Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းတောင်ထိုးစစ်သို့ စစ်ယာဉ်တန်း ၂ ကြောင်းဖြင့် စစ်တပ်က အင်အားရာချီ ထပ်မံဖြည့်တင်းနေ

ချင်းတောင်ထိုးစစ်သို့ စစ်ယာဉ်တန်း ၂ ကြောင်းဖြင့် စစ်တပ်က အင်အားရာချီ ထပ်မံဖြည့်တင်းနေ

0
By Editor on July 13, 2026 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်သို့ ထိုးစစ်ဆင်နေသော စစ်တပ်သည် အထိနာ၍ တပ်လန်ခဲ့ ပြီးနောက် စစ်ယာဉ်တန်း ၂ ကြောင်းဖြင့် အင်အားရာချီ ထပ်မံဖြည့်တင်းလာနေကြောင်း သိရသည်။

ဇူလိုင်လ ၁၀ ရက်က ပေါက်မြို့နယ် အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံမှ ကား ၅ စီးဖြင့် အင်အား ၄၀၀ ခန့် စစ်တပ်စစ်ကြောင်းသည် ပေါက်- ကျောက်ထု ကားလမ်းအတိုင်း ချင်းတောင်ပိုင်းသို့ ဦးတည်ထွက်ခွာလာခဲ့ရာ ဆောမြို့နယ်ထဲကို ရောက်ရှိလာပြီ ကျောက်ထုမြို့ အမြောက်တပ်ရင်း ၃၆၈ သို့ ဆက်လက်ဦးတည်နေကြောင်း သိရသည်။

“ကပစ ၂၄ ကနေ ထွက်လာတဲ့ ကား ၅ စီးနဲ့ အင်အား ၄၀၀ ခန့် စစ်ကြောင်းကတော့ မနေ့က တပြင်းကျေးရွာမှာ ညအိပ်ရပ်နားတယ်။ ဒီနေ့ နေ့လယ်ပိုင်းမှာတော့ အကြည်ပန်းပလွန်းရွာကို ရောက်လာပါပြီ။ အဲဒီကနေ ကျောက်ထု မြို့ဘက်ကို ဆက်လက်ဦးတည်တာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျောက်ထုအမြောက်တပ်မှ စစ်အင်အား တစ်ရာခန့်ရှိသော စစ်တပ်စစ်ကြောင်းသည်လည်း ပန်းဆန်ရွာမှတစ်ဆင့် သရက်ချဉ်ရွာဘက်သို့ ယနေ့ နေ့လည်ပိုင်းတွင် အကြိုထောက်ရန် ဆက်လက်စစ်ကြောင်းထိုးလာနေသည်ဟု သိရသည်။

ဆောမြို့နယ်၊ တပြင်းကျေးရွာနှင့် ပုံတောင်နတ်ထိပ်ကြားမှာလည်း အဆိုပါစစ်တပ် စစ်ကြောင်းနှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်တို့ ဇူလိုင်လ ၁၂ ရက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်တပ်မှ ၁၀ ဦးခန့် သေဆုံးရှိမှု ရှိကြောင်း သိရသည်။

ပေါက်ကပစ ၂၄ မှ စစ်တပ်စစ်ကြောင်းသည် ပေါက်မြို့နယ်နှင့် ယောဒေသ၊ ပုံတောင်နတ်ထိပ်အတွင်းရှိ ကျောက်တံခါး၊ ကျောက်မဲတောင်၊ ဆယ်မိုင်၊ ပလောင်းကျေးရွာတစ်လျှောက်က လမ်းပိုင်းများကိုလည်း တပ်ဖြန့် လုံခြုံရေး ယူထား ကြောင်း သိရသည်။

အလားတူ မိတ္ထီလာအခြေစိုက် တပ်မ ၉၉ မှ စစ်ကြောင်းသည်လည်း မကွေးအနောက်ခြမ်း၊ မင်းဘူး- ဂန့်ဂေါခရိုင် ချင်းဆက်လမ်းမှတဆင့် စေတုတ္တရာ – လောင်းရှည်လမ်းအတိုင်း ချီတက်လာရာ ယနေ့ ဇူလိုင်လ ၁၃ ရက်တွင် စစ်အင်အားတချို့သည် လောင်းရှည် ကပစ – ၂၅ သို့ ရောက်ရှိလာပြီဖြစ်သည်ဟု သိရသည်။

အဆိုပါစစ်ကြောင်းတွင် စစ်ယာဉ်တန်းအစီး ၃၀ ကျော် ပါရှိပြီး လက်နက်ခဲယမ်းများနှင့်အတူ စစ်အင်အား ၆၀၀ ဝန်းကျင် ရှိနိုင်ကာ ယင်းစစ်ကြောင်းသည် ဆောမြို့သို့ ဦးတည်နေကြောင်း သိရသည်။

ချင်းတောင်းသို့ စစ်တပ်မှ စစ်အင်အားများ ဖြည့်တင်းပြီးပါက ထိုးစစ်ဆင်မှုများတွင် ယခင်စစ်မျက်နှာပြင်သာမက မင်းတပ်မြို့၏ အရှေ့မြောက်ဘက်ရှိ ဘောက်တဲကျေးရွာဘက်မှလည်း စစ်မျက်နှာ ထပ်မံဖြန့်ကျက်လျက် ပြန်ထိုးစစ်ဆင်လာနိုင်ကြောင်း၊ မင်းတပ်ဘက်တွင် စစ်မျက်နှာ ကျယ်ကျယ်ဖွင့်၍ ထိုးလာနိုင်ကြောင်း သိရသည်။

“အဓိကက မင်းတပ်၊ ကန်ပက်လက် စစ်မျက်နှာကိုပဲ ဖြည့်တဲ့အနေအထားပေါ့နော်။ အဲတော့ ထုံစံအတိုင်း အင်အားထပ်ဖြည့်တာပေါ့။ လူလှိုင်းနဲ့ သုံးလာတဲ့ အနေအထားပါပဲ။ ဒါပေမယ့် အခု စုစုပေါင်းဆိုရင် အင်အား ဟိုဘက်က ၄၀၀နဲ့ ဒီဘက်က ၆၀၀ ဝန်းကျင်တော့ မှန်းတာပေါ့နော်။ ရောက်လာမှပဲ သိရမှာပေါ့နော်။ ယာဉ်တန်းမှာက အလုံပိတ်ထားတာ ဆို‌တော့ ခဲယမ်းတွေရောလား မသိ။ ဒါပေမယ့် ခန့်မှန်းခြေ အင်အား ၁၀၀၀ ဝန်းကျင်လောက် ထပ်ထည့်တဲ့ အနေအထားမျိုးပေါ့။ ဒီမိုးတွင်းမှာတော့ ဘယ်လိုမှ အဆင်မပြေလောက်ပါဘူး။ ထပ်ပြီး လန်ကျမယ့် အနေအထားပဲ ရှိပါလိမ့်မယ်။ ချက်ခြင်းကြီး မပြောင်းလဲသွားနိုင်တဲ့ အနေအထားမျိုးပေါ့နော်။ ဒီမိုးတွင်းမှာတော့ အထိနာနေလိမ့်ဦးမယ်လို့ တွက်ဆပါတယ်” ဟု စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

မေလလယ်မှစတင်၍ မင်းတပ်နှင့် ကန်ပက်လက်မြို့များသို့ စစ်အင်အား ၂၀၀၀ ဝန်းကျင်ခန့်ဖြင့် စစ်တပ်သည် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ချင်းပြည်သူ့တပ်မတော် (CPU/ CPA) နှင့် မဟာမိတ်တပ်များက ပူးပေါင်းခုခံ နေသည်ဟု သိရသည်။

တစ်လခွဲကျော်လာပြီးဖြစ်သော ချင်းတောင်ပိုင်း တိုက်ပွဲများတွင် တော်လှန်ရေးပူးပေါင်းတပ်များသည် ထိုးစစ်အသွင်ရှိသော ခံစစ်ပုံစံမျိုးဖြင့် တွန်းလှန်တိုက်ခိုက်လျက်ရှိရာ စစ်တပ်မှ အင်အားရာချီ သေဆုံးပြီး၊ အင်အားရာချီမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ချင်းပြည်သူ့အစည်းအရုံးက ဇူလိုင်လဆန်းက ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

အိုင်ဇောလ်ချင်းငြိမ်းချမ်းရေးညီလာခံမှာ CC နှင့် ICNCC တို့ကို CPRI က သီးခြားစီတွေ့ဆုံဆွေးနွေး

ကန်ပက်လက်က စစ်ရှောင်စခန်း ဗုံးကြဲခံရပြီး အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

August 24, 2026

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

August 24, 2026

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

August 22, 2026

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.