• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ချင်းတောင်တန်းဌာနေပြည်သူ့စစ် အထူးကွန်မန်ဒိုသင်တန်းဆင်ပွဲပြုလုပ် ပြည်သူရဲ့ အားပေးထောက်ခံကူညီမှုနဲ့ NUG ရဲ့ ဆူပူသောင်းကျန်းမှုကို တိုက်ဖျက်အနိုင်ယူမယ်လို့ နမခတိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်သဝဏ်လွှာပို့ ဆိုတဲ့သတင်းအမှား

ချင်းတောင်တန်းဌာနေပြည်သူ့စစ် အထူးကွန်မန်ဒိုသင်တန်းဆင်ပွဲပြုလုပ် ပြည်သူရဲ့ အားပေးထောက်ခံကူညီမှုနဲ့ NUG ရဲ့ ဆူပူသောင်းကျန်းမှုကို တိုက်ဖျက်အနိုင်ယူမယ်လို့ နမခတိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်သဝဏ်လွှာပို့ ဆိုတဲ့သတင်းအမှား

0
By Editor on December 20, 2021 Headline

#Fact Check

ချင်းပြည်နယ်မှာ ချင်းတောင်တန်းဌာနေပြည်သူ့စစ် အထူးကွန်မန်ဒို သင်တန်းဆင်းပွဲကို နမခတိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်မှ သဝဏ်လွှာပေးပို့လိုက်ကြောင်း CNO ကထုတ်ပြန်တယ်ဆိုတဲ့သတင်းအမှားဟာ Facebook စာမျက်နှာမှာပျံနှံ့နေပါတယ်။

အမှန်တယ်ကတော့ အဲဒီကွန်မန်ဒိုသင်တန်းဆင်းပွဲဟာ ဒီဇင်ဘာလ ၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ချင်းအမျိူးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) ရဲ့သင်တန်းဆင်းပွဲဖြစ်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပေးပို့တဲ့ သဝဏ်လွှာကို ပုံမှားရိုက်ရေးသားပြီး ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်သဝဏ်လွှာပေးပို့တဲ့ပုံစံနဲ့ ပြန်လည်ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပေးပို့တဲ့ သဝဏ်လွှာမှာ “ရဲဘော်တို့ရဲ့ စွန့်လွှတ်ပေးဆပ်မှုများသည် နောင်လာနောက်သား ငါတို့မျိုးဆက်သစ်များအတွက်ဖြစ်သည်။ ငါတို့ပြည်ထောင်စုနိုင်ငံတော်၏ အနာဂတ်အတွက်ဖြစ်သည်။ တိုင်းရင်းသားပြည်သူအားလုံး စစ်ကျွန်ဘဝမှ လွှတ်မြောက်ရေးအတွက် အဆုံးသတ်တိုက်ပွဲဝင်ရန် ရည်ရွယ်လျက် ဤစွန့်လွှတ်ပေးဆပ်မှုများကို အရင်းအနှီးပြုနေသည့် ရဲဘော်အားလုံးကို ဤနေရာမှ ဦးညွှတ်အလေးပြုလိုက်ပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။

ဒါပေမယ့် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်သဝဏ်လွှာပေးပို့တဲ့ပုံစံနဲ့ ပြန်လည်ရေးသားဖော်ပြထားမှုမှာတော့ “ရဲဘော်တို့ရဲ့ စွန့်လွှတ်ပေးဆပ်မှုများသည် နောင်လာနောက်သား ငါတို့မျိုးဆက်သစ်များအတွက်ဖြစ်သည်။ ငါတို့ပြည်ထောင်စုနိုင်ငံတော်၏ အနာဂတ်အတွက်ဖြစ်သည်။ တိုင်းရင်းသားပြည်သူအားလုံး NUG ၏ ဆူပူသောင်းကျန်းမှုမှ လွှတ်မြောက်ရေးအတွက် အဆုံးသတ်တိုက်ပွဲအတွက်ရည်ရွယ်လျက် ဤစွန့်လွှတ်ပေးဆပ်မှုများကို အရင်းအနှီးပြုနေသည့် ရဲဘော်အားလုံးကို ဤနေရာမှ ဦးညွှတ်အလေးပြုလိုက်ပါတယ်” လို့ ပုံတူမှား ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

အခုလို ပုံစံတူ ရေးသားမှုကို စံပယ်ဖြူ အကောင့်ကနေ ဒီဇင်ဘာလ ၄ ရက်နေ့က ရေးသားဖော်ပြထားတာဖြစ်ပြီး Like & React ပြုလုပ်သူ 44 ‌ယောက်ထိရှိတဲ့ သတင်းအမှား Post တစ်ခုသာဖြစ်ပါတယ်။

နိုင်ငံရေးမတည်ငြိမ်တဲ့ အနေအထားမှာ သတင်းအတုသတင်းအမှားတွေက ဆိုရှယ်မီဒီယာပေါ်မှာ ပျံနှံ့လျက်ရှိပါတယ်။

သတင်းဖတ်သူတွေအနေနဲ့ ယုံကြည်စိတ်ချရတဲ့သတင်းဌာနက သတင်းများကိုသာဖတ်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကောင်စီမှ ဖွင့်လှစ်သောကျောင်းတွင် ကျောင်းအပ်နှံခြင်းမပြုရန် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပန်ကြား

ထန်တလန်မြို့တွင် CDF များက နေအိမ်များအား ထပ်မံမီးရှို့ဆိုတဲ့သတင်း

ပလက်ဝမြို့အနီးတွင် လက်နက်ကြီးပစ်ခတ်သံများကြားနေရ

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.