• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ငဖဲမြို့နယ်တွင် PDF သင်တန်းဆင်း လူငယ် ၉ ဦး အလင်းဝင်ရောက်ဆိုတဲ့ သတင်းအမှား

ငဖဲမြို့နယ်တွင် PDF သင်တန်းဆင်း လူငယ် ၉ ဦး အလင်းဝင်ရောက်ဆိုတဲ့ သတင်းအမှား

0
By Editor on June 16, 2022 Khonumthung

ဒီသတင်းအမှားကို Myaylat Time ဆိုတဲ့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတစ်ခုက “အခမ်းအနားတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပဒါန်းတပ်နယ် အမှတ် (၉၀၅) အမြှောက်တပ်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးချုပ်မျိုးသန့် က ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသည့်လူငယ်များအား ရပ်ရွာတည်ငြိမ်အေး ချမ်းသာယာရေးကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်သွားကြရန်နှင့် လွတ်လပ်စွာနေထိုင်သွားလာလုပ်ကိုင် ဆောင်ရွက်ကြရန်ဆုံးမ ဩဝါဒစကား ပြောကြားပြီး မကွေးတိုင်းဒေသကြီးအစိုး ရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းက အမှားအမှန်ခွဲခြားပြီး အလင်းဝင်ရောက်လာသူလူငယ် (၉) ဦးအား လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ မိမိတို့၏အသက် မွေးဝမ်းကြောင်းဆိုင်ရာကိစ္စရပ်များကို လေ့လာလိုက်စားရန်နှင့် တည်ငြိမ် အေးချမ်းရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်ဆွေးနွေးပြောကြားသည်။” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဆက်လက်ပြီး “ငဖဲမြို့နယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးစိန်သောင်းက နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ရပ်ရွာအေးချမ်းသာယာရေးဆိုင်ရာ ဆောင်ရွက်နေမှုများအားဆွေးနွေးပြီး လူငယ်များအနေဖြင့် မိမိဘဝဖွံ့ဖြိုးတိုးတက်ရေးကြိုးစားဆောင်ရွက်ကြရန် ဆုံးမဩဝါဒစကားပြောကြားပြီး ပြစ်မှု ကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်း ဝင်ရောက်လာသည့် အမျိုးသား (၉) ဦး တို့အား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ တာဝန်ရှိသူများရှေ့မှောက်တွင်လက်မှတ်ရေးထိုး လွှဲပြောင်းပေးအပ် ခြင်းကိုဆောင်ရွက်ကြသည်။” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

Myaylat Time စစ်ကောင်စီဝါဒဖြန့် မီဒီယာကနေ ဖော်ပြထားသလို ငဖဲမြို့နယ်ထဲက အလင်းဝင်လာတဲ့ PDF ၉ ဦးကို အပြစ်မရှိလို့ ကြိုဆို လက်ခံတယ်လို့ ရေးသားဖော်ပြချက်ဟာ လိမ်ညာမှုတစ်ခုသာဖြစ်ပြီး တကယ်က သာမန်အရပ်သားတွေကို ဖမ်းဆီးပြီး PDF နဲ့ ပုံမှားရိုက်တာလို့ ဒေသခံတစ်ဦးက Burma VJ မီဒီယာတစ်ခုကို ပြောကြားထားပါတယ်။

“သူတို့ ၉ ယောက်ထဲက တစ်ချို့ကို ကျွန်တော်တို့သိပါတယ်။ တကယ်က သူတို့က PDF မဟုတ်ဘူး၊ စစ်တပ်က အာဏာသိမ်းခါစမှာ ဆန္ဒပြပွဲတွေမှာ ပါဝင်တယ်။ နောက် စစ်ကောင်စီက ဖမ်းတာဆီးတာတွေ လုပ်လာတော့ တခြားမြို့ရွာတွေမှာ ရှောင်တာပေါ့ဗျာ။ နောက်တော့ ၂၀၂၁ ၊ ၉ လပိုင်း ၁၀ လပိုင်းလောက်မှာ စစ်ကောင်စီဆီမှာ ခံဝန်ကတိနဲ့ လက်မှတ်ထိုးပြီး အိမ်ပြန်နေတာပါ။ အဲဒီထဲကတစ်ယောက်က ၂၀၂၁ထဲ မင်္ဂလာဆောင်သွားသေးတယ်။ အဲဒါသူတို့ကို အခုလာဖမ်းပြီး PDF အလင်းဝင်လာသယောင်ဝါဒဖြန့်တာပေါ့ဗျာ”

PDF အလင်းဝင်ရောက်မှုနဲ့ပတ်သက်ပြီး PRA- Magway က တာဝန်ရှိသူက “ကျွန်တော်တို့ လှုပ်ရှားနေတဲ့ မဟာမိတ်တပ်ဖွဲ့တွေလုံးဝပါဝင်ခြင်းမရှိပါဘူး။ သူတို့ စိတ်လည်သွားတာမရှိပါဘူး။ ဘာလို့လဲဆိုတော့စစ်ကောင်စီကို အထောက် အပံ့ပေးနေတဲ့ မီဒီယာတွေက ပြောချင်ရာလျောက်ပြောနေတာပါ။ ကျွန်တော်တို့မြို့နယ်မှာရှိတဲ့ မြို့နယ်သူ၊ မြို့နယ်သားတွေအကုန်လုံး သူတို့ဖော်ပြတဲ့ ၉ ဦးက ဘယ်လိုလူမျိုးတွေဆိုတာကို ကောင်းကောင်း သိပါတယ်။ အဲဒီတွက် လူထုရဲ့ထောက်ခံမှု ကျဆင်းမှာတို့၊ တော်လှန်ရေးအုပ်စုထဲမှဦ သွေးကွဲမှာကို စိုးရိမ်ပူပန်ခြင်းရှိမနေပါဘူးခင်ဗျ” လို့ပြောပါတယ်။

ပြည်သူများအနေနဲ့သတင်းတု၊ သတင်းမှားများကို သတိထားဖတ်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.