Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချွန်ကျုံးရွာ လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ရှုတ်ချကြောင်း ချင်းပြည် (Chinland) အစိုးရထုတ်ပြန်

ချွန်ကျုံးရွာ လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ရှုတ်ချကြောင်း ချင်းပြည် (Chinland) အစိုးရထုတ်ပြန်

0
By Editor on December 11, 2024 Headline

(002MG)

ချင်းပြည်နယ်၊ ဟားခါးမြို့အနီး ချွန်ကျုံးကျေးရွာက ပြည်သူများနှင့် နေအိမ်များကို စစ်ကောင်စီက လေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေမှုကို ချင်းပြည် (Chinland) အစိုးရအဖွဲ့က ပြင်းထန်စွာရှုတ်ချသည်။

ဒီဇင်ဘာလ ၁၀ ရက် မနက်ပိုင်း ၂ နာရီခန့်က စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မူကြောင့် ချွန်ကျုံးကျေးရွာက ကလေးသူ ငယ်အပါအဝင် မိသားစုတစ်စုမှ (၄) ဦးအသက်သေဆုံးခဲ့ရပြီး ပြင်းထန်ဒဏ်ရာရရှိသူ ပြည်သူ (၆) ဦးနှင့် (၁၀) ဦးထက်မ နည်းထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ပြည်သူနေအိမ် (၁၅) လုံးပျက်စီးခဲ့ကြောင်း ချင်းပြည်(Chinland) အစိုးရက ယမန်နေ့ညက ထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်မူကြောင့် ချွန်ကျုံးကျေးရွာရှိ အပြစ်မဲ့ပြည်သူများသေဆုံးမှု၊ ဒဏ်ရာရရှိမှုများ နှင့် နေအိမ်ပျက်စီး ဆုံးရှုံးမူအပေါ် ချင်းပြည်အစိုးရသည် လွန်စွာဝမ်းနည်းကြောင်း၊ လိုအပ်သည့် ဆေးဝါးအကူအညီနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပေးအပ်ဆောင်ရွက်သွားမည်ဟုဆိုသည်။

စစ်ကောင်စီသည် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ပြီး ချင်းပြည်ရှိ အပြစ်မဲ့ပြည်သူများ၏ အ သက်အိုးအိမ်စည်း စိမ်အား နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်သည့်အပြင် လူမျိုးသုန်းသတ် ဖြတ်မူများ အစဉ်မပြတ် ရက်စက်စွာကျူးလွန်နေ သည်ဟု ချင်းပြည်အစိုးရကပြောသည်။

ထို့ကြောင့် ချင်းပြည်သူလူထုအပေါ် စဉ်ဆက်မပြတ် ရက်စက်ကျူးလွန်သော စစ်ရာဇဝတ်မှုများကို နိုင်ငံတကာ အဖွဲ့အစည်းများမှ အမြန်ဆုံးအရေးယူ ဆောင်ရွက် နိုင်ရေးအား ချင်းပြည်အစိုးရသည် စဉ်ဆက်မပြတ် ဖိအားပေး ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

ချွန်ကျုံးရွာ ဗုံးကြဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး CDF-Hakha ကလည်း စစ်ရာဇဝတ်ကျူးလွန်သော စစ်ကောင်စီ၏ လုပ်ရပ်ကို လုံးဝလက်မခံဘဲ ပြင်းထန်စွာရှုတ်ချသည်ဟု ယမန်နေ့က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

ကလေးမြို့မှာ စစ်မှုထမ်းရန် လူငယ်များဖမ်းဆီးမှု ဆက်လက်ရှိနေ

ဟားခါးမြို့နယ် လေကြောင်းဗုံးကြဲခံရမှုတွင် ပြင်းထန်ဒဏ်ရာရရှိသည့် ဖခင်ဖြစ်သူပါ ထပ်မံသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.