• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ခ်င္း၀ါရင့္ႏုိင္ငံေရးသမား ပူးက်င့္ရွင္းထန္ လာမည့္ေရြးေကာက္ပြဲ၀င္ေရာက္ယွဥ္ၿပိဳင္မည္မဟုတ္

ခ်င္း၀ါရင့္ႏုိင္ငံေရးသမား ပူးက်င့္ရွင္းထန္ လာမည့္ေရြးေကာက္ပြဲ၀င္ေရာက္ယွဥ္ၿပိဳင္မည္မဟုတ္

0
By Editor on July 14, 2020 Headline

#Unicode

By လားနွန် – ချင်းဝါရင့် နိုင်ငံရေးသမားတစ်ဦးလည်းဖြစ် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ပါတီ ဥက္ကဌ ပူးကျင့်ရှင်းထန်သည် လာမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ZCD ပါတီအတွင်းရေးမှူး ပူးဂင်ကမ်းလျန်ကပြောသည်။

“သူကအသက်လည်းကြီးနေပြီလေ အသက်က (၈၀) ကျော်ပြီ အသက်ရွယ်ကြောင့်ပါအဓိကတော့ သူကိုတိုင်ဝင်ပြီးတော့ အရွေးမခံချင်တော့လို့ပါ ” ဟု ZCD အတွင်းရေးမှူး ပူးဂင်ကမ်းလျန်ကပြောသည်။

အသက် (၈၂) နှစ်အရွယ်ရှိပြီဖြစ်သည့် ပူးကျင့်ရှင်းထန်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် တီးတိန်မြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသူဖြစ်သည်။

ပူးကျင့်ရှင်းထန်သည် ၁၉၉၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်လည်း Zomi National Congress (ZNC) ပါတီအနေဖြင့် တီးတိန်မြို့နယ်မဲဆန္ဒနယ်မှ ရွေးချယ်ခံခဲ့ရသူဖြစ်သည်။

သို့သော်လည်း ZNC ပါတီသည် ယခင်စစ်အစိုးရလက်ထက် ၁၉၉၂ ခုနှစ်တွင် ဖျက်သိမ်းခံခဲ့ရပြီး သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြန်လည်မှတ်ပုံတင်ရာတွင် ZNC အမည်နှင့် လက်မခံတော့သည့်အတွက် ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် ZCD အနေဖြင့် ပြန်လည်မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် Zomi Congress For Democracy (ZCD) ပါတီအနေဖြင့် ချင်းပြည်နယ်၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကာ (၆) နေရာ အနိုင်ရခဲ့ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့တွင်လည်း ဝန်ကြီး (၁) နေရာ ရရှိခဲ့သည်။

ယခုလာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ZCD ပါတီအနေဖြင့် ချင်းပြည်နယ် တီးတိန်၊ တွန်းဇံမြို့နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး တမူးနှင့် ကလေးမြို့နယ်အပါအဝင် စုစုပေါင်း မဲဆန္ဒနယ်မြေ (၁၁) နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ZCD ပါတီအတွင်းရေးမှူး ပူးဂင်ကမ်းလျန်ထံမှသိရသည်။

#Zawgyi

By လားႏြန္ – ခ်င္းဝါရင့္ နိုင္ငံေရးသမားတစ္ဦးလည္းျဖစ္ ဇိုမီးဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (ZCD) ပါတီ ဥကၠဌ ပူးက်င့္ရွင္းထန္သည္ လာမည့္နိုဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပျပဳလုပ္မည့္ ၂၀၂၀ ခုႏွစ္ အေထြေထြေရြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ေတာ့မည္မဟုတ္ေၾကာင္း ZCD ပါတီအတြင္းေရးမႉး ပူးဂင္ကမ္းလ်န္ကေျပာသည္။

“သူကအသက္လည္းႀကီးေနၿပီေလ အသက္က (၈၀) ေက်ာ္ၿပီ အသက္ရြယ္ေၾကာင့္ပါအဓိကေတာ့ သူကိုတိုင္ဝင္ၿပီးေတာ့ အေရြးမခံခ်င္ေတာ့လို႔ပါ ” ဟု ZCD အတြင္းေရးမႉး ပူးဂင္ကမ္းလ်န္ကေျပာသည္။

အသက္ (၈၂) ႏွစ္အရြယ္ရွိၿပီျဖစ္သည့္ ပူးက်င့္ရွင္းထန္သည္ ၂၀၁၅ ေရြးေကာက္ပြဲတြင္ တီးတိန္ၿမိဳ႕ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေရြးခ်ယ္ခံထားရသူျဖစ္သည္။

ပူးက်င့္ရွင္းထန္သည္ ၁၉၉၀ ခုႏွစ္အေထြေထြေရြးေကာက္ပြဲတြင္လည္း Zomi National Congress (ZNC) ပါတီအေနျဖင့္ တီးတိန္ၿမိဳ႕နယ္မဲဆႏၵနယ္မွ ေရြးခ်ယ္ခံခဲ့ရသူျဖစ္သည္။

သို႔ေသာ္လည္း ZNC ပါတီသည္ ယခင္စစ္အစိုးရလက္ထက္ ၁၉၉၂ ခုႏွစ္တြင္ ဖ်က္သိမ္းခံခဲ့ရၿပီး သမၼတဦးသိန္းစိန္ အစိုးရလက္ထက္တြင္ ျပန္လည္မွတ္ပုံတင္ရာတြင္ ZNC အမည္ႏွင့္ လက္မခံေတာ့သည့္အတြက္ ဇိုမီးဒီမိုကေရစီအဖြဲ႕ခ်ဴပ္ ZCD အေနျဖင့္ ျပန္လည္မွတ္ပုံတင္ခဲ့ျခင္းျဖစ္သည္။

၂၀၁၅ ခုႏွစ္ အေထြေထြေရြးေကာက္ပြဲတြင္ Zomi Congress For Democracy (ZCD) ပါတီအေနျဖင့္ ခ်င္းျပည္နယ္၊ တီးတိန္ႏွင့္ တြန္းဇံၿမိဳ႕နယ္တို႔တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ကာ (၆) ေနရာ အနိုင္ရခဲ့ၿပီး ခ်င္းျပည္နယ္အစိုးရအဖြဲ႕တြင္လည္း ဝန္ႀကီး (၁) ေနရာ ရရွိခဲ့သည္။

ယခုလာမည့္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ ZCD ပါတီအေနျဖင့္ ခ်င္းျပည္နယ္ တီးတိန္၊ တြန္းဇံၿမိဳ႕နယ္ ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီး တမူးႏွင့္ ကေလးၿမိဳ႕နယ္အပါအဝင္ စုစုေပါင္း မဲဆႏၵနယ္ေၿမ (၁၁) ေနရာ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ဟု ZCD ပါတီအတြင္းေရးမႉး ပူးဂင္ကမ္းလ်န္ထံမွသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.