန်လ ၁၉ ရက်နေ့က “တစ်ချိန်တုန်းက အောင်စစ်သည်” အကောင့်ကနေပြီး“ယုံကြည်ရာ အစုအဖွဲ့လေးတွေနဲ့ ညီညွတ်စွာနေကြ…မကြာခင်… ကြာအင်းဆိပ်ကြီးမြို့နယ် စစ်တလင်းဖြစ်တော့မယ်… ကယာပြည်နယ်လိုဖြစ်အောင် EAOs တွေလုပ်ကြမယ်…. ကရင်ပြည်သူထုကိုချစ်တာ ပြည်ရူးအတွက်မရုတ်ပါ. သူတို့အကျိုးစီးပွားရေး KNU EAOs လူတစုအတွက်သာဖြစ်… ခလယ်တခွန်တိုင်၊ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုမ်ချောင်းနှစ်ခွ… ရွာကြီးတွေဖျက်ဆီးခံ စစ်တလင်းဖြစ်တော့မယ်… EAOs တစ်ဦးဆီက သတင်းအခိုင်အမာ သိရပါတယ်” လို့ ရေးတင်ထားတာဖြစ်ပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်မှာ ယခင်ကတော့ စစ်ကောင်စီတပ်နဲ့ KNU အကြားတိုက်ပွဲဖြစ်ပွားမှုရှိခဲ့ဖူးပါတယ်။

ဒီရက်ပိုင်းအတွင်းမှာတော့ KNU ဘက်ကတော့ ထိုးစစ်ဆင်တိုက်ခိုက်တွေမရှိခဲ့ပါဘူး။ ဒါဟာ ပြည်သူလူထုတွေအလန့်တကြားဖြစ်အောင် လုပ်ကြံဖန်တီးထားတဲ့သတင်းသာဖြစ်ပါတယ်။

ကရင်ပြည်နယ်သတင်းတွေကို စဉ်ဆက်မပြတ်စောင့်ကြည့်ရေးသားနေတဲ့ KIC သတင်းဌာနမှာ ကြာအင်းဆိပ်ကြီးသတင်းနဲ့ပတ်သက်ပြီး ဒီရက်ပိုင်းအတွင်း ရေးသားဖော်ပြထားတာမရှိပါဘူး။

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့ကတော့ ကြာအင်းဆိပ်ကြီးဘက်မှာ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့တယ်ဆိုတာကို ဖော်ပြထားတာတွေ့ရပါတယ်။

အောက်ပါလင့်တွင်ကြည့်ရှုနိုင်ပါတယ်။

Link>>>https://www.facebook.com/KICNewsPage/videos/5268828429805440/

လက်ရှိအချိန်မှာတော့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ တိုက်ပွဲပြင်ထန်နေတယ်ဆိုတဲ့သတင်းတွေ မရှိသေးပါဘူး။

ဒါကြောင့် ပြည်သူများအနေနဲ့ သတင်းဌာနကြီးတွေကသတင်းများနဲ့ ယုံကြည်စိတ်ချထိုက်တဲ့ ကိုယ်ပြည်နယ်မှာရှိတဲ့ သတင်းဌာနက သတင်းတွေကိုသာ ဖတ်ရှုကြဖို့တိုက်တွန်းလိုက်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့နယ် ထိုမာရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ပြည်သူ ၃ ဦးထိခိုက်ဟုဆို

ကလေးမြို့နယ် ရှုခင်းသာကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

ချင်းပြည်နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး PDF-Zoland ထံ ခိုလှုံ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.