(002MG)
စစ်ကိုင်တိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့ကို ပြန်လည်ရရှိရန် စစ်ကောင်စီက လေကြောင်းဖြင့်တိုက်ခိုက်နေပြီး ယနေ့ ဒီဇင်ဘာလ ၁၃ ရက် ၂ နာရီတွင်လည်း ထပ်မံဗုံကြဲခဲ့သည်ဟု ဒေသခံများထံမှသိရသည်။
ခမ်းပတ်မြို့ခံတစ်ဦးက “၂ နာရီတုန်းက ဂျက်ဖိုက်တာနဲ့ ဗုံးတစ်တခါကြဲတာ၊ ၅ မိနစ်ကြာမှာလည်း နောက်တခါ ထပ်ကြဲတယ်။ အမှတ် ၁ ရပ်ကွက်ထဲကို ကြဲတာ” ဟု ပြောသည်။
စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသည့်အခြေအနေကို မူ မသိရှိရပေ။
ယမန်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့က လေကြောင်အသုံးပြုပြီး ဗုံး (၄) ကြိမ် ကြဲခဲ့သည့်အပြင် မြေပြင်တွင်လည်း ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ခမ်းပတ်မြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်လာသောကြောင့် လက်ရှိတွင် မြို့ခံပြည်သူအားလုံးနီးပါး စစ်ဘေးတိမ်းရှောင်နေကြရဆဲ ဖြစ်သည်။