FactCheck
ဒီသတင်းအမှားကို Artice-11 News ဆိုတဲ့ အကောင့်ကနေပြီး “မနေ့က ညနေ ၃ နာရီခန့်က ဟားခါးမြို့၊ ထာရ် (၂) ရပ်ကွက်၊ မြို့မဈေးအနီး ဗျက်ကျုံးနုံဟာ လမ်းလျှောက်လာစဉ် CDF/PDF များထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး ဒဏ်ရာပြင်ထန်းစွာရရှိကာ အသက်အန္တရာယ် စိုးရိမ်ရကြောင်းသိရတယ်” လို့ ရေးသားထားတာဖြစ်ပါတယ်။
ဒီမြေမြုပ်နိုင်းနင်းမိတဲ့ဖြစ်စဉ်ကတော့ မှန်ပေမယ့် CDF/PDF ဘက်က ထောင်ထားတဲ့မိုင်းကြောင့်မဟုတ်ဘဲ စစ်ကောင်စီတပ်ဖွဲ့ဘက်က ထောင်ထားတဲ့မြေမြုမိုင်းကို နင်းမိတာဖြစ်နိုင်တယ်လို့ ဟားခါးမြို့ခံတစ်ဦးက ပြောပါတယ်။
မိုင်းနင်းမိသူ ဉီးဗျက်ကျုံးနဲ့ နီးစပ်သူတစ်ဉီးက “ဟားခါးမြို့ပေါ် ဟားခါးထာရ်ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၀ အရွယ် ဦးဗျက်ကျူံးဟာ အောက်တိုဘာလ ၁ ရက်နေ့က တောထဲကို ဟင်းထွက်ရှာသွားနေစဉ်မှာပဲ မြေမြုပ်မိုင်းနင်းမိခဲ့ပြီးနောက် ဟားခါးမြို့ ပြည်သူ့ဆေးရုံမှာ ခွဲစိတ်ကုသမှုခံယူပြီး ဘယ်ဖက်ခြေထောက် ဖြတ်ခံလိုက်ရတယ်” လို့ ပြောပါတယ်။
ဒါကြောင့် မိုင်းနင်းမိခဲ့တာဟာ သတင်းအမှားဖော်ပြထားသလို မြို့မဈေးအနီးမှာမဟုတ်ပါဘူး။
အဲ့ဒီမြေမြှုပ်မိုင်းဟာ စစ်ကောင်စီတပ်ဖွဲ့ဘက်က ထောင်ထားတဲ့ မိုင်းဖြစ်နိုင်တယ်လို့ ဒေသခံများက ယူဆနေကြပြီး Khonumthung အနေနဲ့ကတော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် ဒေသခံ အနည်းဆုံး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ ဖော်ပြချက်များအရ သိရပါတယ်။