Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းလဲန်းအစိုးရ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်များကို ယခုအပတ်ထဲ အပြီးသတ် ရွေးချယ်မည်

ချင်းလဲန်းအစိုးရ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်များကို ယခုအပတ်ထဲ အပြီးသတ် ရွေးချယ်မည်

0
By Editor on January 23, 2024 Headline

(006SV)

ချင်းပြည်နယ်တွင် ချင်းတော်လှန်ရေးအင်အားစုများကိုယ်တိုင် ဖွဲ့စည်းသည့် ချင်းလဲန်းအစိုးရ၏ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ တရားသူကြီးချုပ်နှင့် တရားရေးအဖွဲ့ဝင်များကို ယခုတစ်ပတ်ထဲ အပြီးသတ်ရွေးချယ်သွားမည်ဖြစ်ကြောင်း ချင်းလဲန်းကောင်စီက ယနေ့မှာသတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၂- ၂၃ ရက်တွင် ချင်းပြည်နယ်၊ CNF ဌာနချုပ်၊ ချင်းလုံမြို့တွင် ရွေးချယ်တင်မြှောက်ရေးကော်မတီ၏ ဒုတိယ အကြိမ်အစည်းအဝေးကို ကျင်းပခဲ့သည်ဟု သိရသည်။

ယင်းအစည်းအဝေးတွင် ချင်းလဲန်းအစိုးရအဖွဲ့ (Government of Chinland) ၏ ဝန်ကြီးချုပ်၊ ဝန်ကြီး၊ ရှေ့နေချုပ်၊ စစ်ရင်းစစ်ချုပ် ရာထူးများ၊ Supreme Court of Chinland ၏ တရားသူကြီးချုပ်၊ တရားသူကြီး ရာထူးနေရာများကို အစုအဖွဲ့အသီးသီးမှ ပေးပို့သည့် အဆိုပြုစာရင်းများမှ ညှိနှိုင်းရွေးချယ်ခြင်းကို ဆောက်ရွက်လျက်ရှိသည်ဟု သိရသည်။

ယင်းတို့ကို ယခုသီတင်းပတ်အတွင်း ညှိနှိုင်းရွေးချယ်ခြင်းကို အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းလဲန်းကောင်စီက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၆ ရက်ကလည်း ချင်းလဲန်းကောင်စီ၏ ဦးဆောင်မှုဖြင့် ချင်းအမျိုးသားတပ်မတော် CNF/CNA နှင့် ဒေသန္တရ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူများသည် ချင်းလဲန်းအစိုးရအဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာန ဖွဲ့စည်းရေးနှင့် ပတ်သက်၍ လုပ်ငန်းတာဝန်များ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနဖွဲ့စည်းရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုအကြောင်း ချင်းလဲန်းကောင်စီမှ တွဲဖက်အတွင်းရေးမှူး – ၁ ဆလိုင်းထက်နီကို မေးမြန်းရာတွင် အသေးစိတ်မည်သည့်အချက်မှ မဆွေးနွေးရသေးသောကြောင့် လတ်တလောတွင် မှတ်ချက်ပြုစရာမရှိကြောင်း ခိုနူမ်းသုန်သတင်းဌာနကို ပြောသည်။

ရွေးချယ်တင်မြှောက်ရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ၂၀၂၃ ဒီဇင်ဘာလ ၁၂ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး Government of Chinland နှင့် Supreme Court of Chinland ဖွဲ့စည်းနိုင်ရေး အစုအဖွဲ့အသီးသီးမှ ပေးပို့သည် အဆိုပြုအမည်စာရင်းများကို လက်ခံကာ စိစစ်လျက်ရှိသည်ဟု သိရသည်။

ချင်းလဲန်းကောင်စီတွင် CNF/CNA ၊ ချင်းကာကွယ်ရေးအဖွဲ့ (CDF) ၁၄ ဖွဲ့နှင့် ချင်းလွှတ်တော်ကိုယ်စားလှယ်တချို့တို့ ပါဝင်သည်ဟု သိရသည်။

ချင်းလဲန်းကောင်စီတွင် မပါဝင်သည့် ချင်းတော်လှန်ရေးအင်အားစုများလည်း ရှိနေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆလိုင်းတင်မောင်ဦး စိတ်ဓါတ်ဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆက်တိုက်ပွဲဝင်မည်ဟု ချင်းကျောင်းသားသမဂ္ဂ ကြေညာ

တိုက်ပွဲဖြစ်ပွားနေသော ချင်းတောင်ပိုင်းကို Y-12 နှင့် ဂျက်ဖိုက်တာများဖြင့် ယနေ့ ထပ်မံဗုံးကြဲ

အာသံပြည်နယ်၊ မာသီယာစခန်းတွင် ထိမ်းသိန်းခံနေရသော မြန်မာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.