Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်များအားလုံးကို စစ်ရှောင်စခန်းမှာသာထားရှိပြီး စနစ်တကျကိုင်တွယ်ရန် PC ပါတီဥက္ကဌပြော

မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်များအားလုံးကို စစ်ရှောင်စခန်းမှာသာထားရှိပြီး စနစ်တကျကိုင်တွယ်ရန် PC ပါတီဥက္ကဌပြော

0
By Editor on October 24, 2024 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ်က နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Peoples’ Conference (PC) ပါတီဥက္ကဌ Pu Vanlalruata က စစ်ဘေးရှောင်များအားလုံးကို စစ်ရှောင်စခန်းများတွင်သာထားရှိပြီး အစိုးရအနေဖြင့် စနစ်တကျကိုင်တွယ်သင့်သည်ဟု ပြောဆိုလိုက်သည်။

PC ပါတီသည် ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့တွင် အထွေထွေညီလာခံကျင်းပပြုလုပ်ပြီး ပါတီဥက္ကဌဖြစ်သူ Pu Vanlalruata က မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်ခိုလုံကြသည့် စစ်ဘေးရှောင်များသည် မည်သည့်လူမျိုးဖြစ်ပါစေ ကူညီစောင့်ရှောက်ရမည်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

သို့သော်လည်း စစ်ဘေးရှောင်များအားလုံးကို စစ်ရှောင်စခန်းမှာသာထားရှိပြီး အဓိပ္ပါယ်ရှိစွာ စနစ်တကျဖြင့် ကိုင်တွယ်သင့်သည်ဟု ပြောကြားခဲ့ကြောင်း မီဇိုရမ်ပြည်နယ်ကနေ့စဉ်ထုတ်သတင်းစာ Zalen News က ဖော်ပြသည်။

အစိုးရအနေဖြင့် စစ်ဘေးရှောင်များကို စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ခြင်းမရှိဘဲ လွတ်လပ်စွာ နေထိုင်ခွင့်ပြုသည့်အတွက် အကျိုးဆက်ရိုက်ခတ်မှုများရှိလာပြီး အခြေအနေများ ပို၍မဆိုးလာခင်မှာ စစ်ဘေးရှောင်များကို စနစ်တကျ ကိုင်တွယ်သင့်သည်ဟု Pu Vanlalruata က ပြောသည်။

Peoples’ Conference (PC) ပါတီသည် မီဇိုရမ်ပြည်နယ်တွင် ဝါရင့်နိုင်ငံရေးပါတီတစ်ခုဖြစ်သော်လည်း ယခုနောက်ပိုင်းတွင်အင်အားနည်းလာပြီး လူထုထောက်ခံမှုလည်း သိသိသာသာလျော့နည်းသွားပြီဟု သိရသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလကကျင်းပသော မီဇိုရမ်ပြည်နယ် အထွေထွေရွေးကောက်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.