Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်က CDM မူလတန်းပြဆရာမတစ်ဦးကို စစ်ကောင်စီက တသက်တကျွန်းထောင်ဒဏ်ချမှတ်

ချင်းပြည်နယ်က CDM မူလတန်းပြဆရာမတစ်ဦးကို စစ်ကောင်စီက တသက်တကျွန်းထောင်ဒဏ်ချမှတ်

0
By Editor on March 20, 2024 Headline

(006SV)

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်က CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးရိုက်နှက်ပြီးနောက် စစ်ခုံရုံးဖြင့် တသက်တကျွန်း ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။

တွန်းဇံမြို့နယ်၊ ပညာရေးဌာနမှ အသက် ၂၃ နှစ်အရွယ် မူလတန်းပြဆရာမ လျာ-ဝုန်ဟွဲကိမ်သည် စစ်ကောင်စီ၏ ဖမ်းဆီး ချုပ်နှောင်ခံလိုက်ရပြီး နှစ်လခန့်အကြာ မတ်လ ၁၃ ရက်က တသက်တကျွန်း ထောင်ဒဏ် ချမှတ်ခံခဲ့ရကြောင်း တွန်းဇံမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၁၈ ရက်က ထုတ်ပြန်ထားသည်။

“သူက အဖမ်းခံရပြီး၊ တော်တော်လေးကိုလည်း နှိပ်စက်ခံရတယ်။ ပြီးတော့ စစ်ခုံရုံးကနေပဲ တစ်သက်တစ်ကျွန်း နဲ့ ထောင်ဒဏ် ချလိုက်တယ်။ ဘာကြောင့် ဖမ်းခံရသလဲဆိုတော့ CDM ကျောင်းဆရာမဖြစ်တယ်။ Non – CDM သမားတွေရဲ့ တိုင်ကြားမှုလည်း ပါတယ်။ အဲဒါနဲ့ ဖမ်းခံလိုက်ရတာပါ” တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်က CDM မူလတန်းပြဆရာမ လျာ-ဝုန်ဟွဲကိမ်နှင့် ဖခင်ဖြစ်သူတို့သည် တွန်းဇံမြို့ရှိ ၎င်းတို့နေထိုင်ရာအိမ်မှ ဖမ်းဆီး ခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက CDM ဆရာမ လျာ-ဝုန်ဟွဲကိမ်ကို အိန္ဒြေသိက္ခာကို မငဲ့မကွက်ပဲ နည်းမျိုးစုံဖြင့် ရိုက်နှက်စစ်ဆေးကြပြီး မတရားပုဒ်မများဖြင့် တရားစွဲဆိုကာ နှစ်ရှည် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဖခင်ဖြစ်သူကိုလည်း ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်ဟုသိရသည်။

CDM ဆရာမကို မတရားဖမ်းဆီးစီရင်မှုအတွက် ပတ်သက်ဆောင်ရွက်သော မည်သူမဆို ၎င်းတို့ လုပ်ရပ်အတွက် တာဝန်ခံမှု အပြည့်ရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးချက် ထုတ်ပြန်ထားသည်။

ဆရာမ လျာ-ဝုန်ဟွဲကိမ်နှင့်ဖခင်ဖြစ်သူကို စစ်ကောင်စီမှ မတရားပုဒ်မများ တပ်ကာ ဖမ်းဆီး ထောင်ဒဏ်ချခြင်းကို အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်း တွန်းဇံ-ပအဖက ဆိုသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.