• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ခ်င္းပါတီ CNLD ကို မဲေပးေထာက္ခံၾကရန္ ခ်င္းလူငယ္ကြန္ယက္ေတာင္းဆို

ခ်င္းပါတီ CNLD ကို မဲေပးေထာက္ခံၾကရန္ ခ်င္းလူငယ္ကြန္ယက္ေတာင္းဆို

0
By Editor on September 30, 2020 Headline

#Unicode

By လားနွန် – ချင်းလူထုများ၏နစ်နာမှုများနှင့် နိုင်ငံရေးရပိုင်ခွင့်များပြန်လည်ရယူဖော်ဆောင်နိုင်ရန်အတွက် ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီကို မဲပေးထောက်ခံကြရန် ချင်းလူငယ်များကွန်ယက်အဖွဲ့က စက်တင်ဘာလ ၂၈ ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။

ချင်းလူငယ်များကွန်ယက်အဖွဲ့မှ ဗဟိုကော်မတီဝင် Salai Mon Bio က မိမိတို့လိုချင်သည့် ကိုယ်ပိုင်ပြဌာန်းခွင့် ချင်းကံကြမ္မာ ချင်းတွေကဖန်တီးခွင့်ကို CNLD ပါတီကသာကိုယ်စားပြုဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်သည့်အတွက် ယခုကဲ့သို့တောင်းဆိုရခြင်းဖြစ်သည်ဟု ခိုနူမ်းသုန်ကိုပြောသည်။

“ကျနော်တို့ နိုင်ငံရေးအပြောင်းအလဲကာလမှာ အဓိက ကျနော်တို့ ချင်းတွေအဓိကလိုချင်တဲ့ နိုင်ငံရေးအကြွေးက အခုထိကိုအကောင်အထည်မဖော်ဆောင်နိုင်သေးဘူး ကျနော်တို့လိုချင်တာက ပင်လုံစာချုပ်မှာပါတဲ့ ကတိကဝတ်တွေကိုအကောင်အထည်ဖော်ဖို့နဲ့ ချင်းအပါအဝင် တိုင်းရင်းသားများလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုမတည်ဆောက်နိုင်ဘူး အဲဒါကိုတည်ဆောက်ဖို့ရန်က ကျနော်တို့ပြည်မအခြေပြု ဗမာပါတီကြီး နှစ်ခုဖြစ်တဲ့ USDP နဲ့ NLD ကို မဲပေးလာခဲ့တယ်၊ သူတို့သက်တမ်းတစ်ကြိမ်စီယူခဲ့ပြီးပြီ ကျနော်တို့လိုုချင်တာ သူတို့အကောင်အထည်မဖော်နိုင်ဘူးဆိုတာ ကျနော်တို့ မြင်ခဲ့ပြီးပြီ အဲဒါကြောင့် ကျနော်တို့ရဲ့ စစ်မှန်သောအခွင့်အရေး စစ်မှန်သောနိုင်ငံရေးကို ကျနော်တို့ချင်းပါတီ လက်ရှိသုံးပါတီပေါင်းလိုက်တဲ့ CNLD ကသာလုပ်ပေးနိုင်မယ် ယုံကြည်ချက်နဲ့ ပြည်သူတွေကို CNLD ကိုမဲပေးဖို့ တိုက်တိုးရခြင်းဖြစ်တယ် CNLD ကိို ကျနော်တို့ မဲပေးရခြင်းဟာ ချင်းတွေကိုကိုယ်စားပြုနိုင်တယ် နောက်တစ်ခု ကျနော်တို့လိုချင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ချင်းကံကြမ္မာကို ချင်းတွေက ဖန်တီးခွင့်ကို CNLD ကသာ ကိုယ်စားပြုဖော်ဆောင်ပေးနိုင်မယ်လို့ယုံကြည်တယ် အဲဒါကြောင့်တောင်းဆိုရခြင်းဖြစ်တယ်” ဟု Salai Mon Boi ကပြောသည်။

ချင်းတိုင်းရင်းသားများအနေဖြင့် နိုင်ငံရေးအပြောင်းအလဲအတွက် ပြည်မပါတီကြီးများကို မဲပေးထောက်ခံခဲ့ကြသော်လည်း လူမျိုးတမျိုး ဘာသာတခုကိုသာ အခွင့်ထူးပေးထားသော မျိုးစောင့်ဥပဒေများပြဌာန်းခြင်း၊ ချင်းလူမျိုးများနှင့် အခြားတိုင်းရင်းသားများ၏ ရိုးရာဓလေ့မြေယာပိုင်ဆိုင်မူများအား ဆန့်ကျင်သည့် မြေယာဥပဒေများကို တိုင်းရင်းသားများ ကန့်ကွက်သည့်ကြားမှ ပြဌာန်းခြင်း၊ ချင်းလူမျိုးများနှင့် အခြားတိုင်းရင်းသားတို့၏ သဘော ထားများ ဆန့်ကျင်ကန့်ကွက်သည့်ကြားမှ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုများကို အတင်းအဓမ္မ စိုက်ထူရန် ကြိုးပမ်းလုပ်ဆောင်ခြင်း၊ စစ်ဘေးရှောင် ပြည်သူများအတွက် လုံလောက်သော အထောက်အပံ့များ မရှိနေခြင်း များ အပြင် လူ့အခွင့်အရေး ချိုးဖောက် ခံနေရခြင်းတို့ကို ကြုံတွေ့နေရဆဲဖြစ်သည် ချင်းလူငယ်များကွန်ယက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် တိုင်းရင်းသားလူမျိုးများ လိုလားသောတန်းတူရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ရေး၊ ကိုယ်ပိုင်ပြဌာန်း ခွင့်တို့ကို အခြေခံသောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် စစ်မှန်သောကိုယ်စားပြုမှုကို ပေးနိုင်သည့် ပါတီသည် တိုင်းရင်းသားနိုင်ငံရေးပါတီများသာဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ကြောင့် မိမိတို့ ချင်းဘိုးဘေးများ၏ ပိုင်နက်နယ်မြေများကို ကာကွယ်ရန်၊ ချင်းတို့၏ အချုပ်အခြာ အာဏာများ ပြန်လည်ရရှိရန်၊ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အခြေခံသောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် သွားရန်အလို့ငှါ ချင်းတမျိုးသားလုံးအနေဖြင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) ကို တခဲနက် မဲပေး ထောက်ခံကြပါရန် လေးနက်စွာ တိုက်တွန်းအပ်ပါသည်ဟု အဆိုပါထုတ်ပြန်ချက်တွင်ဆက်လက်ဖော်ပြထားသည်။

ချင်းလူငယ်များကွန်ယက် သည် ၂၀၁၂ ခုနှစ်မှ စတင်ပြီး ချင်းအမျိူးသားရေး၊ ချင်းလူမျိူးများ၏ ရပိုင်ခွင့်များ၊ ချင်းလူငယ်များအခွင့်အရေးတို့ကို အခြေခံလှုပ်ရှားဆောင်ရွက်နေသည့်အဖွဲ့ဖြစ်သည်။

#Zawgyi

ခ်င္းလူထုမ်ား၏နစ္နာမႈမ်ားႏွင့္ ႏုိင္ငံေရးရပိုင္ခြင့္မ်ားျပန္လည္ရယူေဖာ္ေဆာင္ႏုိင္ရန္အတြက္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ ခ်င္းအမ်ဴိးသားဒီမိုကေရစီအဖြဲ႔ခ်ဴပ္ (CNLD) ပါတီကို မဲေပးေထာက္ခံၾကရန္ ခ်င္းလူငယ္မ်ားကြန္ယက္အဖြဲ႔က စက္တင္ဘာလ ၂၈ ရက္ေန႔က ေၾကညာခ်က္တစ္ေစာင္ထုတ္ျပန္ကာ ေတာင္းဆိုလိုက္သည္။ 

ခ်င္းလူငယ္မ်ားကြန္ယက္အဖြဲ႔မွ ဗဟိုေကာ္မတီ၀င္ Salai Mon Bio က မိမိတို႔လိုခ်င္သည့္ ကိုယ္ပိုင္ျပဌာန္းခြင့္ ခ်င္းကံၾကမၼာ ခ်င္းေတြကဖန္တီးခြင့္ကို CNLD ပါတီကသာကိုယ္စားျပဳေဖာ္ေဆာင္ေပးႏုိင္မည္ဟု ယံုၾကည္သည့္အတြက္ ယခုကဲ့သို႔ေတာင္းဆိုရျခင္းျဖစ္သည္ဟု ခိုႏူမ္းသုန္ကိုေျပာသည္။ 

“က်ေနာ္တို႔ ႏုိင္ငံေရးအေျပာင္းအလဲကာလမွာ အဓိက က်ေနာ္တို႔ ခ်င္းေတြအဓိကလိုခ်င္တဲ့ ႏုိင္ငံေရးအေၾကြးက အခုထိကိုအေကာင္အထည္မေဖာ္ေဆာင္ႏုိင္ေသးဘူး က်ေနာ္တို႔လိုခ်င္တာက ပင္လံုစာခ်ဳပ္မွာပါတဲ့ ကတိက၀တ္ေတြကိုအေကာင္အထည္ေဖာ္ဖို႔နဲ႔ ခ်င္းအပါအ၀င္ တိုင္းရင္းသားမ်ားလိုလားတဲ့ ဖက္ဒရယ္ျပည္ေထာင္စုကိုမတည္ေဆာက္ႏုိင္ဘူး အဲဒါကိုတည္ေဆာက္ဖို႔ရန္က က်ေနာ္တို႔ျပည္မအေျချပဳ ဗမာပါတီၾကီး ႏွစ္ခုျဖစ္တဲ့ USDP နဲ႔ NLD ကို မဲေပးလာခဲ့တယ္၊ သူတို႔သက္တမ္းတစ္ၾကိမ္စီယူခဲ့ျပီးျပီ က်ေနာ္တို႔လိုုခ်င္တာ သူတို႔အေကာင္အထည္မေဖာ္ႏုိင္ဘူးဆိုတာ က်ေနာ္တို႔ ျမင္ခဲ့ျပီးျပီ အဲဒါေၾကာင့္ က်ေနာ္တို႔ရဲ႕ စစ္မွန္ေသာအခြင့္အေရး စစ္မွန္ေသာႏိုင္ငံေရးကို က်ေနာ္တို႔ခ်င္းပါတီ လက္ရိွသံုးပါတီေပါင္းလိုက္တဲ့ CNLD ကသာလုပ္ေပးႏုိင္မယ္ ယံုၾကည္ခ်က္နဲ႔ ျပည္သူေတြကို CNLD ကိုမဲေပးဖို႔ တိုက္တိုးရျခင္းျဖစ္တယ္ CNLD ကိို က်ေနာ္တို႔ မဲေပးရျခင္းဟာ ခ်င္းေတြကိုကိုယ္စားျပဳႏုိင္တယ္ ေနာက္တစ္ခု က်ေနာ္တို႔လိုခ်င္တဲ့ ကိုယ္ပိုင္ျပဌာန္းခြင့္ ခ်င္းကံၾကမၼာကို ခ်င္းေတြက ဖန္တီးခြင့္ကို CNLD ကသာ ကိုယ္စားျပဳေဖာ္ေဆာင္ေပးႏုိင္မယ္လို႔ယံုၾကည္တယ္ အဲဒါေၾကာင့္ေတာင္းဆိုရျခင္းျဖစ္တယ္” ဟု Salai Mon Boi ကေျပာသည္။

ခ်င္းတိုင္းရင္းသားမ်ားအေနျဖင့္ နိုင္ငံေရးအေျပာင္းအလဲအတြက္ ျပည္မပါတီႀကီးမ်ားကို မဲေပးေထာက္ခံခဲ့ၾကေသာ္လည္း လူမ်ိဳးတမ်ိဳး ဘာသာတခုကိုသာ အခြင့္ထူးေပးထားေသာ မ်ိဳးေစာင့္ဥပေဒမ်ားျပဌာန္းျခင္း၊ ခ်င္းလူမ်ိဳးမ်ားႏွင့္ အျခားတိုင္းရင္းသားမ်ား၏ ရိုးရာဓေလ့ေျမယာပိုင္ဆိုင္မူမ်ားအား ဆန႔္က်င္သည့္ ေျမယာဥပေဒမ်ားကို တိုင္းရင္းသားမ်ား ကန႔္ကြက္သည့္ၾကားမွ ျပဌာန္းျခင္း၊ ခ်င္းလူမ်ိဳးမ်ားႏွင့္ အျခားတိုင္းရင္းသားတို႔၏ သေဘာ ထားမ်ား ဆန႔္က်င္ကန႔္ကြက္သည့္ၾကားမွ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကး႐ုပ္ထုမ်ားကို အတင္းအဓမၼ စိုက္ထူရန္ ႀကိဳးပမ္းလုပ္ေဆာင္ျခင္း၊ စစ္ေဘးေရွာင္ ျပည္သူမ်ားအတြက္ လုံေလာက္ေသာ အေထာက္အပံ့မ်ား မရွိေနျခင္း မ်ား အျပင္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ ခံေနရျခင္းတို႔ကို ၾကဳံေတြ႕ေနရဆဲျဖစ္သည္ ခ်င္းလူငယ္မ်ားကြန္ယက္၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ 

ထို႔အျပင္ တိုင္းရင္းသားလူမ်ိဳးမ်ား လိုလားေသာတန္းတူေရး၊ ကိုယ့္ကံၾကမၼာ ကိုယ္ဖန္တီးနိုင္ေရး၊ ကိုယ္ပိုင္ျပဌာန္း ခြင့္တို႔ကို အေျခခံေသာဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္နိုင္ေရးအတြက္ စစ္မွန္ေသာကိုယ္စားျပဳမႈကို ေပးနိုင္သည့္ ပါတီသည္ တိုင္းရင္းသားနိုင္ငံေရးပါတီမ်ားသာျဖစ္သည္ဟု ယင္းထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။ 

ထို႔ေၾကာင့္ မိမိတို႔ ခ်င္းဘိုးေဘးမ်ား၏ ပိုင္နက္နယ္ေျမမ်ားကို ကာကြယ္ရန္၊ ခ်င္းတို႔၏ အခ်ဳပ္အျခာ အာဏာမ်ား ျပန္လည္ရရွိရန္၊ တန္းတူေရးႏွင့္ကိုယ္ပိုင္ျပဌာန္းခြင့္တို႔ကို အေျခခံေသာဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ သြားရန္အလို႔ငွါ ခ်င္းတမ်ိဳးသားလုံးအေနျဖင့္ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (CNLD) ကို တခဲနက္ မဲေပး ေထာက္ခံၾကပါရန္ ေလးနက္စြာ တိုက္တြန္းအပ္ပါသည္ဟု အဆိုပါထုတ္ျပန္ခ်က္တြင္ဆက္လက္ေဖာ္ျပထားသည္။

ခ်င္းလူငယ္မ်ားကြန္ယက္ သည္ ၂၀၁၂ ခုႏွစ္မွ စတင္ၿပီး ခ်င္းအမ်ဴိးသားေရး၊ ခ်င္းလူမ်ဴိးမ်ား၏ ရပိုင္ခြင့္မ်ား၊ ခ်င္းလူငယ္မ်ားအခြင့္အေရးတို႔ကို အေျခခံလႈပ္ရွားေဆာင္ရြက္ေနသည့္အဖြဲ႔ျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်တောင်ပိုင်း မတူပီမြို့နယ်တွင် စကစ နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့မှုရှိ၊ မင်းတပ်-မတူပီလမ်းကို အသုံးမပြုရန် ထုတ်ပြန်

ချင်းပြည်နယ်သို့ ပြင်ပမှ ခရီးသည်များဝင်ရောက်ခွင့် CNF တားမြစ်

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများ ကူညီထောက်ပံမှုများလိုအပ်နေ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.