Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ်တွင် တက္ကသိုလ်၀င်စာမေးပွဲဖြေဆိုသူ ၄၀၁ ဦးသာရှိ ပျက်ကွက်သူပိုများနေ
ပုံစာ - ယခင်ပုံဟောင်း

ချင်းပြည်နယ်တွင် တက္ကသိုလ်၀င်စာမေးပွဲဖြေဆိုသူ ၄၀၁ ဦးသာရှိ ပျက်ကွက်သူပိုများနေ

0
By Editor on March 12, 2024 Khonumthung

(004SS)

ချင်းပြည်နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၄၀၁ ယောက်သာရှိပြီး ပျက်ကွက်သူပိုများနေကြောင်း ချင်းပြည်နယ် ပညာရေးမှူးရုံး၏ စာရင်းပြုစုချက်အရ သိရသည်။

ယမန်‌နေ့ မတ်လ ၁၁ ရက်ကစပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြရာ ချင်းပြည်နယ်တွင် တက္ကသိုလ်၀င်တန်းစာမေးပွဲဖြေဆိုရန် လျှောက်ထားသူဦးရေ ၁၇၂၃ ရှိသည့်အနက် အမှန်တကယ် လာရောက်ဖြေဆိုသူမှာ ၄၀၁ ယောက်သာရှိပြီး ပျက်ကွက်သူ အယောက် ၁၃၂၂ ရှိသည်ဟုသိရသည်။

ထိုသို့ပျက်ကွက်သူများရခြင်းမှာ စာမေးပွဲဖြေဆိုရန် မသွားရောက်နိုင်ခြင်းကြောင့်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ပြင်ပဖြေကလေးတွေက ပျက်ကွက်များတာပေါ့နော်၊ ပြင်ပဖြေကလေးတွေက ဖောင်တင်ထားပြီးတော့ ဖြေဆိုမဲ့နေရာမရောက်ရှိနိုင်လို့လဲ ဖြစ်မှာပေါ့နော်။ ပြီးတော့ ပလက်ဝမြို့နယ်ပေါ့ အဲမှာ စာစစ်ဌာန ၃ ခု သတ်မှတ်ထားတာ ဖြေဆိုဖို့စာရင်းရှိကျောင်းသားဦးရေက ၉၉၅ ဦးရှိပါတယ်၊ ဒါပေမဲ့ လုံခြုံရေးအရ ပလက်ဝမှာ စာစစ်ဌာနမဖွင့်လှစ်နိုင်လို့ စစ်တွေမြို့နယ် စာစစ်ဌာနမှာ ဖြေဆိုဖို့သတ်မှတ်ထားတာ ကလေးတွေကိုလည်းအကြောင်းကြားထားပြီးပြီပေါ့ ဒါမပမဲ့ သူတို့က အခြေအနေအရ မသွားရောက်နိုင်တဲ့အတွက် ပျက်ကွက်မှု ရာခိုင်နှုန်းက များသွားတာပေါ့။” ဟု ချင်းပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။

စာစစ်ဌာန ၁၀ ခုရှိသည့် ချင်းပြည်နယ်တွင် ယခုနှစ်တက္ကသိုလ်၀◌င်တန်းစာမေးပွဲကို အထက(၁) ဟားခါး၊ အထက(၂) ဖလမ်း၊ အထက(၁) တီးတိန်၊ အထက- တွန်းဇံ၊ အထက- ကျီခါး၊ အထက (၁) မင်းတပ်၊ အထက (၂) မတူပီ စသည့် စာစစ်ဌာန ၇ ခုမှာသာ ကျင်းပနိုင်ခဲ့ကြကြောင်း သိရသည်။

အထက (၁) ဟားခါးစာစစ်ဌာနတွင် ဖြေဆိုသူ ကျောင်းသူကျောင်းသား ၇၂ ဦး၊ အထက(၂) ဖလမ်းတွင် ၈၃ ဦး၊ အထက(၁) တီးတိန်တွင် ၁၁၉ ဦး၊ အထက- တွန်းဇံတွင် ၁၁ ဦး၊ အထက-ကျီခါးတွင် ၈၀ ဦး၊ အထက(၁) မင်းတပ်တွင် ၂ ဦး နှင့် အထက (၂) မတူပီတွင် ၃၄ ဦးရှိသည်ဟု ပညာရေးမှူးရုံးစာရင်းအရသိရသည်။

အထက (၁) ပလက်ဝ၊ အထက (၂) ပလက်ဝ၊ အထက-ဆမီး စသည့်စာစစ်ဌာနများတွင် စာမေးပွဲဖြေဆိုရန် လျှောက်ထားသူအများဆုံးဖြစ်သော်လည်း ကျင်းပပြုလုပ်နိုင်ခြင်းမရှိခဲ့ပေ။

မြို့နယ် ၉ ခုရှိသည့် ချင်းပြည်နယ်တွင် ထန်တလန်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်တို့သည် စစ်အာဏာသိမ်းမှုဖြစ်ပွား သည့်နောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှုနှင့် နေရပ်စွန်ခွာထွက်ပြေးနေရခြင်းကြောင့် စာစစ်ဌာန ဖွင့်လှစ်နိုင်ခြင်း မရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.