• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ် ကိုဗစ်နိုင်တင်း လက်ကျန်လူနာ(၄) ဦးစလုံး Negative တစ်ကြိမ်စီပြ

ချင်းပြည်နယ် ကိုဗစ်နိုင်တင်း လက်ကျန်လူနာ(၄) ဦးစလုံး Negative တစ်ကြိမ်စီပြ

0
By Editor on June 25, 2020 Khonumthung

#Zawgyi






#Unicode

By နှင်းနှင်း – ချင်းပြည်နယ်၊ တီးတိန်းမြို့နှင့် ဟားခါးမြို့ပြည်သူ့ဆေးရုံတို့တွင် ကုသမှုခံယူလျက်ရှိကြသော ကိုဗစ်နိုင်တင်း လက်ကျန်လူနာ (၄) ဦးစလုံး၏ ဓာတ်ခွဲနမူနာစစ်ဆေးရာတွင် အနှုတ်လက္ခဏာ (Negative) တစ်ကြိမ်ပြပြီး ထပ်မံစစ်ဆေးမှု ပြုလုပ်သွားမည်ဟု သိရသည်။

ယခုလက်ရှိ တီးတိန်မြို့ပြည်သူ့ဆေးရုံရှိ ကိုဗစ်နိုင်တင်းလူနာအမှတ် (၂၀ဝ) နှင့် (၂၀၁) တို့၏ ဓာတ်ခွဲအဖြေသည် Negative တစ်ကြိမ်စီပြီး ဆက်လက်စစ်ဆေး၍ Negative ထပ်ပြပါက ဆေးရုံမှဆင်းခွင့်ပြုမည်ဟု တီးတိန်ပြည်သူ့ ဆေးရုံအုပ်ဒေါက်တာဇော်မြင့်နိုင်ကပြောသည်။

“နှစ်ယောက်စလုံး Negative တစ်ကြိမ်စီပြပြီ၊ သူတို့ကျန်းမာရေးက စိုးရိမ်စရာမရှိပါဘူး။ ဒီနေ့ထပ်ယူ ထားတယ်၊ ဒီနေ့တကြိမ် Negative ဖြစ်ရင်တော့ သူတို့ရပါပြီ’’ ဟု တီးတိန်ဆေးရုံအုပ်ကပြောသည်။

အလားတူ ဟားခါးမြို့ပြည်သူ့ဆေးရုံရှိ ကိုဗစ်နိုင်တင်းလူနာအမှတ် (၁၈၂) နှင့် (၂၃၂) တို့၏ ဓာတ်ခွဲအဖြေသည်လည်း Negative တစ်ကြိမ်စီပြပြီဖြစ်၍ ထပ်မံစစ်ဆေးသွားမည်ဟု ဟားခါးဆေးရုံအပ် ဒေါက်တာ မာန်ဗျက်ကုန်ကပြောသည်။

ချင်းပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ လူနာ (၁၀) ရှိခဲ့ပြီး ယင်းတို့အနက် လူနာအမှတ် (၁)၊ (၂၃)၊ (၇၈)၊ (၁၁၃)၊ (၁၅၀) နှင့် (၃၁) စုစုပေါင်း (၆) ဦးတို့မှာ Negative နှစ်ကြိမ်ပြ၍ ဆေးရုံကဆင်းသွားကြပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်တွင် မြန်မာနိုင်ငံသားတစ်ဦးထံ Crystal Meth စိတ်ကြွမူးယစ်ဆေးတစ်မျိုး ဖမ်းမိ

ဂန့်ဂေါမြို့နယ်ထဲက ပျူစောထီးနှင့်စကစ စခန်းကို PDF နှင့် CDF တို့ ပူးပေါင်းတိုက်ခိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မီဇိုရမ်တွင် ချင်းစစ်ဘေးရှောင်လူငယ်တစ်ဦးသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

September 21, 2023

ချင်းပြည်နယ်က စိုးရိမ်ဖွယ်ရာ တကျော့ပြန် ငှက်ဖျားရောဂါ

September 13, 2023

တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

September 9, 2023

ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.