Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ်တွင် တက္ကသိုလ်၀င်စာမေးပွဲဖြေဆိုသူ ၄၀၁ ဦးသာရှိ ပျက်ကွက်သူပိုများနေ
ပုံစာ - ယခင်ပုံဟောင်း

ချင်းပြည်နယ်တွင် တက္ကသိုလ်၀င်စာမေးပွဲဖြေဆိုသူ ၄၀၁ ဦးသာရှိ ပျက်ကွက်သူပိုများနေ

0
By Editor on March 12, 2024 Khonumthung

(004SS)

ချင်းပြည်နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၄၀၁ ယောက်သာရှိပြီး ပျက်ကွက်သူပိုများနေကြောင်း ချင်းပြည်နယ် ပညာရေးမှူးရုံး၏ စာရင်းပြုစုချက်အရ သိရသည်။

ယမန်‌နေ့ မတ်လ ၁၁ ရက်ကစပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြရာ ချင်းပြည်နယ်တွင် တက္ကသိုလ်၀င်တန်းစာမေးပွဲဖြေဆိုရန် လျှောက်ထားသူဦးရေ ၁၇၂၃ ရှိသည့်အနက် အမှန်တကယ် လာရောက်ဖြေဆိုသူမှာ ၄၀၁ ယောက်သာရှိပြီး ပျက်ကွက်သူ အယောက် ၁၃၂၂ ရှိသည်ဟုသိရသည်။

ထိုသို့ပျက်ကွက်သူများရခြင်းမှာ စာမေးပွဲဖြေဆိုရန် မသွားရောက်နိုင်ခြင်းကြောင့်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ပြင်ပဖြေကလေးတွေက ပျက်ကွက်များတာပေါ့နော်၊ ပြင်ပဖြေကလေးတွေက ဖောင်တင်ထားပြီးတော့ ဖြေဆိုမဲ့နေရာမရောက်ရှိနိုင်လို့လဲ ဖြစ်မှာပေါ့နော်။ ပြီးတော့ ပလက်ဝမြို့နယ်ပေါ့ အဲမှာ စာစစ်ဌာန ၃ ခု သတ်မှတ်ထားတာ ဖြေဆိုဖို့စာရင်းရှိကျောင်းသားဦးရေက ၉၉၅ ဦးရှိပါတယ်၊ ဒါပေမဲ့ လုံခြုံရေးအရ ပလက်ဝမှာ စာစစ်ဌာနမဖွင့်လှစ်နိုင်လို့ စစ်တွေမြို့နယ် စာစစ်ဌာနမှာ ဖြေဆိုဖို့သတ်မှတ်ထားတာ ကလေးတွေကိုလည်းအကြောင်းကြားထားပြီးပြီပေါ့ ဒါမပမဲ့ သူတို့က အခြေအနေအရ မသွားရောက်နိုင်တဲ့အတွက် ပျက်ကွက်မှု ရာခိုင်နှုန်းက များသွားတာပေါ့။” ဟု ချင်းပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။

စာစစ်ဌာန ၁၀ ခုရှိသည့် ချင်းပြည်နယ်တွင် ယခုနှစ်တက္ကသိုလ်၀◌င်တန်းစာမေးပွဲကို အထက(၁) ဟားခါး၊ အထက(၂) ဖလမ်း၊ အထက(၁) တီးတိန်၊ အထက- တွန်းဇံ၊ အထက- ကျီခါး၊ အထက (၁) မင်းတပ်၊ အထက (၂) မတူပီ စသည့် စာစစ်ဌာန ၇ ခုမှာသာ ကျင်းပနိုင်ခဲ့ကြကြောင်း သိရသည်။

အထက (၁) ဟားခါးစာစစ်ဌာနတွင် ဖြေဆိုသူ ကျောင်းသူကျောင်းသား ၇၂ ဦး၊ အထက(၂) ဖလမ်းတွင် ၈၃ ဦး၊ အထက(၁) တီးတိန်တွင် ၁၁၉ ဦး၊ အထက- တွန်းဇံတွင် ၁၁ ဦး၊ အထက-ကျီခါးတွင် ၈၀ ဦး၊ အထက(၁) မင်းတပ်တွင် ၂ ဦး နှင့် အထက (၂) မတူပီတွင် ၃၄ ဦးရှိသည်ဟု ပညာရေးမှူးရုံးစာရင်းအရသိရသည်။

အထက (၁) ပလက်ဝ၊ အထက (၂) ပလက်ဝ၊ အထက-ဆမီး စသည့်စာစစ်ဌာနများတွင် စာမေးပွဲဖြေဆိုရန် လျှောက်ထားသူအများဆုံးဖြစ်သော်လည်း ကျင်းပပြုလုပ်နိုင်ခြင်းမရှိခဲ့ပေ။

မြို့နယ် ၉ ခုရှိသည့် ချင်းပြည်နယ်တွင် ထန်တလန်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်တို့သည် စစ်အာဏာသိမ်းမှုဖြစ်ပွား သည့်နောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှုနှင့် နေရပ်စွန်ခွာထွက်ပြေးနေရခြင်းကြောင့် စာစစ်ဌာန ဖွင့်လှစ်နိုင်ခြင်း မရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.