Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တီးတိန်မြို့နယ်ထဲက ဘိန်းစိုက်ဧက ၂၀ ကျော်ကို PPF- Zoland နှင့် PDF-Zoland တို့ ပူးပေါင်းဖျက်ဆီး

တီးတိန်မြို့နယ်ထဲက ဘိန်းစိုက်ဧက ၂၀ ကျော်ကို PPF- Zoland နှင့် PDF-Zoland တို့ ပူးပေါင်းဖျက်ဆီး

0
By Editor on October 24, 2024 Khonumthung

ချင်းပြည်နယ် တီးတိန်မြို့နယ်ထဲက ဘိန်းစိုက်ခင်းဧက ၂၀ ကျော်ကို ဇိုလဲန်းပြည်သူ့ရဲတပ်ဖွဲ့ (People’s Police Force-Zoland) နှင့် PDF-Zoland တို့က ပူးပေါင်းဖျက်ဆီးခဲ့ကြသည်ဟုသိရသည်။

တီးတိန်မြို့နယ်ထဲက ဘိန်းစိုက်တောင်သူများကို အကြိမ်ကြိမ်သတိပေးစာပေးခဲ့သော်လည်း လိုက်နာမှုမရှိသည့်အပြင် ဆက်လက်လုပ်ဆောင်နေကြသောကြောင့် အောက်တိုဘာလ ၂၂ နှင့် ၂၃ ရက်နေ့က ဘိန်းစိုက်ခင်းများကို သွားရောက် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု PDF-Zoland တာဝန်ရှိသူတစ်ဦးကပြောသည်။

“ခေတ်ကာလမကောင်းတဲ့ကြားမှာမကောင်းတဲ့စီးပွားရေးဖြစ်တဲ့ ဘိန်းစိုက်တာဟာ ပြည်သူနဲ့လူမျိုးကို ပျက်စီးစေနိုင်တယ်၊ ပညာတတ်လူငယ်တွေအများကြီးလည်း ပျက်စီးနိုင်တဲ့အပြင် အချိန်ကြာလာရင် လူမျိုးပါ တုန်းသွားနိုင် တဲ့အထိ ဆိုးကျိုးတွေဖြစ်လာနိုင်တာကြောင့် အခြေအနေမဆိုးခင် အချိန်မှီ တားဆီးနိုင်ဖို့ အခုလိုဖျက်ဆီးရတာ ဖြစ်ပါတယ်” ဟု PDF-Zoland တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုဘိန်းစိုက်ခင်းဖျက်ဆီးသည့်နေရာကို အတိအကျဖော်ပြထားခြင်းမရှိဘဲ တီးတိန်မြို့နယ်အတွင်းရှိ အခြားသောနေရာများက ဘိန်းစိုက်ခင်းများကိုလည်း အပြတ်လင်းရှင်းနိုင်ရန် ဆက်လက်ဆောင်ရွက်သွားကြမည်ဟု PDF-Zoland က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.