Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းမှာ စစ်ကောင်စီ စစ်သားစုဆောင်းရာတွင် ပါဝင်ဆောင်ရွက်နေသူများကို အရေးယူမည်ဟု ချင်းပြည်အစိုးရအဖွဲ့ ကြေညာ

ချင်းမှာ စစ်ကောင်စီ စစ်သားစုဆောင်းရာတွင် ပါဝင်ဆောင်ရွက်နေသူများကို အရေးယူမည်ဟု ချင်းပြည်အစိုးရအဖွဲ့ ကြေညာ

0
By Editor on March 25, 2024 Headline

(006SV)

ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရဥပဒေဖြင့် စစ်သားစုဆောင်းရာတွင် ပါဝင်ဆောင်ရွက်နေသူများကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်အစိုးရအဖွဲ့က ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရာတွင် ပါဝင်ဆောင်ရွက်နေသည့် အုပ်ချုပ်ရေးမှူးများနှင့် လူပုဂ္ဂိုလ်များကို အရေးယူဆောင်ရွက်တော့မည်ဖြစ်ကြောင်း မတ်လ ၂၅ ရက်မှာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီက ၎င်းတို့ စစ်အုပ်စု၏ အာဏာနှင့် အကျိုးစီးပွားကို ကာကွယ်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို လက်နက်သဖွယ်အသုံးချပြီး ပြည်သူလူထု၏ အသက်အိုးအိမ်လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်သည့်အတွက် ချင်းပြည်အစိုးရက ကွန့်ကွက်ရှုံ့ချကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီ၏ ချင်းပြည်အတွင်း စစ်မှုမထမ်းမနေရဥပဒေကို အတင်းအကြပ်စတင် အကောင်အထည်ဖော် ဆောင်ရွက်နေမှုကိုလည်း ကန့်ကွက်ရှုံချသည်ဟု ဆိုသည်။

စစ်ကောင်စီသည် ချင်းပြည်နယ်၏ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ မတူပီ၊ မင်းတပ်မြို့များအပါအဝင် နိုင်ငံတဝန်းမြို့နယ်ပေါင်း ၁၇၂ မြို့နယ်တွင် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရန် စာရင်းကောက်ယူခြင်း၊ မဲနှိုက်ရွေးချယ်ခြင်း၊ စစ်မှုထမ်း အသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်ခြင်းများကို လုပ်ဆောင်နေသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်က ကြေညာပြီးနောက် စစ်ကောင်စီက အရွယ်ရောက်သူများကို စစ်မှုထမ်းခိုင်းရန် မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်နေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.