Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

0
By Editor on November 6, 2025 Featured

စစ်ကော်မရှင်ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ပူးနိုးထန်ကပ်နဲ့ ဆက်သွယ်မေးမြန်းချက်

၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲအပိုင်း ၁ ကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပမယ်လို့ ကြေညာ ထားပါတယ်။

အဲဒီထဲမှာ ချင်းပြည်နယ်က ဟားခါး နဲ့ တီးတိန်မြို့နယ်တို့မှာလည်း စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပဖို့ စီစဉ် ထားပြီး နိုင်ငံရေးပါတီ ၅ ခုက ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

ချင်းပြည်နယ်မှာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီထဲမှာ ချင်းပြည်သစ်ကွန်ဂရက်ပါတီလည်း ပါဝင်ပါတယ်။

ချင်းပြည်သစ်ကွန်ဂရက်ပါတီဟာ ယခင် NLD အစိုးရလက်ထက် ချင်းပြည်ရဲ့ စက်မှု၊လက်မှု နဲ့ စည်ပင်ဝန်ကြီး ဟောင်း ဦးစိုးထက်က ဥက္ကဌအဖြစ်တာဝန်ယူထားပြီး ထင်ရှားတဲ့ချင်းနိုင်ငံရေးသမားတချို့လည်းပါဝင်ပါတယ်။

အဲဒီထဲမှာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-CNLD အလှည့်ကျဥက္ကဌဟောင်း ပူးနိုထန်ကပ်လည်းပါဝင်တယ်။ ပူး နိုးထန်ကပ်ဟာ CNLD ပါတီကနေ နှုတ်ထွက်ပြီး ချင်းပြည်သစ်ကွန်ဂရက်ပါတီကိုယ်စားပြုအနေဖြင့် လာမယ့် ဒီဇင်ဘာ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်အမျိုးသားလွှတ်တော် (အချိုးချကိုယ်စားပြုစနစ်) မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ချင်းလူထုအသိုင်းအဝန်းအကြား လူသိများထင်ရှားတဲ့ ပူးနိုးထန်ကပ်အနေနဲ့ ဘာကြောင့် စစ်ကော်မရှင်တပ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရတာပါလဲ? ဒီရွေးကောက်ပွဲကနေ သူဘာတွေ မျှော်လင့်နေပါသလဲစတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပူးနိုးထန်ကပ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဒီမိုကရေစီစံနှုန်းတွေနဲ့ လုံးဝ ကိုက်ညီမှုမရှိဘူးလို့ နိုင်ငံတကာနဲ့ ပြည်တွင်း တော်လှန်ရေးအင်အားစုတွေက ဝေဖန်နေတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ဘာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ရတာလဲ? အဲဒီလို ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ဘာကို အဓိကထား ဖော်ဆောင်ပေးချင်တာလဲ?

ဖြေ။ ။ ပြည်သူရွေးကောက်တင်မြှောက်တဲ့ အရပ်ဖက်အုပ်ချုပ်ရေး ပေါ်လာစေချင်လို့ပါ။

မေး။ ။ ပူးနိုးထန်ကပ်က ချင်းပြည်သစ်ကွန်ဂရက်ပါတီကနေ ချင်းပြည်နယ်အမျိုးသားလွှတ်တော် (အချိုးချကိုယ် ားပြုစနစ်) မဲဆန္ဒနယ်မြေမှာ ဝင်ရောက်မယ်လို့သိရပါလဲ? ဘာကြောင့် အမျိုးသားလွှတ်တော် အချိုးချကိုယ်စား ပြုစနစ်မှာ ဝင်ပြိုင်ဖို့ ရွေးချယ်ရတာလဲ?

ဖြေ။ ။ ပါတီ၏ စီမံဆုံးဖြတ်ချက်အရပါ။

မေး။ ။ လက်ရှိ ချင်းပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသအများစုဟာ တော်လှန်ရေး အင်အားစုတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပါတယ်။ ဒီလို အခြေအနေမှာ စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ ဘယ်လို ယုံကြည်စိတ်ချစွာ ပြောနိုင်မလဲ?

ဖြေ။ ။ UEC ရဲ့ ဦးဆောင်မှုကိုယုံကြည်လို့ပါ။

မေး။ ။ ဒီရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်၊ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေး၊ စစ်တပ် အုပ်ချုပ်မှုသက်ဆိုးရှည်ရေးဖြစ်တယ်ဆိုပြီး တော်လှန်ရေးအင်အားစုတွေကပြောဆိုတာမျိုးရှိပါတယ်။ ဆိုတော့ ဒီအပေါ် မှာ ဘယ်လိုရှုမြင်သုံးသပ်ပါလဲ?

ဖြေ။ ။ လူ့အလွှာအမျိုးမျိုး၊ ခံယူချက်အမျိုးမျိုးကြားမှာ အမြင်ချင်းတူညီဖို့ဆိုတာ မလွယ်ဘူးလို့ပဲ မြင်ပါတယ်။

မေး။ ။ ဒီရွေးကောက်ပွဲဟာ လက်ရှိဖြစ်နေတဲ့ မြန်မာနိုင်ငံရေး၊ စစ်ရေးပြသနာကို ဖြေရှင်းနိုင်မယ်လို့မျှော်လင့်လား? ဒီရွေးကောက်ပွဲကနေ မြန်မာ့နိုင်ငံရေးအနာဂတ်အတွက် ဘာရလဒ်ကောင်းတွေထွက်ပေါ်လာနိုင်မှာလဲ? ပူးနိုးထန်ကပ် အနေနဲ့ ဘာတွေမျှော်လင့်လို့ ခုလိုဝင်ပြိုင်ရတာလဲ?

ဖြေ။ ။ ရာခိုင်နှုန်းပြည့်မဟုတ်ရင်တောင်မှ အတိုင်းအတာတစ်ခုထိတော့ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တယ်။ ဒါဟာ ရလာဒ် ကောင်းပဲလေ။ ကျွန်တော့အနေနဲ့ တိုင်းရင်းသားရေးရာ၊ ပြည်ထောင်စုရေးရာ ဆောင်ရွက်ရာမှာ တနည်းတလမ်း ထဲထဲဝင်ဝင် ပါဝင်သင့်သည်ဟု ခံယူလို့ပါ။

မေး။ ။ ချင်းပြည်သူလူထုဟာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လိုလားပြီး လက်ရှိ ဆင်နွှဲနေတဲ့တော်လှန်ရေးကိုလည်း ထောက်ခံနေပါတယ်။ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး စစ်ကော်မရှင်ရဲ့ အစီအစဉ်ကို လက်ခံခြင်းဟာ ပြည်သူကို သစ္စာဖောက်ရာ မရောက်ဘူးလား?

ဖြေ။ ။ ဒီကိစ္စနဲ့ပါတ်သက်ပြီး ချင်းတစ်မျိုးသားလုံး ဆန္ဒခံယူပွဲ (Referendum) လုပ်တာလည်းမရှိလို့ ပြည်သူ့ဆန္ဒလို့ အတည်ပြောလို့မရပါဘူး။ ဒီတော့ ပြည်သူကို သစ္စာဖေါက်/ မဖေါက်နဲ့ မဆိုင်ဘူးပေါ့။ ကိုယ့်နိုင်ငံရေးခံယူချက်နဲ့ ကိုယ်ယုံကြည်ရာနဲ့ပဲ ဆိုင်ပါတယ်။

နောက်ပြီး ကျွန်တော်လက်လှမ်းမှီသလောက် တွေ့ရှိချက်အရ ပြောရရင် – အထူးသဖြင့် ဒို့ ချင်းတော်လှန်ရေးက တိကျတဲ့ နိုင်ငံရေးရည်မှန်းချက်အပေါ်အခြေခံတဲ့ တော်လှန်ရေးထက် အမုန်းတရားတစ်ခုတည်းကိုသာ အခြေခံတဲ့ တော်လှန်ရေးမျိုးဖြစ်နေတော့ – ငါနဲ့မတူ ငါ့ရန်သူ၊ ငါဆန့်ကျင်တဲ့သူတွေရဲ့ လုပ်ရပ်မှန်သမျှ အကောင်းမရှိ အဆိုးချည်း၊ သူတို့ လုပ်ဆောင်ချက်နှင့် အနည်းနဲ့အများ သက်ဆိုင်သူမှန်သမျှကို ပြင်းပြင်းထန်ထန် အရေးယူသင့်တဲ့ ဒလန် (သစ္စာဖေါက်) ဖြစ်ကုန်ရော။ ဝမ်းနည်းစရာပါ။

မေး။ ။ စစ်ကော်မရှင်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ဝင်ရောက်ခြင်းဖြင့် ချင်းလူမျိုးတွေ လိုလားတဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်မူတွေကို ဘယ်လိုနည်းနဲ့ အကောင်အထည်ဖော်ပေးနိုင်မလဲ?

ဖြေ။ ။ ပြည်ထောင်စုလွှတ်တော်ထဲ အရင်ရောက်ဖို့လိုပါတယ်။ ထိုမှတဆင့် ခြေဥပြင်ပြီး အကောင်အထည် ဖေါ်ရပါ မည်။

မေး။ ။ ရွေးကောက်ပွဲ မတိုင်မီနဲ့ ရွေးကောက်ပွဲကာလအတွင်း စစ်ကော်မရှင်က အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေ ကျူးလွန်ရင် ဒါမှမဟုတ် ရွေးကောက်ပွဲ မဲမသမာမှုတွေ ဖြစ်ပေါ်လာရင် ဘယ်လို ရပ်တည်ဆောင်ရွက်သွားမလဲ?

ဖြေ။ ။ ဒါကမိုးမပြို၊ ပြိုခဲ့သော် ဆိုသလိုမျိုးဆိုတော့ မီးစင်ကြည့်ကရုံပေါ့။

မေး။ ။ ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော်ထဲရောက်သွားခဲ့ရင် စစ်ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်ပြီး ချင်းပြည်သူတွေအတွက် ရဲရဲဝံ့ဝံ့ ရပ်တည်ပေးနိုင်မလား။ ဒါမှမဟုတ် စစ်ကော်မရှင်ရဲ့ အစီအစဉ်အတိုင်း ဆောင်ရွက်ပေးမယ့် မျက်နှာဖုံးစွပ် ရုပ်သေးရုပ်ပမာပဲ ဖြစ်နေမလား?

ဖြေ။ ။ ရွေးကောက်ပွဲ ပြီးဆုံးသွားရင် စစ်ကောင်စီရှိတော့မှာမှမဟုတ်တာ။ ကျွန်တော့သမိုင်းမှန်ကိုကြည့်၊ ချင်းပြည်သူအပေါ် ကျွန်တော့်ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်။ အစဉ်တည်မြဲနေမည်သာ ဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.