• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ချင်းလူငယ် (၆) ဦးကို ထောင်ဒဏ် (၄) နှစ်ခွဲစီ အမိန့်ချမှတ်မှု မတူပီတွင် ဆန္ဒဖော်ထုတ်မည်

ချင်းလူငယ် (၆) ဦးကို ထောင်ဒဏ် (၄) နှစ်ခွဲစီ အမိန့်ချမှတ်မှု မတူပီတွင် ဆန္ဒဖော်ထုတ်မည်

0
By Editor on October 28, 2019 Headline

ချင်းပြည်နယ် မတူပီမြို့ ဗိုလ်တိုက်ချွန်းအားကစားကွင်းတွင် ယခုနှစ် ဖေဖော်ဝါရီလ (၂၀) ရက်နေ့က ကျင်းပပြုလုပ်သော (၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ပွဲတော်၌ ပြည်သူတစ်ချို့နှင့် ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ချင်းလူငယ် (၆) ဦးကို ထောင်ဒဏ် (၄) နှစ်ခွဲစီချမှတ်လိုက်သည့်အပေါ် မတူပီမြို့ ပြည်သူလူထုက အောက်တို ဘာလ (၂၉) ရက်နေ့တွင် ဆန္ဒဖော်ထုတ်ကြမည်ဟု သိရသည်။

အဆိုပါရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် မတူပီမြို့မှ ကိုအာဘောင်း (၂၃နှစ်)၊ ကိုဆောမ့်ထန် (၁၉နှစ်)၊ ကိုထန်ထဲန် (၂၅နှစ်) တတိယနှစ် (သမိုင်း) ၊ ကိုဗျက်ထန် (၂၃)၊ ကိုထက်နိုင်ဦး (၁၉နှစ်) ပထမနှစ် (သမိုင်း) နှင့် ကိုရိန်ဆန်းလျန် (၂၁နှစ်)တို့ (၆) ဦးကို ပြီးခဲ့သည့် အောက်တိုဘာလ (၁၀) ရက်နေ့က မတူပီမြို့နယ်တရားရုံးမှ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ ၆(၁)၊ ဝတ္တရားဆောင်ရွက်နေသည့် ပြည်သူ့ဝန်ထမ်းများကို ထိခိုက်နာကျင်စေမှု (ပုဒ်မ၃၃၂)၊ သူတစ်ပါးအားနာကျင်စေမှု (ပုဒ်မ ၃၂၃)၊ သူတစ်ပါးအကျိုးဖျက်ဆီးမှု (ပုဒ်မ၄၂၇) စသည့်ပုဒ်မတို့ဖြင့် ထောင်ဒဏ် (၄ နှစ်ခွဲ) စီကျခံစေရန် အသီးသီးအမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။

မတူပီမြို့နယ်တရားရုံးအနေဖြင့် ယခုကဲ့သို့ ချင်းလူငယ်များအပေါ် ကြီးလေးသော အပြစ်ဒဏ်ချမှတ်မှုကို ပြန်လည်စဉ်းစားပေးရန် သက်သက်ညှာညှာလုပ်ဆောင်ပေးရန် တောင်းဆိုသည့်အနေဖြင့် ဆန္ဒဖော်ထုတ်ကြမည်ဟု ချင်းလူငယ်အဖွဲ့အစည်း (မတူပီ) အတွင်းရေးမှူးဆလိုင်းထန်အုပ်ကပြောသည်။

“ ဒီကိစ္စမှာတော့ ကလေးတွေက တရားခံအစစ်လည်းမဟုတ်သလို တရားခံပါလို့လည်းပြောလို့မရဘူး စခန်းမှူးက တရားလိုလုပ်တယ် သူ့ရဲငယ်သားရဲတွေကဘဲ သက်သေလုပ်ပေးတယ် တရားရုံးကနေအတည်ပြုပြီးတော့ ထောင်ဒဏ်ချမှတ်လိုက်တယ် မိဘတွေအနေနဲ့က ဒီလောက်ထိကျခံမယ်လို့မမျှော်လင့်ကြဘူး ကိုယ့်အမျိုးသားနေ့လည်း ဖြစ်တဲ့အခါကျတော့ အဲဒီမှာ တက္ကသိုလ်တက်နေတဲ့သူ (၂) ယောက်ရှိတယ် ဆယ်တန်းဖြေထားတဲ့သူ ၂ ယောက်ရှိတယ် ဒါကြောင့် တရားတာမတရားတာကိုပြောတာမဟုတ်ဘဲနဲ့ တရားစီရင်တဲ့အပေါ် သက်ညှာပေးဖို့ ပြစ်ဒဏ်ကိုပြန်ပြီးတော့ ပြင်ဆင်ပေးဖို့ အသနားခံဆန္ဒဖော်ထုတ်မှာပါ’’ ဟု ဆလိုင်းထန်အုပ်ကပြောသည်။

မတူပီမြို့ ချင်းအမျိုးသားနေ့ပွဲတော် ညပိုင်းဖျော်ဖြေရေးအစီစဉ်ပြီးခါနီးတွင် လူငယ်အချင်းချင်းအကြား ခိုက်ရန်ဖြစ်ပွားမှုတစ်ချို့ ဖြစ်ပွားမှုအပေါ် လုံခြုံရေးတာဝန်ယူထားသည့် ရဲတပ်ဖွဲ့များကိုင်တွယ်ဖြေရှင်းမှုအပေါ် မကျေမနပ်ဖြစ်ကာ ရဲတပ်ဖွဲ့နှင့် လူငယ်ထုအကြား ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မတူပီမြို့မှ ရပ်ကွက်လူကြီးတစ်ဦးကပြောသည်။

“ ကိုယ့်အမျိုးသားနေ့ပွဲဆိုတော့ လူငယ်သဘာဝအတိုင်း မူးကြတာပေါ့ဗျာ အဲဒီမှာအချင်းချင်းရန်ပွဲလေးတွေဖြစ်တယ် ဒါပေမယ့် လုံခြုံရေးယူထားတဲ့ရဲတပ်ဖွဲ့တွေရဲ့ ဖြေရှင်းတဲ့ပုံက နည်းနည်းကြမ်းတယ် လက်ကိုင်တုတ်တွေနဲ့ရိုက်တယ်၊ တချို့ဆိုသွေးတွေထွက်တယ်လေ နောက်ပိုင်းမှာအခြေအနေတဖြည်းဖြည်းဆိုလာတော့ ရာဘာကျည်ဆံနဲ့ ပစ်ခတ်တဲ့အဆင့်ထိဖြစ်လာတယ် ထိခိုက်ဒဏ်ရာရတဲ့သူလည်းရှိခဲ့တယ်’’ ဟု အဆိုပါရပ်ကွက်လူကြီးကပြောသည်။

အဆိုပါ ရုန်းရင်းဆန်ခတ်မှုတွင် ရဲကားတစ်စီးနှင့် အရပ်ကားတစ်စီးကားမှန်ကွဲမှုဖြစ်ပွားခဲ့သော်လည်း မိသားစုဝင်များမှ အသစ်ပြန်လည်ပြုပြင်ပေးခဲ့သည်ဟုသိရသည်။

ထောင်ဒဏ်အသီးသီးကျမှတ်ခံရသည့် လူငယ် (၆) ဦးတို့သည် အခင်းဖြစ်ပွားသည့်ညတွင် အဖမ်းခံရခြင်းမဟုတ်ဘဲ နောက်တစ်နေ့မှသာ ၎င်းတို့နေအိမ်တွင် ရဲတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု သိရသည်။

၎င်းတို့ကို အာမခံမပေးဘဲ မတူပီရဲစခန်းတွင် ချူပ်နှောင်ကာ တရားရင်ဆိုင်စေခဲ့သည်ဟု သိရသည်။

တရားစီရင်သည့်နေရာတွင် လည်း အရပ်ဘက်ပြည်သူများဘက်မှ သက်သေအဖြစ်ထွက်ဆိုသူမရှိခဲ့ကြောင်း တရားလိုရဲဝန်ထမ်းများ၏ ထွက်ဆိုချက် အပေါ်မှာအခြေခံပြီး အမိန့်ချမှတ်ခြင်းဖြစ်သည်ဟု သိရသည်။

Photo Credit: Matupi Times

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.