• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီက ထပ်ဆင့်ပေါက်ကွဲဗုံးလက်နက်များအသုံးပြုဟု အစီရင်ခံစာတစ်စောင်ကဆို

စစ်ကောင်စီက ထပ်ဆင့်ပေါက်ကွဲဗုံးလက်နက်များအသုံးပြုဟု အစီရင်ခံစာတစ်စောင်ကဆို

0
By Editor on September 2, 2023 Headline

(006SV)

အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီသည် ချင်းအပါအဝင် နိုင်ငံအနှံ့အပြားတွင် ပြည်တွင်းထုတ် ထပ်ဆင့်ပေါက် ကွဲဗုံးများ cluster (ပဒေသာဗုံးများ) ပြန်လည်အသုံးပြုနေကြောင်း Cluster Munition Coalition (CMC) က ထုတ်ပြန်သည်။ 

ပြီးခဲ့သည့် ၁၃ လအတွင်း ချင်း၊ ကရင်နီ၊ ကရင်နှင့် ရှမ်းပြည်နယ်တို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက် မှုများတွင် ထပ်ဆင့်ပေါက်ကွဲဗုံး (ပဒေသာဗုံး) များကို အသုံးပြုခဲ့ပြီး ၂၀၂၃ ဇွန်လဆန်းပိုင်းအထိ နောက်ဆုံးအသုံးပြုထား မှုကို ထပ်ဆင့် ပေါက်ကွဲလက်နက်များ စောင့်ကြည့်လေ့လာရေးအဖွဲ့ (Cluster Munition Monitor) က တွေ့ရှိခဲ့သည်ဟု သိရသည်။ 

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၁၀ နှစ်က ထပ်ဆင့်ပေါက်ကွဲလက်နက်ကြားခံပစ္စည်း မှတ်တမ်းများကို တွေ့ရသော်လည်း ယခုကဲ့သို့ ထုတ်လုပ်ခြင်းနှင့် အသုံးပြုခြင်းကို မတွေ့ရှိခဲ့ရဟု အစီရင်ခံစာမှာ ဖော်ပြထားသည်။ 

သို့သော် ၂၀၂၁ မှစတင်၍ ၂၀၂၃ ဇွန်လဆန်းအထိ နိုင်ငံနေရာအနှံအပြားတွင် ပြည်တွင်းထုတ် ထပ်ဆင့်ပေါက်ကွဲဗုံးများကို အသုံးပြုနေကြာင်း အထင်အရှား တွေ့ရှိလာရသည်ဟု သက်သေများနှင့်တကွ အစီရင်ခံစာက ဆိုသည်။ 

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ဧပြီလက ထပ်ဆင့်ပေါက်ကွဲဗုံးအသုံးပြုတိုက်ခိုက်မှု ထပ်မံဖြစ်ပွားရာ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုရှိခဲ့သည်ဟုဆိုသည်။ ၂၀၂၂ ဇူလိုင်တွင်လည်း မင်းတပ်မြို့မှာ အရပ်သားပြည်သူ ၁၃ ဦးကို ထိခိုက် စေသော လေကြောင်းတိုက်ခိုက်မှုတွင် ထပ်ဆင့်ပေါက်ကွဲဗုံးအပိုင်းအစများ တွေ့ရသည်ဟု CMC က ထုတ်ပြန်သည်။ 

မင်းတပ်မြို့မှာ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများကို အရေးယူနိုင်ရေး စနစ်တကျပြုစုထားသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်းက ပြောသည်။ 

“ဗုံးပဒေတာနဲ့ တိုက်ခိုက်မှုကို ဒီလိုမှတ်တမ်းတင်ထားတာကို ကျေးဇူးတင်တယ်။ တချိန်ချိန်မှာ ဒီဟာတွေကနေ ဒေတာတွေနဲ့ စစ်အာဏာရှင်တစ်စုကို အရေးယူနိုင်မှာပေါ့နော်။ ဒီထက်မကတဲ့ ဒေတာတွေလည်း စစ်ရာဇဝတ်မှု ကျူးလွန်တာတွေကို ကျနော်တို့ဆီမှာရှိပါတယ်။ ကျနော်တို့မှာလည်း နိုင်ငံတကာကို ချပြဖို့ စနစ်တကျ ပြုစုထားတဲ့ ဒေတာတွေရှိတယ်” ဟု သူက ပြောသည်။ 

ထပ်ဆင့်ပေါက်ကွဲဗုံးများဖြင့် တိုက်ခိုက်မှုသည် မကြာသေးမီက နိုင်ငံ၏ အနောက်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့မှာ ပိုမိုပြင်ထန်း လာသော တိုက်ပွဲများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အရပ်သားပြည်သူများ သေဆုံးခြင်း၊ နေအိမ်များ ပျက်စီးခြင်းနှင့် စစ်ဘေးရှောင်ပြေးရခြင်းတို့ကို ထပ်မံဖြစ်ပေါ်စေသည်ဟု သိရသည်။ 

ထပ်ဆင့်ပေါက်ကွဲစေသော ဗုံးကို စစ်ကောင်စီတပ်ပိုင် လက်နက်ထုတ်လုပ်ရေး စက်ရုံများမှ ထုတ်လုပ်ပြီး ကြွင်းကျန်ဗုံးအပိုင်း အစများကို မည်သည့်နေရာတွင် ထုတ်လုပ်တပ်ဆင်သည်ကို မတွေ့ရကြောင်း၊ အစိမ်းရောင်သုတ်ထားသော အချို့ ဗုံးကိုယ်ထည် များတွင် အင်္ဂလိပ်စာနှင့် ထိုင်းဘာသာစာတန်းများပါရှိ၍ ဗုံးကိုယ်ထည်ကို ထိုင်းနိုင်ငံတွင် ထုတ်လုပ်ကြောင်းညွန်ပြနေသည်ဟု CMC က ဆိုသည်။ 

အဆိုပါလက်နက်ပစ္စည်းတွင် ဆင့်ကွဲယမ်းများအဖြစ် ၁၂၀ မီလီမီတာအလျားရှိသော မော်တာကျည်ဆံများပါရှိပြီး တစ်ခုစီတွင် ပလပ်စတစ်ဒလက်တံတစ်ခုဖြင့် စနက်တံကိုချိတ်ထားပြီး၊ ထိမိသည်နှင့် ယမ်းခဲများကိုပေါက်ကွဲစေသည်ဟု CMC က ဆိုသည်။ 

ထပ်ဆင့်ပေါက်ကွဲစေသော ဗုံးသည် အသုံးပြုချိန်တွင် တချို့အစိတ်အပိုင်းများမှာ ထပ်ဆင့်မကွဲဘဲ ကျန်ရှိပြီး မြေမြုပ်ဗုံးကဲ့သို့ နောင်မှ ထပ်မံပေါက်ကွဲ၍ အရပ်သားပြည်သူများကိုလည်း ထိခိုက်စေသည်၊ မြန်မာနိုင်ငံသည် ထပ်ဆင့်ပေါက်ကွဲစေသော ဗုံးအသုံးပြုမှု တားမြစ်ချက် ၂၀၀၈ ခုနှစ် သဘောတူညီကို လက်မှတ်ရေးမထိုးထားကြောင်း သိရသည်။ 

Cluster Munitions Coalition အဖွဲ့သည် ကမ္ဘာတဝန်း နိုင်ငံပေါင်းတရာကျော်မှာ အခြေစိုက်တဲ့ ထပ်ဆင့်ဗုံးပေါက်ကွဲလက်နက်များ စောင့်ကြည့်လေ့လာရေးအဖွဲ့ကြီးတစ်ခုဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ အကျဥ်းထောင်ထဲက နိုင်ငံရေး အကျဥ်းသားများ ဆေးကုသခွင့်မရသည့်အပြင် လူ့အခွင့်ရေး ချိုးဖောက်မှုခံနေကြရ

မင်းတပ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်

ပြည်သူအားလုံး တော်လှန်ရေးမှာ မိမိတတ်နိုင်သည့်ဖက်မှ ပူပေါင်းပါ၀င်ရန် CDF-Hakha Central Council ဖိတ်ခေါ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.