Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်း-မကွေးနယ်စပ်ဖက်တိုက်ပွဲ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

ချင်း-မကွေးနယ်စပ်ဖက်တိုက်ပွဲ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

0
By Editor on April 27, 2023 Headline

မကွေးတိုင်း ကျောက်ထုဖက်မှ ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီဖက်က ၇ ဦးသေဆုံးခဲ့သည်ဟု CDF-Mindat က ယမန်နေ့က သတင်းထုတ်ပြန်သည်။

ကျောက်ထုမြို့နယ်မှ မင်းတပ်မြို့နယ်စပ်ဘက် ရေရှင်ဖက်ကို ဦးတည်ကာ စစ်ကြောင်းထိုးလာသော အင်အား အယောက် ၈၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို Chinland Defense Force-Mindat ၊ Chinland Defense Force-Kanpetlet နှင့် ယော The Youth Force စသည့် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ဧပြီ ၂၃ ရက်နေ့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိနစ် ၃၀ ခန့်အကြာ ပြင်းထန်စွာဖြစ်ပွားသော အဆိုပါတိုက်ပွဲတွင် စစ်ကောင်းစီဖက်မှ တပ်သား ၇ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရသည့်အပြင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး ၆၀ မမ ဗုံးသီးတစ်လုံး၊ ၄၀ မမ တစ်လုံးတို့အပါင်ဝင် MA1 ကျည်ပေါက် နှစ်ခုနှင့် နာဂါပို့ကျည် လေးခု သိမ်းဆည်းခဲ့ရမိခဲ့သည်ဟု CDF-Mindat က ဆိုသည်။

ယင်းတိုက်ပွဲတွင် CDF-Mindat အဖွဲ့မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

ကျောက်ထုမြို့မှ တက်လာသော စစ်ကောင်စီတပ်ဖွဲ့များသည် မင်းတပ်မြို့အကျော် ၄ မိုင်ခန့်အကွာရှိ ကန်ပက်လက်လမ်းခွဲတွင် CDF-Mindat အဖွဲ့နဲ့ ဧပြီ ၂၄ ရက်နေ့ ညနေပိုင်းနှင့် ယနေ့ ဧပြီ ၂၆ ရက်နေ့ မနက် ၇ နာရီအချိန်တွင် ထပ်မံ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း CDF-Mindat က ဆိုသည်။

ဧပြီ ၂၂ ရက်နေ့ကလည်း မင်းတပ်မြို့ရှိ ခလရ (၂၇၄) တပ်ရင်းမှ မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၃ ဖက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အနီးတစ်ဝိုက် ရွာရှိ ပြည်သူနေအိမ် ၃ လုံး ထိခိုက်ပျက်ဆီးခဲ့ကြောင်း CDF-Mindat က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းတိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှ ၄၀ ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်းများ ဖမ်းမိဟု CB ထုတ်ပြန်

စစ်ရေးအချက်အချာ ကျသည့် ကနေဒီတောင်စခန်းကို စစ်ကော်မရှင်တပ် ပြန်ထိန်းချုပ်

အကျဉ်းသား ၁၀၀ ကျော်အပါအဝင် လူနာပေါင်း ၂၇၀ ကျော်ကို တစ်လအတွင်း ဆေးဝါးကုသပေးနိုင်ခဲ့ဟု CDF-Asho ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.