Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပူးပေါင်းတပ်များ မြို့ပေါ်အခြေစိုက်စစ်ကောင်စီတပ်ရင်းများကို မကြာခဏ စီးနင်းတိုက်ခိုက်မှုရှိလာ၊ ထိုးစစ်အနေအထားဖြင့် သွားနိုင်ရန် ပြင်ဆင်နေ 
ပုံစာ - တိုက်ပွဲဖြစ်ပွားသည့် နေရာအချို့နှင့် ချင်းပူးပေါင်းတပ်များမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။

ချင်းပူးပေါင်းတပ်များ မြို့ပေါ်အခြေစိုက်စစ်ကောင်စီတပ်ရင်းများကို မကြာခဏ စီးနင်းတိုက်ခိုက်မှုရှိလာ၊ ထိုးစစ်အနေအထားဖြင့် သွားနိုင်ရန် ပြင်ဆင်နေ 

0
By Editor on August 17, 2023 Headline

(06SV)

ချင်းပြည်နယ်၏ မြို့ပေါ် အခြေစိုက်သော စစ်ကောင်စီတပ်ရင်းများကို ချင်းကာကွယ်ရေးပူးပေါင်းတပ်များက မကြာခဏ စီးနင်းတိုက်ခိုက်မှုရှိလာပြီး ထိုးစစ်အနေအထားဖြင့်သွားနိုင်ရန် ပြင်ဆင်နေသည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီးက ပြောသည်။ 

“မိုးတွင်းစစ်ဆင်ရေးမှာ ချင်းတောင်ကို စစ်ကောင်စီက စစ်ဆင်ပြီး သိမ်းဆည်းမယ်လို့ ကြုံးဝါးထားတာ ရှိတာပေါ့။ ကျနော်တို့ ဘက်ကလည်း ပြင်ဆင်မှု လုပ်ပြီးတော့ ခံစစ်အနေအထားကနေ ထိုးစစ်ဆိုပြီး သူတို့ တပ်ရင်း ဌာနချုပ် ကိုပေါ့။ ၁၂ ရက်ကပဲ ဖလမ်းမြို့ပေါ်ကို အဲသလို သွားပြီးတော့ ဝင်စီးတာဖြစ်တယ်။ မိုးတွင်းကတော့ အဲဒီစစ်ဆင်ရေး က ဘယ်လောက်ကြီးမလဲဆိုတာ သူတို့ရဲ့ လှုပ်ရှားမှု အနေအထားပေါ့။ ဒါပေမဲ့ ကျနော်တို့ဘက် ကတော့ အကောင်း ဆုံးကို ပြင်ဆင်ထားတာပေါ့။ ထိုးစစ်နဲ့ သွားဖို့ ကျနော်တို့လည်း ပြင်ဆင်နေတာဖြစ်တယ်” ဟု သူကပြောသည်။ 

ယမန်နေ့ ဩဂုတ်လ ၁၄ ရက်က ထန်တလန်မြို့အခြေစိုက် ခလရ – ၂၆၉ တပ်ရင်းဌာနချုပ်ကို ချင်းအမျိုးသားတပ်ဦး CNF/ CNA ၊ CDF – ထန်တလန် ၊ CDF- ဇိုဖေ ပူးပေါင်းတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ရာ ဌာနချုပ် လုံခြုရေးစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦးက သတင်းထုတ်ပြန်သည်။

စခန်းအသိမ်းခံရပြီးနောက် စစ်ကောင်စီသည် ယင်းနေရာကို လေကြောင်းက ၃ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများနိုင်ပြီး တပ်သား ၂ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကာ လက်နက် ၆ လက် သိမ်းဆည်းရမိခဲ့သည်။

ချင်းပူးပေါင်းတပ်မှ ၃ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

ဩဂုတ်လ ၁၂ ရက်ကလည်း ဖလမ်းမြို့အခြေစိုက် ခလရ ၂၆၈ တပ်ရင်းဌာနချုပ်ကို CNF/ CNA ၊ CDF-KKG နှင့် CDF- Hualngoram ချင်းပူးပေါင်းတပ်က စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီမှ ၆ ဦးသေဆုံး၊ ၉ ဦး ဒဏ်ရာများရရှိခဲ့ပြီး ပွိင့်- ၅ စက်သေနတ်နဲ့ ကျည်များအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် ၁၁ လက်နှင့် ကျည်ဆံအများအပြား သိမ်းဆည်းရမိခဲ့သည်။

ဩဂုတ်လ ၁ ရက် နှင့် ၂ ရက်နေ့တုန်းကလည်း တွန်းဇံမြိုပေါ်က စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းကို ချင်းကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့က ၀◌င်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။

အလားတူ ဇူလိုင် ၃၀ ရက်တွင် မင်းတပ်မြို့ ပေါ် ၊အရှေ့ပြင်ရပ်ကွက်တွင် ကင်းလှည့်လာသော စစ်ကောင်စီကားတစ်စီးကို ချင်းကာကွယ်ရေးတပ် -မင်းတပ်က စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးပြီး ခရိုင်ရဲစခန်းမှူးအပါအဝင် တပ်သားတချို့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

ယခုလအတွင်း ချင်းပြည်နယ်မြောက်ပိုင်းက တပ်ရင်းဌာနချုပ်များ မကြာခဏ စီးနင်းတိုက်ခိုက်ခံရမှုကြောင့် ဟားခါး-ထန်တလန်- ဖလမ်းဒေသများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး အရပ်သားပြည်သူ အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ဘုရားကျောင်းနှင့် နေအိမ်များလည်း မီးလောင်ပျက်စီးမှုရှိခဲ့သည်။ 

“ကျနော်တို့က အတတ်နိုင်ဆုံး ပြည်သူနဲ့အတူ ခုခံကာကွယ်သွားမှာပါ။ လေကြောင်းတိုက်ခိုက်မှု ဆိုတာက ချင်းတောင် ဘက်မှာ တိုက်လေယာဉ်တွေ ဘယ်လောက်ပဲ လာလာ၊ မြေပြန့်ဒေသနဲ့ စာရင်တော့ ထိခိုက်မှု နည်းပါတယ်။ ဒီအတွက် ပြည်သူတွေ စိုးရိမ်း မလွန်ကြဖို့နဲ့ သတိအနေအထားနဲ့ ရှိဖို့ ပြည်သူတွေကို ပြောချင်တယ်” ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ 

ချင်းပြည်နယ်က စစ်ကောင်စီ၏ အထိုင်တပ်ရင်းများသည် စစ်ရေးလှုပ်ရှားမှု မဆောင်ရွက်နိုင်တော့ဘဲ ဂျက်ဖိုက်တာနှင့် လက်နက်ကြီးကိုသာ အားကိုးတိုက်ခိုက်နေသည်ဟု သိရသည်။

ချင်းပြည်နယ်၏ ၉ မြို့နယ်အားလုံးတွင် စစ်ကောင်စီက မြို့ပေါ်မှာသာ ကျန်ရှိပြီး ကျန်ဒေသအားလုံး ၇၅ ရာခိုင်နှုန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်စိုးမိုးထားသည်ဟု ချင်းတော်လှန်ရေးအင်အားစုများက ပြောသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၃ တစ်နှစ်တာကို တော်လှန်ရေးအဆုံးအဖြတ်နှစ်အဖြစ် သတ်မှတ်ပြီး လမ်းအားလုံး နေပြည်တော်သို့ စစ်ရေးစီမံချက်အပါအဝင် စစ်ရေးစီမံချက်များ ချမှတ်ကာ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို တချို့စစ်ရေးနယ်မြေများတွင် စတင်ဆောင်ရွက်နေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.