• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ချင်းအမျိုးသားတစ်ရပ်လုံး စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ကြရန် CNF တောင်းဆို

ချင်းအမျိုးသားတစ်ရပ်လုံး စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ကြရန် CNF တောင်းဆို

0
By Editor on February 16, 2023 Headline

ပြည်တွင်း/ပြည်ပရှိ ချင်းအမျိုးသားတစ်ရပ်လုံးအနေဖြင့် ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားတပ်မတော်နှင့်အတူ အာဏာရှင် ဆန့်ကျင်တော်လှန်ရေးတွင် မိမိတတ်ကျွမ်းရာကဏ္ဍအသီးသီးမှ တတပ်တအားပူးပေါင်းပါဝင်ကြရန် ချင်းအမျိုးသားတပ်ဦး CNF က တောင်းဆိုလိုက်သည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် ၇၅ နှစ်မြောက်စိန်ရတု ချင်းအမျိုးသားနေ့နှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦးက ယနေ့တွင်ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ ထိုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ချင်းအမျိုးသားတပ်ဦးအနေဖြင့် လက်ရှိဆင်နွဲနေသော တော်လှန်ရေးစစ်ပွဲကို အမျိုးသားလွတ်မြောက်ရေးအောင်ပွဲအဖြစ်ခံယူလျက် နိုင်ငံရေး ဦးတည်ချက်၊ ယုံကြည်ချက်တူညီသော ညီနောင်လက်နက်ကိုင်မဟာမိတ်များ၊ NUG၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ချင်းပြည်ထောင်တည်ဆောက်ရေးကိုလည်း Stakeholders များနှင့်အတူ ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ယင်းကြေညာချက်တွင် ဖော်ပြသည်။

နွေဦးတော်လှန်ရေးတွင် သွေးမြေကျခဲ့ရသော အာဇာနည်များ၊ ဒဏ်ရာရ ရဲဘော်ရဲဘက်များအားလုံးအပေါ် လေးစားဂါရဝပြုကြောင်းနှင့် လူမှုဒုက္ခပေါင်းစုံ ရင်ဆိုင်ကြုံတွေ့နေရသော ပြည်သူအားလုံးအပေါ် လေးစားစာနာကြောင်း အလေးအနက်ဖော်ပြလိုသည်ဟု CNF က ဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက် ချင်းအမျိုးသားနေ့သည် နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးအပါအဝင် မျိုးနွယ်စုအကြီးအကဲများ၏ မိမိနယ်မြေအလိုက်မိရိုးဖလာကျင့်သုံးလာခဲ့သည့် အမွေဆက်ခံအုပ်ချုပ်ရေး စနစ်ဟောင်းမှ ချင်းလဲန်တစ်ခုလုံးကို စုစည်း၍ အမျိုးသားကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသည့် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သစ်ဖြင့် ကျင့်သုံးအုပ်ချုပ်ရန် ဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့သည့် သမိုင်းဝင်နေ့ထူးနေမြတ်ဖြစ်သည်နှင့်အညီ အနှစ်သာရရှိရှိ ကျင်းပနိုင်ကြပါစေကြောင်း မေတ္တာပို့သအပ်ပါသည်ဟု ချင်းအမျိုးသားတပ်ဦးက ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNLD က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည်မဟုတ်

မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ကို CDF-Matupi က ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံး

ကလေးမြို့ တွင် လေယာဉ်လက်မှတ်ဈေးနှုန်းအဆမတန် မြှင့်တက်နေမူကြောင့် ခရီးသွားပြည်သူများ အခက်အခဲ ကြုံတွေ့နေရ

Leave A Reply Cancel Reply

  • Featured Article
March 22, 2023

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

March 21, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

March 20, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းအကြောင်း – (အပိုင်း ၁)

March 19, 2023

ချင်းအမျိုးသားရေး ပြန်လည်စည်းလုံးရေး လှုပ်ရှားမှုများသမိုင်း (အပိုင်း ၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.