• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပါတီကြီး (၃) ခု တစ်ပါတီအဖြစ် ဖွဲ့စည်းတည်တောင်ခွင့်ပြု

ချင်းပါတီကြီး (၃) ခု တစ်ပါတီအဖြစ် ဖွဲ့စည်းတည်တောင်ခွင့်ပြု

0
By Editor on May 20, 2019 Khonumthung

ချင်းနိုင်ငံရေးပါတီကြီး (၃) ခုဖြစ်သည့် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP)၊ ချင်းတိုးတက်ရေးပါတီ (CPP) နှင့် ချင်းဒီမိုကရေစီအဖွဲ့ချူပ် (CLD) ပါတီတို့ ပူးပေါင်း၍ ပါတီတစ်ခုတည်းအဖြစ် ဖွဲ့စည်းတည်ထောင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုလိုက်ပြီဖြစ်သည်။

ချင်းပါတီကြီး (၃) ခုတို့သည် သီးခြားပါတီအနေဖြင့် မရပ်တည်တော့ဘဲ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ (CNLD) ပါတီကို ပူးပေါင်း၍ ဖွဲ့စည်းတည်ထောင်ရန် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံ လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်​စပ်လျဉ်း၍ မေလ ၁၆ ရက်နေ့က ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေးက လိုအပ်သည်များ စီစစ်ပြီးဖြစ်၍ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ (Chin National League for Democracy Party) အဖြစ် ဖွဲ့စည်းတည်ထောင်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ တည်ထောင်ခွင့်ရရှိသူများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေအရ ရက်ပေါင်း (၃၀) အတွင်း ပါတီမှတ်ပုံတင်လျှောက်ထားရမည်ဖြစ်သည်။

ချင်းနိုင်ငံရေးပါတီကြီး (၃) ခုဖြစ်သည့် CNDP၊ CPP နှင့် CLD ပါတီတို့သည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် သီးခြားစီ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မဲဆန္ဒနယ်မြေ တစ်နေရာမှ ရရှိခဲ့ခြင်းမရှိပေ။

ယခုကဲ့သို့ ပါတီတစ်ခုအဖြစ် ​ပူးပေါင်းလာနိုင်မည့်​အတွက် လာမည့် ရွေးကောက်ပွဲတွင် ချင်းပါတီအတွက် အလားအလာကောင်းနိုင်သည်ဟု သုံးသပ်ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကောင်စီတပ်ဖွဲ့က ကလေးတောင်ပိုင်းကျေးရွာများကို ထပ်မံမီးရှို့

ကလေးမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် (၃) နေရာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

တာဟန်းစျေးအနီး နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.