Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ခ်င္းျပည္နယ္ ကုိဗစ္ႏုိင္တင္း လက္က်န္လူနာ (၄) ဦးအနက္ (၃) ဦး Negative ႏွစ္ႀကိမ္စီျပ၍ ဆင္းရံုကဆင္းျပီ

ခ်င္းျပည္နယ္ ကုိဗစ္ႏုိင္တင္း လက္က်န္လူနာ (၄) ဦးအနက္ (၃) ဦး Negative ႏွစ္ႀကိမ္စီျပ၍ ဆင္းရံုကဆင္းျပီ

0
By Editor on June 29, 2020 Khonumthung

#Zawgyi

By ႏွင္းႏွင္း  – ခ်င္းျပည္နယ္၊ တီးတိန္ျမဳိ႕ ႏွင့္ ဟားခါးျမဳိ႕ ျပည္သူ႔ေဆးရုံတို႔တြင္ ကုသမူခံယူေနၾက ေသာ ကုိဗစ္ႏုိင္တင္းလက္က်န္လူနာ (၄) ဦး အနက္ (၃) ဦးတုိ႕၏ ဓာတ္ခြဲစစ္ေဆးမူအေျဖ (၂) ၾကိမ္စီဆက္တုိက္ Negative ျပသည့္အတြက္  ယေန႔တြင္ ေဆးရုံမွဆင္းျပီဟုသိရသည္။

တီးတိန္ျမဳိ႕ ျပည္သူ႔ေဆးရုံတြင္ ကိုဗစ္ႏုိင္တင္းလူနာအမွတ္ (၂၀၀) ႏွင့္ (၂၀၁) တို႔သည္ ကုသမႈခံယူလ်က္ရွိကာ ၎တို႔၏  ဓာတ္ခြဲအေျဖ Negative (၂) ၾကိမ္စီျပသည့္အတြက္ ယေန႔တြင္ ေဆးရုံမွဆင္းခြင့္ရသြားျပီဟု တီးတိန္ၿမိဳ႕ျပည္သူ႔ေဆးရံုအုပ္ ေဒါက္တာေဇာ္ျမင့္ႏုိင္ကေျပာသည္။

“ဒီေန႔ေဆးရုံဆင္းမယ္ Quarantine ဆက္ထားမယ္” ဟု တီးတိန္ေဆးရုံအုပ္ေဒါက္တာ ေဇာ္ျမင့္ႏုိင္က ေျပာသည္။

အလားတူ ဟားခါးျမဳိ႕ ျပည္သူ႔ေဆးရုံရွိ လူနာအမွတ္ (၁၈၂) သည္လည္း ဓာတ္ခြဲနမူနာအေျဖ (၂) ၾကိမ္ Negative ျပၿပီျဖစ္သည့္အတြက္ ယေန႔တြင္ ေဆးရံုမွဆင္းတာ့မည္ဟု ဟားခါးျပည္သူ႔ေဆးရံုအုပ္ ေဒါက္တာမာန္ဗ်က္ကုန္ကေျပာသည္။

“ဒီေန႔ေဆးရုံဆင္းမွာ၊ ထန္တလန္တြင္ Quarantine ဆက္ထားမယ္” ဟု ဟားခါးေဆးရုံအုပ္ကေျပာသည္။

ဟားခါးၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူေနေသာ ကိုဗစ္ႏုိင္တင္းလူနာအမွတ္ (၂၃၂) သည္ ဓာတ္ခြဲနမူနာအေျဖ Negative တစ္ႀကိမ္သာျပေနေသး၍ အာေခါင္တုဖတ္မ်ား ထပ္ယူကာ စစ္ေဆးရန္ ရန္ကုန္သို႔ပို႔ေဆာင္ထားေၾကာင္း ဟားခါးေဆးရံုအုပ္ကဆက္ေျပာသည္။

ခ်င္းျပည္နယ္တြင္ ကုိဗစ္ႏုိင္တင္းပုိးေတြ႔လူနာ  (၁၀) ဦးရွိခဲ႔ျပီး လူနာအမွတ္ (၁)၊ (၂၃)၊ (၇၈)၊ (၁၁၃)၊ (၁၅၀)၊ (၃၁) တို႔သည္ ေဆးရံုမွဆင္းသြားၾကၿပီးျဖစ္ပါသည္။

ယေန႔တြင္လည္း လူနာအမွတ္ (၂၀၀)၊ (၂၀၁) ႏွင့္ (၁၈၂) တို႔ ေဆးရံုမွထပ္မံ ဆင္းသြားျပီျဖစ္သည့္အတြက္ ခ်င္းျပည္နယ္တြင္ ကိုဗစ္ႏုိင္တင္းလူနာ တစ္ဦးသာ က်န္ရွိေတာ့မည္ျဖစ္သည္။

#Unicode

#Zawgyi

By နှင်းနှင်း – ချင်းပြည်နယ်၊ တီးတိန်မြို့ နှင့် ဟားခါးမြို့ ပြည်သူ့ဆေးရုံတို့တွင် ကုသမူခံယူနေကြ သော ကိုဗစ်နိုင်တင်းလက်ကျန်လူနာ (၄) ဦး အနက် (၃) ဦးတို့၏ ဓာတ်ခွဲစစ်ဆေးမူအဖြေ (၂) ကြိမ်စီဆက်တိုက် Negative ပြသည့်အတွက် ယနေ့တွင် ဆေးရုံမှဆင်းပြီဟုသိရသည်။

တီးတိန်မြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်နိုင်တင်းလူနာအမှတ် (၂၀ဝ) နှင့် (၂၀၁) တို့သည် ကုသမှုခံယူလျက်ရှိကာ ၎င်းတို့၏ ဓာတ်ခွဲအဖြေ Negative (၂) ကြိမ်စီပြသည့်အတွက် ယနေ့တွင် ဆေးရုံမှဆင်းခွင့်ရသွားပြီဟု တီးတိန်မြို့ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဇော်မြင့်နိုင်ကပြောသည်။

“ဒီနေ့ဆေးရုံဆင်းမယ် Quarantine ဆက်ထားမယ်” ဟု တီးတိန်ဆေးရုံအုပ်ဒေါက်တာ ဇော်မြင့်နိုင်က ပြောသည်။

အလားတူ ဟားခါးမြို့ ပြည်သူ့ဆေးရုံရှိ လူနာအမှတ် (၁၈၂) သည်လည်း ဓာတ်ခွဲနမူနာအဖြေ (၂) ကြိမ် Negative ပြပြီဖြစ်သည့်အတွက် ယနေ့တွင် ဆေးရုံမှဆင်းတာ့မည်ဟု ဟားခါးပြည်သူ့ဆေးရုံအုပ် ဒေါက်တာမာန်ဗျက်ကုန်ကပြောသည်။

“ဒီနေ့ဆေးရုံဆင်းမှာ၊ ထန်တလန်တွင် Quarantine ဆက်ထားမယ်” ဟု ဟားခါးဆေးရုံအုပ်ကပြောသည်။

ဟားခါးမြို့ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသော ကိုဗစ်နိုင်တင်းလူနာအမှတ် (၂၃၂) သည် ဓာတ်ခွဲနမူနာအဖြေ Negative တစ်ကြိမ်သာပြနေသေး၍ အာခေါင်တုဖတ်များ ထပ်ယူကာ စစ်ဆေးရန် ရန်ကုန်သို့ပို့ဆောင်ထားကြောင်း ဟားခါးဆေးရုံအုပ်ကဆက်ပြောသည်။

ချင်းပြည်နယ်တွင် ကိုဗစ်နိုင်တင်းပိုးတွေ့လူနာ (၁၀) ဦးရှိခဲ့ပြီး လူနာအမှတ် (၁)၊ (၂၃)၊ (၇၈)၊ (၁၁၃)၊ (၁၅၀)၊ (၃၁) တို့သည် ဆေးရုံမှဆင်းသွားကြပြီးဖြစ်ပါသည်။

ယနေ့တွင်လည်း လူနာအမှတ် (၂၀ဝ)၊ (၂၀၁) နှင့် (၁၈၂) တို့ ဆေးရုံမှထပ်မံ ဆင်းသွားပြီဖြစ်သည့်အတွက် ချင်းပြည်နယ်တွင် ကိုဗစ်နိုင်တင်းလူနာ တစ်ဦးသာ ကျန်ရှိတော့မည်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.